1 ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်းကိုခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ 2 ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေးစေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည်ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေသော ငါ၏အမွေလူဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။ 3 သူတို့သည် ငါ၏လူတို့အဖို့ စာရေးတံချကြပြီ။ လူကလေးကို ပြည့်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်လည်းကောင်း ဖလှယ်ကြပြီတကား။ 4 အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ်သောအရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ပြုကြလျှင်၊ ထိုရန်ကို သင်တို့ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။5 သင်တို့သည် ငါ့ရွှေငွေကိုယူ၍၊ ငါနှစ်သက်ဖွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်လည်းကောင်း၊ 6 ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကိုနေရင်းပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှာ၊ ဟေလသအမျိုးသားတို့အား ရောင်းလိုက်သောကြောင့်လည်းကောင်း၊ 7 သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည်ထမြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။ 8 သင်တို့ သားသမီးများကိုလည်း ယုဒအမျိုးသားတို့၌ငါရောင်း၍၊ သူတို့သည် တစ်ဖန်ဝေးသောအမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁—၂၈:၂၆။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။
9 ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။ 10 သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာလည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။ဟေရှာ၊ ၂:၄။ မိ၊ ၄:၃။11 ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူမည်။ 12 တစ်ပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။ 13 ရိတ်စရာစပါး မှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ်ရည်ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ်သည် ကြီးလှ၏။ဗျာ၊ ၁၄:၁၄-၁၆၊ ၁၉-၂၀၊၁၉:၁၅။14 ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက် ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ 15 နေနှင့် လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
16 ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိ ဖြစ်တော်မူလိမ့်မည်။အာ၊ ၁:၂။17 ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ နေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တစ်ဖန် ထိုမြို့ကို တစ်ပါးအမျိုးသား မနင်းရ။
18 ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။ 19 ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။ 20 ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။ 21 ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တစ်ဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။
ပရောဖက်ယောလ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
1 Pois eis que, naqueles dias e naquele tempo, em que eu Jr 16.15fizer tornar o cativeiro de Judá e de Jerusalém, 2 Is 66.18;Mq 4.12congregarei todas as nações e as farei descer ao Jl 3.12,14vale de Josafá; ali, Is 66.16;Jr 25.31entrarei em juízo com elas por causa do meu povo e por causa da minha herança, Israel, que elas Jr 50.17;Ez 34.6espalharam por entre os povos, Ez 35.10;36.1-5dividindo entre si a terra. 3 Elas Ob 11;Na 3.10deitaram sortes sobre o meu povo; Am 2.6deram um menino por uma meretriz e venderam uma menina por vinho para beberem. 4 Que tendes vós comigo, Am 1.9-10;Zc 9.2-4Tiro, e Sidom, e todas as regiões da Am 1.6-8;Zc 9.5-7Filístia? Acaso, Ez 25.12-17me dareis vós a paga? E, se ma derdes, ligeira e prontamente Is 34.8;59.18vos farei tornar a paga sobre a vossa cabeça. 5 Porquanto 2Rs 12.18;2Cr 21.16-17levastes a minha prata e o meu ouro e metestes nos vossos templos as minhas coisas formosas e preciosas; 6 também vendestes Jl 3.3;Ez 27.13os filhos de Judá e os filhos de Jerusalém aos Zc 9.13filhos dos gregos, para os removerdes longe dos seus confins, 7 eis que os suscitarei do lugar para onde os vendestes 1Sm 15.33e farei tornar a vossa paga sobre a vossa cabeça; 8 venderei Is 14.2;60.14vossos filhos e vossas filhas nas mãos dos filhos de Judá, e eles os venderão aos homens de Jó 1.15;Sl 72.10;Ez 38.19Sabá, a uma nação remota, pois Jeová o disse.
9 Jr 51.27-28Proclamai isto entre as nações: Jr 6.4;Mq 3.5Preparai a guerra; Is 8.9-10;Jr 46.3-4;Zc 14.2-3suscitai os valentes; cheguem-se todos os homens de guerra; subam. 10 Is 2.4;Mq 4.3Forjai espadas das relhas dos vossos arados e lanças, das vossas podadeiras; diga o fraco: Eu sou forte. 11 Ez 38.15-16;Sf 3.8Apressai-vos, e vinde, todas as nações ao redor, e ajuntai-vos; para ali faze, ó Jeová, descer Is 13.3os teus valentes. 12 Suscitem-se as nações e subam Jl 3.2ao vale de Josafá; pois ali me sentarei Sl 7.6;98.9;Is 3.13para julgar todas as nações ao redor. 13 Metei a foice, porque está madura Jr 51.33;Os 6.11a ceifa; vinde, pisai, porque Is 63.3;Lm 1.15o lagar está cheio, e os vasos dos lagares trasbordam, pois grande é Gn 18.20a sua malícia.
14 Is 31.2-8Multidões, multidões Jl 3.2,12no vale da Decisão! Porque Jl 1.15;2.1,11,31o Dia de Jeová está perto, no vale da Decisão. 15 Jl 2.10,31O sol e a lua escurecem, e as estrelas retiram o seu resplendor. 16 Jeová Os 11.10;Am 1.2rugirá de Sião e de Jerusalém Jl 2.11fará ouvir a sua voz; Jl 2.10;Ez 38.19;Ag 2.6os céus e a terra tremerão; Jeová, porém, será Sl 61.3;Is 33.16;Jr 17.17um refúgio para o seu povo e um Jr 16.19;Na 1.7lugar forte para os filhos de Israel. 17 Assim Jl 3.21;Jl 2.27sabereis que eu sou Jeová, vosso Deus, que habita em Sião, meu Is 11.9;56.7;Ez 20.40santo monte; então, Jerusalém Is 4.3;Ob 17será santa, e Is 52.1;Na 1.15estrangeiros não passarão mais por ela.
18 Naquele dia, acontecerá que Am 9.13os montes destilarão vinho doce, e os outeiros Êx 3.8manarão leite, e em todas as Is 30.25;35.6torrentes de Judá correrão águas, e Ez 47.1-12uma fonte sairá da Casa de Jeová e regará o vale de Nm 25.1;Ez 47.8Sitim. 19 O Egito será uma desolação, e Edom, um deserto assolado, por causa da Ob 10violência feita aos filhos de Judá, porque derramaram na sua terra o sangue inocente. 20 Judá, porém, Ez 37.25;Am 9.15permanecerá para sempre, e Jerusalém, de geração em geração. 21 Is 4.4;Ez 36.25Eu purificarei o seu sangue que não purifiquei, pois Jeová Jl 3.17habita em Sião.