1 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ ကြွတော်မူသနည်း။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည်အကြောင်း၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ။
2 ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။ 3 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။
4 ငါချစ်သောနှမ၊ သင်သည် တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်၏။ 5 သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကိုအောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။ 6 သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှတက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှ မလျော့၊ အမွှာသာ ဖွားတတ်ကြ၏။ 7 နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။ 8 မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။ 9 ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တစ်ပါးတည်းရှိ၏။ ဖွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုးသမီးတို့သည် သူ့ကိုမြင်၍ ကောင်းချီးပေးကြ၏။ မိဖုရားများနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
10 လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်းလျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသောသတို့သမီးကား၊ အဘယ်သူနည်း။
11 ချိုင့်ထဲမှာ သစ်သီးများကို ကြည့်ရှု၍၊ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း သိခြင်းငှာ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။ 12 သတိမရမီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
13 အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ်တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ။
ရှုလမိတ်၌ အဘယ်သို့သောအရာကို တွေ့မြင်ကြလိမ့်မည်နည်း။ စစ်တပ်နှစ်တပ်ကဲ့သို့ တွေ့မြင်ကြပါမည်။
1 Ct 5.6Para onde foi o teu amado,
Ó tu, Ct 1.8a mais bela das mulheres?
Para onde se retirou o teu amado,
A fim de que o busquemos juntamente contigo?
2 O meu amado desceu ao seu Ct 4.16;5.1jardim, aos Ct 5.13canteiros de bálsamo,
Ct 1.7Para apascentar nos jardins, e para colher Ct 2.1;5.13as açucenas.
3 Ct 2.16;7.10Eu sou do meu amado, e o meu amado é meu,
Ele Ct 2.16;4.5apascenta entre as açucenas.
4 Ct 1.15Formosa és, amada minha, como 1Rs 14.17Tirza,
Ct 1.5Bela como Sl 48.2;50.2Jerusalém,
6.10Terrível como um exército com bandeiras.
5 Desvia de mim os teus olhos,
Porque eles já me tomaram de assalto.
Ct 4.1Os teus cabelos são como os rebanhos das cabras,
Que repousam nos flancos de Gileade.
6 Ct 4.2Os teus dentes são como um rebanho de ovelhas,
Que sobem do lavadouro,
Das quais cada uma tem gêmeos,
E nenhuma delas é desfilhada.
7 Ct 4.3As fontes da tua cabeça são como um pedaço de romã,
Por detrás do teu véu.
8 Há sessenta 1Rs 11.3rainhas, oitenta concubinas,
Ct 1.3E donzelas sem número.
9 Uma só é a Ct 2.14;5.2minha pomba, a minha imaculada;
Ela é a única de sua mãe, a escolhida da que lhe deu à luz.
Gn 30.13As mulheres viram-na, e chamaram-lhe bem-aventurada;
Viram-na as rainhas e as concubinas, e louvaram-na.
10 Quem é esta que aparece como a aurora,
Formosa como a Jó 31.26lua,
Pura Mt 17.2;Ap 1.16como o sol,
6.4Terrível como um exército com bandeiras?
11 Desci ao jardim das nogueiras,
Para ver os renovos do vale,
Para examinar se as Ct 7.12vides lançavam olhos,
E se as Ct 4.13romãs estavam em flor.
12 Sem que eu soubesse como, pôs-me a minha alma
Nos carros do meu nobre povo.
13 Volta, volta, ó Sulamita;
Volta, volta, para que te contemplemos.
Por que quereis contemplar a Sulamita,
Como a Jz 21.21dança de Gn 32.2;2Sm 17.24Maanaim?