1 ဒါဝိဒ်မင်းသည် နန်းတော်၌ ငြိမ်ဝပ်စွာနေရသောအခါ၊ ပရောဖက်နာသန်ကိုခေါ်၍ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊ 2 နာသန်က အကြံတော်ရှိသမျှအတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက်၏။ 3 ထိုညတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပရောဖက်နာသန်သို့ ရောက်၍၊ 4 ငါ့ကျွန် ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဖို့ အိမ်ကိုမဆောက်ရ။ 5 ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲတစ်ခုမှ တစ်ခုသို့ပြောင်း၍ တဲများတို့နှင့်နေပြီ။ 6 ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာအရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှာ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစ်စုံတစ်ယောက်အား၊ သင်သည် ငါ့အဖို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဖူးသလော။ 7 ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကို ငါနုတ်ယူ၍၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။ 8 သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင်၌ဂုဏ်အသရေကို ငါပေးပြီ။ 9 ထိုမှတစ်ပါး၊ ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တစ်ဖန် မပြောင်းမလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှာ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌လည်းကောင်း၊ 10 ငါ၏လူ ဣသရေလအမျိုးတရားသူကြီးတို့ကို ခန့်ထားသောကာလ၌လည်းကောင်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တစ်ဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ 11 သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတစ်ယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ 12 ထိုသားသည် ငါ့အဖို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်။ 13 ငါသည်သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ကရုဏာကိုနုတ်သကဲ့သို့ သင်၏သား၌ ငါမနုတ်။၂ကော၊ ၆:၁၈။ ဟေဗြဲ၊၁:၅။14 ထိုသားကို ငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲနေရာချမည်။ သူ၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲ တည်ရလိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။ 15 ထိုဗျာဒိတ်တော်စကား အလုံးစုံတို့ကို နာသန်သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
16 ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။ 17 သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။ 18 ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေခြင်းငှာ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။ 19 အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကိုထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှာ အလုံစုံတို့ကို ပြုတော်မူပြီ။ 20 သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မည်မျှမရှိပါ။ 21 အဲဂုတ္တုပြည်မှ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးရှေ့မှ လူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဖွယ်သော နာမတော်ကို ကိုယ်တော်အဖို့ ထင်ရှားစေခြင်းငှာ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဖို့ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုးနှင့်တူသော လူမျိုးတစ်စုံတစ်မျိုးသည် မြေကြီးပေါ်မှာရှိပါသလော။ 22 အကြောင်းမူကား၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှာပြု၍၊ ကိုယ်တော်ထာဝရဘုရားသည် သူတို့ဘုရားသခင် ဖြစ်တော်မူ၏။ 23 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲတည်ပါစေသော။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။ 24 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည်အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည်ပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ်သည် ရှေ့တော်၌ တည်ပါစေသော။ 25 အကြောင်းမူကား၊ အိုကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်က သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပတ္ထနာပြုချင်သောစိတ်ရှိပါ၏။ 26 ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ ဤကျေးဇူးကို ကိုယ်တော်ကျွန်၌ ကတိထားတော်မူပြီ။ 27 သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်းချီးပေးခြင်းငှာ နူးညွတ်သောစိတ် ရှိတော်မူပါ။ အိုထာဝရဘုရား ကိုယ်တော်သည် ကောင်းချီးပေးတော်မူလျှင်၊ ကောင်းချီးမင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။
1 2Sm 7.1-29Habitando Davi em sua casa, disse ao profeta Natã: Eis que habito eu numa casa de cedro, mas a arca da Aliança de Jeová está debaixo de cortinas. 2 Respondeu Natã a Davi: Faze tudo o que tens no teu coração, porque Deus é contigo. 3 Na mesma noite, veio a palavra de Deus a Natã, dizendo: 4 Vai e fala a Davi, meu servo: Assim diz Jeová: 1Cr 28.2-3Tu não me edificarás casa para eu habitar; 5 não tenho habitado numa casa desde o dia em que fiz subir Israel até o dia de hoje, Êx 40.2-3;2Sm 7.6mas tenho mudado de uma tenda para outra tenda e de um tabernáculo para outro. 6 Em todos os lugares em que tenho andado com Israel, falei eu jamais uma palavra 2Sm 7.7a um dos juízes de Israel, a quem mandei que apascentassem o meu povo, dizendo: Por que não me tendes edificado uma casa de cedro? 7 Agora, assim dirás ao meu servo Davi: Assim diz Jeová dos Exércitos: Eu te tirei do curral, de detrás das ovelhas, para que fosses príncipe sobre o meu povo de Israel; 8 e estive contigo por onde quer que andavas, exterminei todos os teus inimigos da tua presença; e te farei um nome como o dos grandes da terra. 9 Designarei um lugar para o meu povo de Israel e o plantarei, para que habite no seu lugar e nunca mais seja movido; nem os filhos da perversidade o assolarão, como no princípio 10 e como desde o dia em que dei juízes sobre o meu povo de Israel; e subjugarei todos os teus inimigos. Também te declaro que Jeová te edificará casa. 11 Quando forem cumpridos os dias de ires para teus pais, depois de ti, suscitarei a tua semente, um de teus filhos; e estabelecerei o seu reino. 12 Esse me edificará casa, e estabelecerei o seu trono para sempre. 13 Hb 1.5Eu lhe serei por pai, e ele me será por filho; não tirarei dele a minha misericórdia, 1Cr 10.14como a tirei do teu predecessor, 14 mas o confirmarei na minha casa e no meu reino para sempre; o seu reino será para sempre estabelecido. 15 Segundo todas essas palavras e segundo toda essa visão, assim falou Natã a Davi.
16 Então, entrou o rei Davi, e se assentou diante de Jeová, e disse: Quem sou eu, Deus Jeová, e que é a minha casa, para que me tenhas trazido até aqui? 17 Isso pareceu pouco aos teus olhos, ó Deus; porém falaste da casa do teu servo para um futuro ainda distante e me trataste como a um homem ilustre, ó Deus Jeová. 18 Que mais te pode dizer ainda Davi no tocante à honra feita ao teu servo? Pois tu conheces o teu servo. 19 Jeová, por amor do teu servo e conforme o teu coração, fizeste todas essas grandes coisas, para as revelar2Sm 7.21;Is 37.35. 20 Jeová, ninguém há semelhante a ti, nem há outro Deus fora de ti, segundo tudo o que temos ouvido com os nossos ouvidos. 21 Que outra nação na terra é como o teu povo de Israel, única a quem Deus foi remir para seu povo, a fim de te fazer um nome por meio de coisas grandes e terríveis, expulsando nações diante do teu povo que remiste do Egito? 22 Pois Êx 19.5-6fizeste o teu povo de Israel povo teu para sempre; e tu, Jeová, te fizeste seu Deus. 23 Agora, Jeová, seja estabelecida para sempre a palavra que falaste a respeito do teu servo e a respeito da sua casa, e faze como falaste. 24 Que ela seja estabelecida, e seja magnificado para sempre o teu nome, em dizer-se: Jeová dos Exércitos é Deus de Israel, sim, Deus para Israel; diante de ti está estabelecida a casa do teu servo Davi. 25 Tu, Deus meu, revelaste ao teu servo que lhe edificarás casa; portanto, o teu servo achou confiança para orar diante de ti. 26 Agora, Jeová, tu és Deus e prometeste este bem ao teu servo; 27 e, agora, te foste servido abençoar a casa do teu servo, para que permaneça para sempre diante de ti; porque tu, Jeová, abençoaste, ela está abençoada para sempre.