1 အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလအမျိုး အသက်ကြီးသူများတို့ကိုခေါ်၍၊ 2 အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဖို့ အပြစ်မပါသော နွားသငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးထီးတစ်ကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ပူဇော်လော့။ 3 ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါအခါလည်သော နွားသငယ်တစ်ကောင်၊ သိုးသငယ်တစ်ကောင်၊ 4 ထာဝရဘုရားရှေ့တော်၌ ပူဇော်သောမိတ်သဟာယယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အားထင်ရှားတော်မူမည်ကို ပြောလော့ဟုဆိုလေ၏။ 5 မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ်အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ 6 မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ဘုန်းတော်သည် သင်တို့အားထင်ရှားမည်ဟူ၍လည်းကောင်း၊ 7 အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍လည်းကောင်းဆိုလေ၏။
8 အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားသငယ်ကို သတ်လေ၏။ 9 သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။ 10 အပြစ်ဖြေရာယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသောအမြှေးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။ 11 အသားနှင့်အရေကို တပ်ပြင်မှာမီးရှို့လေ၏။ 12 မီးရှို့ရာယဇ်ကောင်ကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းလေ၏။ 13 သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ 14 ဝမ်းထဲ၌ရှိသောအရာများနှင့် ခြေတို့ကိုဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။
15 လူများပူဇော်သကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက်ပူဇော်လေ၏။ 16 မီးရှို့ရာယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။ 17 ဘောဇဉ်ပူဇော်သကာကိုလည်း ဆောင်ခဲ့ပြီးလျှင်၊ တစ်လက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။ 18 လူများအတွက် မိတ်သဟာယယဇ်နွားထီး၊ သိုးထီးကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကိုဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းလေ၏။ 19 အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊ 20 ရင်ပတ်ပေါ်မှာတင်၍ ယဇ်ပလ္လင်၌မီးရှို့လေ၏။ 21 ရင်ပတ်နှင့်လက်ယာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကိုပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။ 22 အာရုန်သည် မိမိလက်ကို လူများရှေ့သို့ချီလျက်၊ ကောင်းချီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရာမှဆင်းလေ၏။ 23 တစ်ဖန် မောရှေနှင့်အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍ ထွက်ပြီးမှ၊ လူများကိုကောင်းချီးပေးသဖြင့်၊ ထာဝရဘုရား၏ဘုန်းတော်သည် လူများတို့အားထင်ရှားလေ၏။ 24 ထာဝရဘုရားထံတော်မှမီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည်မြင်သောအခါ ကြွေးကြော်၍ပျပ်ဝပ်ကြ၏။
1 Ao oitavo dia, chamou Moisés a Arão, e a seus filhos, e aos anciãos de Israel; 2 e disse a Arão: Toma-te um bezerro como oferta pelo pecado, e um carneiro como holocausto, um e outro sem defeito, e oferece-os diante de Jeová. 3 Dirás aos filhos de Israel: Tomai um bode, como oferta pelo pecado; um bezerro e um cordeiro, ambos de um ano e sem defeito, como holocausto; 4 e um boi e um carneiro como ofertas pacíficas, para sacrificar diante de Jeová; e uma oferta de cereais, amassada com azeite; pois hoje Jeová vos aparecerá. 5 Então, trouxeram até a entrada da tenda da revelação o que Moisés ordenou; e chegou-se toda a congregação e ficou de pé diante de Jeová. 6 Disse Moisés: Esta é a coisa que Jeová ordenou que fizésseis; e a Lv 9.23glória de Jeová vos aparecerá. 7 Depois, disse Moisés a Arão: Chega-te ao altar, oferece a tua oferta pelo pecado e o teu holocausto, e faze expiação por ti e pelo povo. Oferece a oblação do povo e faze a expiação por ele, como Jeová ordenou.
8 Lv 4.1-12Arão, pois, chegou-se ao altar e matou o bezerro que era a sua própria oferta pelo pecado. 9 Lv 9.12,18Os filhos de Arão trouxeram-lhe o sangue; ele molhou o dedo no sangue, pô-lo sobre os chifres do altar e derramou o sangue à base do altar; 10 mas a gordura, e os rins, e o redenho do fígado, tirados da oferta pelo pecado, queimou-os sobre o altar, como Jeová ordenou a Moisés. 11 Também queimou com fogo fora do arraial a carne e o couro.
12 Depois, imolou o holocausto; e os filhos de Arão entregaram-lhe o sangue, que ele aspergiu sobre o altar ao redor. 13 Também lhe entregaram o holocausto, pedaço por pedaço, e a cabeça; ele os queimou sobre o altar. 14 Depois de lavados os intestinos e as pernas, queimou-os no altar sobre o holocausto.
15 Então, fez chegar a oblação do povo e, tomando o Lv 4.27-31bode que era oferta pelo pecado do povo, matou-o e ofereceu-o como se fez com o primeiro. 16 Também fez chegar o holocausto e ofereceu-o segundo a Lv 1.1-13ordenança. 17 Fez chegar a Lv 2.1-3oferta de cereais, e dela tomou um punhado, e o queimou sobre o altar, Lv 3.5além do holocausto da manhã.
18 Lv 3.1-11Matou o boi e o carneiro, que eram sacrifício de ofertas pacíficas do povo. Os filhos de Arão entregaram-lhe o sangue, que ele aspergiu sobre o altar ao redor, 19 e a gordura do boi; do carneiro entregaram-lhe a cauda gorda, o redenho do fígado. 20 Puseram a gordura sobre os peitos, e ele queimou a gordura sobre o altar; 21 os Lv 7.30-34peitos e a coxa direita, ofereceu-os Arão por uma oferta movida diante de Jeová, como Moisés ordenou.
22 Arão levantou as mãos para o povo, e o abençoou, e desceu depois de ter oferecido a oferta pelo pecado, o holocausto e as ofertas pacíficas. 23 Então, entraram Moisés e Arão na tenda da revelação e, saindo, abençoaram o povo: a Lv 9.6glória de Jeová apareceu a todo o povo. 24 1Rs 18.38Saiu fogo de diante de Jeová e consumiu sobre o altar o holocausto e a gordura; o que vendo todo o povo, jubilaram e prostraram-se sobre os seus rostos.