1 နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- 2 လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- 3 ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- 4 သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- 5 မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။- 6,7 ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။- 8 ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူ ဖြစ်ကြ၏။- 9 ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍ မလွန်မသွားရကြ။
10,11 ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ ထိုသို့သော အမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နုတ်တော်မူပြီ။- 12 ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။- 13 ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။
14,15 သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။- 16 ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊- 17 ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။
1 Sabe, porém, isto, que vd.1Tm 4.1nos últimos dias, virão tempos difíceis; 2 pois os homens serão cp.Fp 2.21amantes de si mesmos, Lc 16.14; cp.1Tm 3.3;6.10avarentos, Rm 1.30pretensiosos, soberbos, cp.2Pe 2.10-12maldizentes, desobedientes a seus pais, Lc 6.35ingratos, 1Tm 1.9ímpios, 3 Rm 1.31sem afeição natural, implacáveis, vd.1Tm 3.11caluniadores, incontinentes, cruéis, cp.Tt 1.8inimigos do bem, 4 At 7.52(Gr.)traidores, At 19.36(Gr.)insolentes, vd.1Tm 3.6presunçosos, cp.Fp 3.19amando mais os prazeres do que a Deus, 5 tendo a cp.Rm 2.20aparência de cp.1Tm 4.7piedade, porém vd.1Tm 5.8negando o poder dela. 2Ts 3.6; cp.Mt 7.15Foge também desses homens. 6 Pois deste número são os que vd.Jd 4se introduzem nas casas e cativam as cp.1Tm 5.6;Tt 3.3mulherinhas carregadas de pecados, seduzidas por Tt 3.3toda sorte de paixões, 7 aprendendo sempre, mas nunca podendo vd.2Tm 2.25chegar ao pleno conhecimento da verdade. 8 Assim como Janes e cp.Êx 7.11Jambres cp.At 13.8resistiram a Moisés, assim também estes resistem à verdade, sendo 1Tm 6.5homens corrompidos de entendimento e réprobos quanto à fé. 9 Não irão, porém, avante, porque a sua Lc 6.11(Gr.)insensatez será manifestada a todos, Êx 7.12;8.18;9.11como foi a daqueles homens. 10 Tu, porém, 1Tm 4.6;Lc 1.3(Gr.); cp.Fp 2.20,22seguiste de perto o meu ensino, procedimento, intenção, fé, longanimidade, 1Tm 6.11amor, perseverança, 11 as minhas 2Co 12.10perseguições e 2Co 1.5,7sofrimentos, quais me aconteceram em vd.At 13.14,45,50Antioquia, vd.At 14.5Icônio e vd.At 14.19Listra; quais as cp.2Co 11.23-27perseguições que sofri; e como de todas elas vd.Rm 15.31me livrou o Senhor. 12 Ora, todos aqueles que querem viver piamente em Cristo Jesus vd.Jo 15.20;At 14.22; cp.2Co 4.9s.serão perseguidos. 13 Mas os homens maus e impostores 2Tm 2.16se tornarão cada vez piores, cp.Tt 3.3iludindo e sendo iludidos. 14 Tu, porém, 2Tm 1.13; cp.Tt 1.9persevera nas coisas que aprendeste e de que tens a certeza, sabendo de quem as aprendeste. 15 E que, cp.2Tm 1.5desde a infância, sabes cp.Jo 5.47;Rm 2.27as sagradas letras, que te podem Sl 119.98s.instruir para a vd.1Co 1.21salvação pela fé que é em vd.2Tm 1.1Cristo Jesus. 16 vd.Rm 4.4,23s.;15.4;2Pe 1.20s.Toda a Escritura divinamente inspirada é também útil para ensinar, para repreender, para corrigir e para instruir na justiça, 17 a fim de que 1Tm 6.11o homem de Deus seja perfeito, 2Tm 2.21; cp.Hb 13.21plenamente preparado para toda boa obra.