1 ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။- 2 သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
3 ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊- 4 ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- 5,6 ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။- 7,8 ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။- 9 ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သော အလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။- 10 ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။- 11 မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။- 12 အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။- 13 သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။- 14 ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနုတ်တော်မူခြင်းသို့ မရောက်မီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စရန်ဖြစ်တော်မူ၏။
15 ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်းကို ငါသည်ကြားပြီးလျှင်၊- 16 သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်းပတ္ထနာ ပြုလျက်နေ၏။- 17 ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ သင်တို့အား ပေးပါမည်အကြောင်း၊- 18 ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊- 19 ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ သင်တို့သည်သိစေခြင်းငှာ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပတ္ထနာပြု၏။- 20 ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။- 21 ခပ်သိမ်းသော အထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊- 22 ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်အဖို့အလိုငှာ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။- 23 ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။
1 Paulo, vd.2Co 1.1apóstolo de Ef 2.6-7,10,13,20;3.1,6,11,21;Cl 1.4;2.6;4.12; vd.Rm 8.1;Gl 3.26Cristo Jesus vd.1Co 1.1por vontade de Deus, aos vd.At 9.13;Fp 1.1;Cl 1.1santos que estão em vd.At 18.19Éfeso e cp.Cl 1.2fiéis em Cristo Jesus: 2 vd.Rm 1.7Graça a vós e paz da parte de Deus, nosso Pai, e da do Senhor Jesus Cristo.
3 vd.2Co 1.3Bendito o Deus e Pai de nosso Senhor Jesus Cristo, que nos abençoou com toda a bênção espiritual Ef 1.20;Ef 2.6;3.10;6.12; cp.Fp 3.20nas regiões celestes em Cristo, 4 assim como 2Ts 2.13s.; cp.Ef 2.10nos escolheu, nele, antes da vd.Mt 25.34fundação, do mundo para sermos Ef 5.27;Cl 1.22; cp.2Tm 1.9santos e sem defeito perante ele; 5 e, Ef 4.2,15-16;5.2em amor, Ef 1.11; vd.Rm 8.29s.; cp.At 13.48nos predestinou para sermos vd.Rm 8.14ss.;Gl 4.5adotados como filhos por Jesus Cristo para si mesmo, Lc 12.32; vd.1Co 1.21;Gl 1.15; cp.Fp 2.13;Cl 1.19conforme o beneplácito da sua vontade, 6 Ef 1.12,14para o louvor da glória da sua graça, a qual nos deu gratuitamente no cp.Mt 3.17Amado, 7 Cl 1.14no qual temos a nossa Ef 1.14; vd.1Co 1.30;Rm 3.24redenção vd.At 20.28; cp.Rm 3.25pelo seu sangue, cp.At 2.38a remissão dos nossos delitos, segundo vd.Rm 2.4; cp.Ef 1.18;Ef 2.7;3.8,16;Cl 1.27a riqueza da sua graça, 8 a que fez abundar para conosco em toda a sabedoria e prudência, 9 vd.Rm 16.25; cp.11.25;Ef 3.3fazendo conhecido a nós o mistério da sua vontade, Ef 1.11; vd.Rm 8.28segundo o seu beneplácito que nele propôs, 10 para uma dispensação do vd.Mc 1.15cumprimento dos tempos, para Cl 1.16,20; cp.Ef 3.15;Fp 2.9s.reunir todas as coisas em Cristo, as que estão nos céus e as que estão sobre a terra; nele, digo, 11 no qual também Ef 1.14,18;Tt 2.14; cp.Dt 4.20;9.26,29;32.9fomos feitos herança, tendo sido vd.Ef 1.5predestinados Ef 3.11;Rm 8.28s.conforme o propósito daquele que faz tudo Rm 9.11;Hb 6.17segundo o conselho da sua vontade, 12 a fim de sermos Ef 1.6,14para o louvor da sua glória, nós que, antes, havíamos esperado em Cristo; 13 no qual também vós, tendo ouvido Cl 1.5; cp.At 13.26;Ef 4.21a palavra da verdade, o Evangelho da vossa salvação, e nele havendo também crido, fostes Ef 4.30; cp.Jo 3.33selados com o Espírito da promessa, a saber, vd.At 1.4s.;2.33o Espírito Santo; 14 que é vd.2Co 1.22penhor da vd.At 20.32nossa herança, para a vd.Ef 1.7redenção da cp.Ef 1.11possessão adquirida por Deus, Ef 1.6,12para o louvor da sua glória.
15 Por isso, também eu, Cl 1.4;Fm 5; cp.Rm 1.8tendo ouvido a fé que há entre vós no Senhor Jesus e o vosso amor para com Ef 3.18; vd.Ef 1.1todos os santos, 16 cp.Cl 1.9;Rm 1.8s.não cesso de dar graças por vós, vd.Rm 1.9fazendo menção de vós nas minhas orações, 17 para que Jo 20.17; cp.Rm 15.6o Deus de nosso Senhor Jesus Cristo, cp.At 7.2;1Co 2.8o Pai da glória, vos dê um espírito de cp.Cl 1.9sabedoria e de vd.1Co 14.6revelação no pleno conhecimento dele, 18 cp.At 26.18;2Co 4.6;Hb 6.4sendo iluminados os olhos do vosso coração, para saberdes vós qual é a Ef 4.4esperança da sua vd.Rm 11.29vocação, qual vd.Ef 1.7a riqueza da glória da Ef 1.11sua herança Cl 1.12; vd.At 9.13nos santos 19 e qual a suprema grandeza do seu poder para com os que cremos, Ef 3.7;Fp 3.21;Cl 1.29segundo a operação da Ef 6.10força do seu poder, 20 que operou ele em Cristo, vd.At 2.24ressuscitando-o dentre os mortos e fazendo-o vd.Mc 16.19sentar-se à sua mão direita vd.Ef 1.3nos lugares celestes, 21 muito acima de Cl 1.16;Ef 3.10; cp.Rm 8.38; vd.Mt 28.18todo domínio, e autoridade, e poder, e senhorio, e de todo Fp 2.9;Hb 1.4;Ap 19.12; cp.Jo 17.11nome que se nomeia não só Ef 2.2; vd.Mt 12.32neste mundo, mas também no que há de vir. 22 Ele vd.1Co 15.27;Sl 8.6lhe sujeitou todas as coisas debaixo dos pés e, para ser Ef 4.15;5.23;Cl 1.18;2.19; cp.1Co 11.3cabeça sobre todas as coisas, o deu à Igreja, 23 a qual é o seu Ef 4.12;5.30;Cl 1.18,24;2.19; cp.1Co 12.27corpo, vd.Jo 1.16; cp.Ef 3.19o complemento daquele que Ef 4.10enche Cl 3.11tudo em todas as coisas.