1 ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲက အသံကိုလွှင့်လျက် မောရှေကိုခေါ်တော်မူ၍၊ 2 သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ ဆက်ရမည်။
3 နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားမှာဆက်ရမည်။ 4 ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။ 5 ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနား ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ 6 ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။ 7 အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊ 8 ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။ 9 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
10 သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ 11 ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ 12 ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့် ဆီဥကိုစုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာခင်းရမည်။ 13 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တစ်ကောင်လုံးကိုဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
14 ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ဆက်ရမည်။ 15 ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။ 16 စလုတ်မှစ၍ စလုတ်၌ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင်အရှေ့ဘက်နား၌ ပစ်ထားရမည်။ 17 အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာမီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။
1 Nm 7.89Chamou Jeová a Moisés e disse-lhe da tenda da revelação: 2 Fala aos filhos de Israel e dize-lhes: Quando algum de vós oferecer uma oblação a Jeová, Lv 22.19do gado, isto é, do gado vacum ou gado miúdo, oferecereis as vossas oblações.
3 Se a sua oblação for holocausto tirado do gado vacum, oferecerá ele um macho Lv 22.20-24;Dt 15.21;17.1sem defeito; oferecê-lo-á Lv 17.8-9;Dt 12.6,11à porta da tenda da revelação, para que seja aceito diante de Jeová. 4 Êx 29.10,15,19Porá a mão sobre a cabeça do holocausto; e este será aceito a favor dele para lhe servir de expiação. 5 Ele Êx 29.11,16,20matará o novilho diante de Jeová: os filhos de Arão, os sacerdotes, oferecerão Lv 17.11o sangue, e o Lv 1.11;Lv 3.2,8,13aspergirão ao redor sobre o altar que está à porta da tenda da revelação. 6 Lv 7.8Então ele esfolará o holocausto e o cortará em pedaços. 7 Lv 6.8-13Os filhos de Arão, o sacerdote, porão fogo sobre o altar e colocarão em ordem lenha sobre o fogo. 8 Os filhos de Arão, os sacerdotes, colocarão em ordem os pedaços, a saber, a cabeça e Lv 3.3-4a gordura, sobre a lenha que está no fogo em cima do altar; 9 mas os intestinos e as pernas do novilho ele os lavará com água. O Nm 15.8-10;28.12,14sacerdote queimará tudo isso sobre o altar como holocausto, oferta queimada, de Êx 29.18,25;Ef 5.2suave cheiro a Jeová.
10 Se a sua oblação em holocausto for do gado miúdo, das ovelhas ou das cabras, oferecerá ele um macho sem defeito. 11 Matá-lo-á diante de Jeová ao lado do altar que olha para Lv 1.5o norte, e os filhos de Arão, os sacerdotes, aspergirão o sangue sobre o altar em redor. 12 Então ele o cortará em pedaços; e, juntamente com a cabeça e a Lv 3.3-4gordura, o sacerdote os porá em ordem sobre a lenha que está no fogo em cima do altar; 13 mas os intestinos e as pernas ele os lavará com água. Nm 15.4-7;28.12-14O sacerdote oferecerá tudo isso e o queimará sobre o altar; holocausto é, oferta queimada, de suave cheiro a Jeová.
14 Se a sua oblação a Jeová for holocausto tirado das aves, a sua oblação que oferecerá será de Gn 15.9rolas ou de pombinhos. 15 O sacerdote a trará ao altar, e lhe destroncará o pescoço, e a queimará Lv 5.9sobre o altar. O sangue dela ele fará correr sobre a borda do altar, 16 tirará o papo e seu excremento e o lançará junto ao altar para o lado do oriente, no lugar da cinza. 17 Lv 5.8;Gn 15.10Fendê-la-á perto das asas, porém não a partirá; o sacerdote a queimará sobre o altar, em cima da lenha que está no fogo; holocausto é, oferta queimada, de suave cheiro a Jeová.