1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2 အာရုန်နှင့် သူ၏သားတို့သည် ငါ့အဖို့သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏နာမတော်ကိုမရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအရာများနှင့် ကိုယ်ကိုကိုယ်ကွာစေရမည်အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။ 3 ထာဝရဘုရားအဖို့ ဣသရေလအမျိုးသားသန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ်အမျိုးသားမည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကိုခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ 4 နူနာ၊ ရိနာစွဲသော အာရုန်၏အမျိုးသားမည်သည်ကား၊ မစင်ကြယ်မီတိုင်အောင် သန့်ရှင်းသောအရာကိုမစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုက်ရည်ထွက်သောသူ၊ 5 ညစ်ညူးစေ၍ တွားတတ်သောတိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစ်စုံတစ်ခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသောသူတို့သည်၊ 6 ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကိုရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။ 7 နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှစားရကြမည်။ 8 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။ 9 ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကိုဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကိုစောင့်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေ၏။
10 တစ်ပါးအမျိုးသားသည် သန့်ရှင်းသောအရာကိုမစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည်မစားရ။ သူငှားလည်းမစားရ။ 11 ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်၌မွေးသောသူသည် သူ၏အစာကိုစားရမည်။ 12 ယဇ်ပုရောဟိတ်သမီးသည် တစ်ပါးအမျိုးသား၏မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သကာအရာကို မစားရ။ 13 သို့ရာတွင် လင်သေသော်လည်းကောင်း၊ လင်နှင့်ကွာသော်လည်းကောင်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ်အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တစ်ပါးအမျိုးသားမစားရ။ 14 လူသည်သန့်ရှင်းသောအရာကို မသိဘဲစားမိလျှင်၊ စားမိသောအရာ၏ အဖိုးနှင့်တကွ ငါးစုတစ်စုကိုထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။ 15 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။ 16 ထိုအရာတို့ကိုစားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
17 တစ်ဖန် မောရှေအားထာဝရဘုရားက သင်သည် အာရုန်နှင့်သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ 18 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ 19 စိတ်တော်နှင့်တွေ့ခြင်းငှာ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။ 20 အပြစ်ပါသောအကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။ 21 သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအားယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှာစုံလင်ရမည်။ အပြစ်တစ်စုံတစ်ခုမျှ မရှိရ။ 22 မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ် တစ်စုံတစ်ခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာထာဝရဘုရားအား မီးဖြင့်ပူဇော်သကာမပြုရ။ 23 သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်းအပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သကာဖို့ပူဇော်ရမည်။ သစ္စာကတိနှင့်ဆိုင်၍ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။ 24 ကြိတ်နယ်စုတ်ပြတ်ရာ အနာရှိသောအထီးကို ထာဝရဘုရားအားမပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သကာမပြုရ။ 25 ထိုသို့သောအကောင်ကို တစ်ပါးအမျိုးသားဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ဘုရားသခင့်ပွဲတော်ဖို့ မပူဇော်ရ။ ပူဇော်လျှင်စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
26 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 27 သိုး၊ ဆိတ်၊ နွားတို့သည်မွေးဖွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာဖို့တော်သင့်၏။ 28 နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တစ်နေ့ချင်းတွင်မသတ်ရ။ 29 ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှာ ပူဇော်လော့။ တစ်နေ့ချင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။ 30 သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ 31 သန့်ရှင်းသောငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားသန့်ရှင်းတော်မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ 32,33 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
1 Disse Jeová a Moisés: 2 Fala a Arão e a seus filhos que se abstenham das coisas santas, consagradas a mim pelos filhos de Israel, e que não profanem o meu santo nome: eu sou Jeová. 3 Dize-lhes: Lv 7.20-21;Nm 19.13Qualquer de vossos filhos pelas vossas gerações que, tendo sobre si a sua imundícia, se chegar às coisas santas, consagradas a mim pelos filhos de Israel, essa alma será cortada de diante de mim: eu sou Jeová. 4 Lv 14.1-32Todo homem da descendência de Arão que for leproso ou que tiver fluxo, esse não comerá das coisas sagradas, até que seja limpo. Lv 11.24-28,39-40Quem tocar em alguma coisa que está imunda por causa de um morto ou Lv 15.16-17aquele de quem sair o sêmen; 5 Lv 11.24-28qualquer que tocar em algum animal que se arrasta, pelo qual se pode tornar imundo, ou num homem, pelo qual se pode tornar imundo, seja qual for a sua imundícia; 6 a pessoa que tocar em tais coisas será imunda até à tarde e não comerá das coisas sagradas se não banhar o seu corpo em água. 7 Posto o sol, será limpa e, depois, comerá das coisas sagradas, porque é o seu pão. 8 Lv 7.24;11.39-40;17.15Do animal que morre por si, ou é dilacerado por feras, não comerá para se contaminar: eu sou Jeová. 9 Guardarão o meu Lv 18.30mandado, para Lv 22.16que não levem sobre si pecado, e não morram, profanando-o: eu sou Jeová, que os santifico.
10 Lv 22.13;Êx 29.33Nenhum estrangeiro comerá das coisas sagradas: o hóspede do sacerdote, ou o jornaleiro, não comerão delas. 11 Gn 17.13;Êx 12.44Mas, se um sacerdote comprar um escravo com o seu dinheiro, esse comerá delas; os que nascerem na sua casa, esses comerão do seu pão. 12 Se a filha dum sacerdote for casada com um estrangeiro, não comerá da oferta movida das coisas sagradas. 13 Mas, se a filha dum sacerdote for viúva, ou divorciada, e não tiver filhos, e tiver voltado à casa de seu pai, como na sua mocidade, comerá do pão de seu pai; Lv 22.10porém nenhum estrangeiro comerá dele. 14 Lv 5.15-16Se alguém, por ignorância, comer das coisas sagradas, ajuntar-se-lhes-á a sua quinta parte, e dará as coisas sagradas ao sacerdote. 15 Não profanarão as coisas sagradas que os filhos de Israel oferecem a Jeová; 16 assim os farão Lv 22.9;Lv 10.17levar sobre si a iniquidade que os torna culpados, comendo as suas coisas sagradas: eu sou Jeová, que os santifico.
17 Disse mais Jeová a Moisés: 18 Fala a Arão, e a seus filhos, e a todos os filhos de Israel e dize-lhes: Todo homem da casa de Israel, ou dos estrangeiros em Israel, que oferecer a sua oblação, quer seja algum de seus votos, quer seja alguma de suas ofertas voluntárias, que oferecerem a Jeová para holocausto, 19 Lv 21.18-21;Dt 15.21para que sejais aceitos, oferecereis um macho sem defeito, ou dos bois, ou das ovelhas, ou das cabras. 20 Porém todo o que tiver defeito, a esse não oferecereis; porque não será aceito a vosso favor. 21 Todo o que oferecer a Jeová um sacrifício de ofertas pacíficas para cumprir um voto, ou para oferta voluntária, quer do gado vacum, quer do gado miúdo, o animal deverá ser perfeito, para que seja aceito; não haverá nele defeito algum. 22 Se for cego, ou quebrado, ou aleijado, ou tiver úlceras, ou sarna, ou impigens, não os oferecereis a Jeová, nem deles poreis ofertas queimadas a Jeová sobre o altar. 23 Um novilho, ou um cordeiro, que tenha membros supérfluos, ou que for falto de membros, a esse poderás oferecer para oferta voluntária; mas para cumprir um voto não será aceito. 24 Não oferecereis a Jeová um animal que tiver os Lv 21.20testículos machucados, ou moídos, ou quebrados, ou cortados; nem fareis isso na vossa terra. 25 Nem da mão do estrangeiro oferecereis de alguma dessas coisas o Lv 21.22pão do vosso Deus; porque a sua corrupção está nelas, há nelas defeito: não serão aceitas a vosso favor.
26 Disse mais Jeová a Moisés: 27 Quando nascer um boi, ou uma ovelha, ou uma cabra, por Êx 22.30sete dias ficará debaixo de sua mãe; do oitavo em diante será aceito para oblação de uma oferta queimada a Jeová. 28 Dt 22.6-7Ou seja vaca, ou seja ovelha, não a matarás a ela e a sua cria, ambos no mesmo dia. 29 Quando oferecerdes a Jeová Lv 7.12um sacrifício de ação de graças, oferecê-lo-eis para que sejais aceitos. 30 No mesmo dia, será comido; e dele nada deixareis até pela manhã: eu sou Jeová. 31 Guardareis os meus mandamentos e os cumprireis: eu sou Jeová. 32 Não profanareis o meu santo nome; mas sereis santificado entre os filhos de Israel: eu sou Jeová, que vos santifico, 33 Lv 11.45que vos tirei da terra do Egito, para ser o vosso Deus: eu sou Jeová.