1 ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့်လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ် အားယူလော့။ 2 အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သောသူတို့သည် ယာကုပ်အမျိုးကို သုတ်သင်၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။ 3 သူရဲတို့သည် နီသော ဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကို ဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။ 4 ရထားတို့သည် လမ်း၌ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရှူးအဆင်းအရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။ 5 စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတစ်ပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင်အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။ 6 မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက်၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။ 7 အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။ 8 ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟု ဟစ်သော်လည်း အဘယ်သူမျှ ပြန်၍မကြည့်။ 9 ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ်သက်ဖွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။ 10 မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ်ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက်ရှိကြ၏။
11 ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျိုစားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာရှိသနည်း။ 12 ခြင်္သေ့သည် သားငယ်များ ဖို့ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကိုဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့်စေတတ်၏။ 13 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင်၏ရထားတို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ဓားဖြင့် ဖျက်ဆီးမည်။ သင်လုယူသောဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက်တစ်ဖန် အဘယ်သူမျှ မကြားရ။
1 Aquele que Jr 51.20-23destroça subiu diante de ti. Na 2.5;Na 3.12,14Guarda a fortaleza, vigia o caminho, robustece os lombos, fortifica bem a tua força. 2 Pois Jeová restaura Is 60.15a excelência de Jacó, Ez 37.21-23bem como a excelência de Israel; porque saqueadores Jr 48.11os têm saqueado Sl 80.12-13e lhes têm destruído os sarmentos. 3 Os escudos dos seus heróis tingem-se de vermelho, os seus valentes estão vestidos de Ez 23.14-15escarlate; os carros resplandecem de aço no dia do seu apercebimento, Jó 39.23e as lanças são brandidas. 4 Na 3.2-3;Is 66.15;Ez 26.10Os carros andam furiosamente nas ruas, cruzam as praças em todas as direções; parecem como tochas, Jr 4.13correm como os relâmpagos. 5 Ele se lembra dos seus Na 3.18nobres. Jr 46.12Tropeçam no seu caminho; apressam-se para chegar ao muro dela, e a manta está armada. 6 Na 1.8;3.13;Is 45.1As portas dos rios abrem-se, e o palácio está dissolvido. 7 Está decretado: está ela despida, levada cativa; as suas servas Is 38.14;59.11gemem como pombas, Is 32.12batendo nos seus peitos.
8 Na 1.1;3.7Nínive, desde tempos antigos, tem sido como Is 14.23um tanque de água; contudo, fogem. Parai, parai, clamam eles; mas Jr 46.5;47.3ninguém olha para trás. 9 Sf 1.18;Ap 18.12,16Saqueai a prata, saqueai o ouro; pois não há fim do tesouro, da glória de todos os móveis preciosos. 10 Ela está Na 2.2;Is 24.1;34.10-15vácua, vazia e despojada; Sl 22.14;Is 13.7-8;Ez 21.7o coração se derrete, e os joelhos tremem, e em todos os lombos há angústia, Jl 2.6e os rostos de todos eles empalidecem. 11 Onde está o Na 3.1;Is 5.29;Jr 4.7covil dos leões, e a habitação dos leões novos, onde andavam o leão, e a leoa, e o cachorro do leão, sem haver ninguém que os espantasse? 12 O leão despedaçou o que bastava para os seus cachorros, e afogou para as suas leoas, Is 10.6-14;Jr 51.34e encheu de presa as suas covas, e de rapina, os seus covis. 13 Eis que Na 3.5;Jr 21.13;Ez 5.8eu sou contra ti, diz Jeová dos Exércitos Js 11.6,9;Sl 46.9e queimarei no fumo os teus carros, e a espada devorará os teus leões novos; Na 3.1,12;Is 49.24-25exterminarei da terra a tua presa, e 2Rs 18.17-25;19.9-13a voz dos teus mensageiros não se ouvirá mais.