1 ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။ 2 တောလသားကား တောလအဆွေအမျိုး သူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက်ရာရှိသတည်း။ 3 ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။ 4 သူတို့၌ သားမယားများသောကြောင့်၊ အဆွေအမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်းခြောက်ထောင်ရှိကြ၏။ 5 သူတို့ညီအစ်ကို ဣသခါ အဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင်ရှိကြ၏။
6 ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။ 7 ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်းနှစ်ထောင် သုံးဆယ်လေးယောက်ရှိကြ၏။ 8 ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။ 9 သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီးအသီးအလိုက်၊ ခွန်အားကြီးသောသူရဲ နှစ်သောင်းနှစ်ရာ ရှိကြ၏။ 10 ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။ 11 အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူရဲ တစ်သောင်းခုနစ်ထောင်နှစ်ရာ ရှိကြ၏။ 12 ထိုမှတစ်ပါး၊ ရှုပိမ်၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
13 နဿလိသည် ဗိလဟာတွင်မြင်သောသားကား၊ ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
14 မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘ မာခိရတည်း။ 15 မာခိရသည် မာခါအမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့် စုံဖက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည် ရှိ၏။ ဇလောဖတ်၌ သမီးသက်သက်ရှိ၏။ 16 မာခိရမယားမာခါသည် သားကိုဖွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။ 17 ဥလံသားကား ဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏သား ဂိလဒ်အမျိုးအနွယ်တည်း။ 18 သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဖွားမြင်၏။ 19 ရှမိဒသားကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
20 ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊ 21 တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတစ်ပါး၊ ဧဖရိမ်သား ဧဇာနှင့် ဧလဒ်တို့သည် ထိုပြည်၌မွေးဖွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။ 22 အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ်မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့်စေခြင်းငှာ လာကြ၏။ 23 နောက်တစ်ဖန် မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဗေရိယအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။ 24 သမီးရှေရကား အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသောသူဖြစ်၏။ 25 သူ၏သားကား ရေဖ၊ သူ၏သား ရေရှပ်၊ သူ၏သားတေလ၊ သူ၏သား တာဟန်၊ 26 သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏သား ဧလိရှမာ၊ 27 သူ၏သား နုန်၊ သူ၏သား ယောရှုတည်း။ 28 သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလမြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက်ဘက်၌ ဂေဇာမြို့နှင့် ကျေးလက်၊ ရှေခင်မြို့နှင့် ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊ 29 မနာရှေအမျိုးသား နေရာအနားမှာ ဗက်ရှန်မြို့နှင့် ကျေးလက်၊ တာနက်မြို့နှင့် ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့် ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့သည် နေရာကျကြ၏။
30 အာရှာသားကား ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ 31 ဗေရိယသားကား ဟေဗာနှင့် မာလကျေလတည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊ 32 ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမရှုအာတည်း။ 33 ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။ 34 ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။ 35 သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။ 36 ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊ 37 ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတည်း။ 38 ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။ 39 ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။ 40 ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေအမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက် စာရင်းဝင်၍ စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ၏။
1 Quanto aos filhos de Issacar, foram quatro: Tola, Pua, Jasube e Sinrom. 2 Os filhos de Tola: Uzi, Refaías, Jeriel, Jamai, Ibsão e Samuel, cabeças das suas famílias, a saber, de Tola; homens ilustres em valor nas suas gerações. 2Sm 24.1-9O seu número, nos dias de Davi, foi de vinte e dois mil e seiscentos. 3 Os filhos de Uzi: Izraías; e os filhos de Izraías: Micael, Obadias, Joel e Issias, cinco; todos eles homens principais. 4 Com eles, nas suas gerações, segundo as casas de seus pais, havia tropas do exército para a guerra, trinta e seis mil homens; pois tinham muitas mulheres e filhos. 5 Seus irmãos, entre todas as famílias de Issacar, homens ilustres em valor, contados todos pelas suas genealogias, foram oitenta e sete mil.
6 Os 1Cr 8.1-40filhos de Benjamim: Bela, Bequer e Jediael, três. 7 Os filhos de Bela: Ezbom, Uzi, Uziel, Jerimote e Iri, cinco; cabeças das suas famílias, homens ilustres em valor, cujo número segundo as suas genealogias foi de vinte e dois mil e trinta e quatro. 8 Os filhos de Bequer: Zemira, Joás, Eliézer, Elioenai, Onri, Jeremote, Abias, Anatote e Alemete. Todos estes foram filhos de Bequer. 9 O número deles nas suas genealogias, segundo as suas gerações, cabeças das suas famílias, homens ilustres em valor, foi de vinte e dois mil. 10 Os filhos de Jediael: Bilã; e os filhos de Bilã: Jeús, Benjamim, Eúde, Quenaaná, Zetã, Társis e Aisaar. 11 Todos estes filhos de Jediael, segundo os cabeças das suas famílias, homens ilustres em valor, foram dezessete mil e duzentos, que podiam sair no exército para a guerra. 12 Supim também e Hupim, filhos de Ir; … Husim, filhos de Aer.
13 Os filhos de Naftali: Jaziel, Guni, Jezer e Salum, filhos de Bilha.
14 Os filhos de Manassés: Asriel, que teve de sua mulher (de sua concubina aramita teve a Maquir, pai de Gileade; 15 e Maquir tomou dos Hupim e Supim uma mulher, cuja irmã se chamava Maaca); e o nome do segundo foi Zelofeade. Zelofeade teve filhas. 16 Maaca, mulher de Maquir, deu à luz um filho, ao qual ele chamou Perez; este teve um irmão, chamado Seres, e seus filhos foram Ulão e Requém. 17 Os filhos de Ulão: Bedã. Estes foram os filhos de Gileade, filho de Maquir, filho de Manassés. 18 Sua irmã Hamolequete deu à luz Is-Hode, Abiezer, e Malá. 19 Os filhos de Semida foram Aiã, Siquém, Liqui e Anião.
20 Nm 26.35-36Os filhos de Efraim, de quem foi filho Sutela, de quem foi filho Berede, de quem foi filho Taate, de quem foi filho Eleada, de quem foi filho Taate; 21 de quem foi filho Zabade, de quem foi filho Sutela, de quem foram filhos Ezer e Eleade, mortos pelos homens de Gate, que nasceram na terra, porque desceram a roubar o seu gado. 22 Efraim, seu pai, chorou-os muitos dias, e seus irmãos vieram para o consolar. 23 Ajuntou-se com sua mulher, que concebeu e deu à luz um filho, a quem ele chamou Berias, porque as coisas iam mal na sua casa. 24 Sua filha foi Seerá, Js 16.3,5que edificou a alta e a baixa Bete-Horom e Uzém-Seerá. 25 Refa foi seu filho, e Resefe, de quem foi filho Tela, de quem foi filho Taã; 26 de quem foi filho Ladã, de quem foi filho Amiúde, de quem foi filho Elisama; 27 de quem foi filho Num, Êx 17.9-14;24.13de quem foi filho Josué.
28 Js 16.2As suas possessões e as suas habitações foram Betel e suas aldeias; e, ao oriente, Naarã; e, ao ocidente, Gezer com suas aldeias; também Siquém e suas aldeias até Aia e suas aldeias; 29 e, ao lado dos confins dos filhos de Manassés, Bete-Seã e suas aldeias, Taanaque e suas aldeias, Megido e suas aldeias, Dor e suas aldeias. Nesses lugares, habitaram os filhos de José, filho de Israel.
30 Gn 46.17;Nm 26.44-46Os filhos de Aser: Imná, Isvá, Isvi, Berias e Sera, irmã deles. 31 Os filhos de Berias: Héber e Malquiel, que foi o pai de Birzavite. 32 Héber gerou a Jaflete, a Somer, a Hotão e a Suá, irmã deles. 33 Os filhos de Jaflete: Pasaque, Bimal e Asvate. Estes são os filhos de Jaflete. 34 Os filhos de Semer: Aí, Roga, Jeubá e Arã. 35 Os filhos de seu irmão Helém: Zofá, Imná, Seles e Amal. 36 Os filhos de Zofá: Suá, Harnefer, Sual, Beri e Inra; 37 Bezer, Hode, Samá, Silsa, Itrã e Beera. 38 Os filhos de Jéter: Jefoné, Pispa e Ara. 39 Os filhos de Ula: Ara, Haniel e Rizia. 40 Todos estes foram filhos de Aser, cabeças das famílias, homens escolhidos e ilustres em valor, chefes dos príncipes. O número deles, contado pelas genealogias para o serviço na guerra, foi de vinte e seis mil homens.