1 သီချင်းတကာတို့တွင် အထွတ်ဖြစ်သော ရှောလမုန်သီချင်း။
2 သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကိုနမ်းပါစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ကောင်းပါ၏။ 3 ကိုယ်တော်၌ မွှေးကြိုင်သော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသော နံ့သာဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီးကညာတို့သည် ကိုယ်တော်ကို ချစ်ကြပါ၏။ 4 ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့သည် နောက်တော်သို့ ပြေး၍လိုက်ကြပါမည်။ အရှင်မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည်ထက် သာ၍ချီးမွမ်းကြမည်။ သတို့သမီးကညာတို့သည် ကိုယ်တော်ကို မှန်ကန်စွာ ချစ်ကြပါ၏။
5 အိုယေရုရှလင်မြို့သမီးတို့၊ ငါသည် ကေဒတဲကဲ့သို့ မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့ တင့်တယ်သေး၏။ 6 ငါသည် နေပူကိုခံ၍ မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကို မကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
7 ကျွန်မ နှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကို အဘယ်မှာ ထိန်းတော်မူသည်ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌ အဘယ်မှာ အရိပ်ခိုစေတော်မူသည်ကိုလည်းကောင်း ပြတော်မူပါ။ ကျွန်မသည် အခြားတစ်ပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
8 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့ လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေးမွေးပါလော့။
9 ငါချစ်သောနှမ၊ သင့်ကို ဖာရောမင်းရထား၌ ကသောမြင်းနှင့် ငါပုံပြမည်။ 10 သင်၏ပါးသွယ်၌ မုတ်ပုတီး တန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။ 11 ငွေနှင့် အပြောက်ချယ်သော ရွှေပုတီးအသွယ်သွယ်ကိုလည်း လုပ်၍ပေးဦးမည်။
12 အရှင်မင်းကြီးသည် စားပွဲတော်နားမှာထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။ 13 ငါချစ်ရာသခင်သည် ငါ၌ မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တစ်ညလုံး အိပ်ရမည်။ 14 ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ်သော ဟင်္နာခက်ရွက်စည်းကဲ့သို့ ဖြစ်ပါ၏။
15 ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့် ပြည့်စုံ၏။
16 ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်းသည် စိမ်းသောအဆင်းရှိ၏။ 17 ငါတို့ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်းရှူးပင်ဖြင့် ပြီးသတည်း။
1 Cântico dos 1Rs 4.32cânticos, de Salomão.
2 Beije-me ele com os beijos de sua boca;
Pois melhor é o teu 1.4;Ct 4.10amor do que o vinho.
3 Os teus Ct 4.10;Jo 12.3perfumes têm um odor suave,
O teu Ec 7.1nome é como unguento derramado,
Por isso as Sl 45.14donzelas te amam.
4 Atrai-me tu; correremos após ti:
O Sl 45.14-15rei acaba de me introduzir nos seus aposentos;
Nós nos alegraremos e regozijaremos em ti,
Faremos menção do teu amor mais do que do vinho;
É com razão que te amam.
5 Trigueira sou, mas Ct 2.14;4.3;6.4formosa,
Ó Ct 2.7;3.5,10;5.8,16;8.4filhas de Jerusalém,
Como as Sl 120.5tendas de Is 60.7Quedar,
Como os pavilhões de Salomão.
6 Não admireis de eu ser morena,
Porque o sol me mudou a cor.
Sl 69.8Os filhos de minha mãe indignaram-se contra mim,
Puseram-me por Ct 8.11;Jó 27.18guarda das vinhas;
A minha vinha, porém, não a guardei.
7 Dize-me, ó tu, Ct 3.1-4a quem a minha alma ama:
Onde é que Ct 2.16;6.3apascentas o teu rebanho, onde o fazes Is 13.20;Jr 33.12descansar ao meio dia:
Pois por que, junto ao rebanho dos Ct 8.13teus companheiros,
Seria eu como a que se cobre de véu?
8 Se não o sabes, ó tu, Ct 5.9;6.1a mais bela das mulheres,
Vai-te em seguimento das pisadas dos rebanhos,
E apascenta os teus cabritos junto às tendas dos pastores.
9 A um 2Cr 1.16-17cavalo dos carros de Faraó
Eu te comparo, Ct 1.15;Ct 2.2,10,13, etc.ó amada minha.
10 Formosas são Ct 5.13as tuas faces entre as madeixas,
O teu pescoço com os Gn 24.53;Is 61.10colares.
11 Nós te faremos umas tranças de ouro
Marchetadas de pontinhos de prata.
12 Enquanto o rei estava sentado à sua mesa,
Deu o meu Ct 4.13-14;Mc 14.3;Jo 12.3nardo o seu cheiro.
13 O meu amado é para mim como um saquitel de Sl 45.8;Jo 19.39mirra,
Que está posta entre os meus seios.
14 O meu amado é para mim como um ramalhete da Ct 4.13hena,
Nas vinhas de 1Sm 23.29En-Gedi.
15 1.16;Ct 2.10,13;4.1,7;6.4,10Como és formosa, amada minha, como és formosa!
Os teus Ct 4.1;5.12olhos são como pombas.
16 Como és formoso, Ct 2.3,9,17;5.2,5,6,8, etc.amado meu, como és amável!
O nosso leito é de viçosa relva.
17 As traves da nossa casa são 1Rs 6.9-10;Jr 22.14cedros,
E as tábuas do nosso teto são 2Cr 3.5ciprestes.