1 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ 2 သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။ 3 တဲတော်အထဲ၌၊ သက်သေခံချက်သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။ 4 စားပွဲကိုလည်းသွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်းသွင်း၍၊ မီးခွက်တို့ကိုထွန်းရမည်။ 5 နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကိုဆွဲကာရမည်။ 6 ယဇ်ကောင်ရှို့ရာပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။ 7 အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ရေကိုထည့်ရမည်။ 8 တဲတော်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။ 9 လိမ်းရန် ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကိုလိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့တဲတော်သည် သန့်ရှင်းရလိမ့်မည်။ 10 ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကိုလိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန်သန့်ရှင်းသောပလ္လင်ဖြစ်ရမည်။ 11 အင်တုံနှင့် ခြေထောက်ကိုလည်းလိမ်း၍ သန့်ရှင်းစေရမည်။ 12 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာတံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။ 13 အာရုန်သည်ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။ 14 သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။ 15 အကယ်စင်စစ် သူတို့ဆီလိမ်းခြင်းဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ်အရာ ဖြစ်သတည်းဟု၊ 16 ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
17 သက္ကရာဇ်နှစ်ခု၊ ပထမလ၊ ပထမနေ့၌ မောရှေသည် တဲတော်ကိုဆောက်လေ၏။ 18 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကိုနေရာချ၍၊ ပျဉ်ပြားများကိုထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကိုလျှို၍၊ တိုင်တို့ကိုထူလေ၏။ 19 တဲတော်အပေါ်မှာ တဲကိုဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။ 20 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းပိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊ 21 သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။ 22 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား၍၊ 23 စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကိုပြင်ဆင်လေ၏။ 24 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင်ထား၍၊ 25 ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။ 26 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာထား၍၊ 27 ထိုပလ္လင်ပေါ်၌ မွှေးသောနံ့သာပေါင်းကို မီးရှို့လေ၏။ 28 တဲတော်တံခါးဝ၌လည်း၊ ကုလားကာကိုဆွဲကာလေ၏။ 29 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာကိုလည်းကောင်း ပူဇော်လေ၏။ 30 အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြားမှာထား၍၊ ဆေးစရာရေကို အင်တုံ၌ထည့်လေ၏။ 31 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အထဲသို့ ဝင်သော်လည်းကောင်း၊ 32 ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်လည်းကောင်း၊ လက်ခြေတို့ကို ဆေးရကြ၏။ 33 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ကာသော ကုလားကာကိုဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကိုပြီးစီးစေသတည်း။
34 ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။တော၊ ၉:၁၅-၂၃၊၃ ရာ၊ ၈:၁၀-၁၁၊ဟေရှာ၊ ၆:၄၊ယေဇ၊ ၄၃:၄-၅၊ဗျာ၊ ၁၅:၈။35 ထိုသို့ မိုးတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။ 36 ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။ 37 မိုးတိမ်မကွာမမြောက်လျှင်၊ မကွာမမြောက်မီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။ 38 ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုးတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။
1 Depois, disse Jeová a Moisés: 2 Êx 19.1;40.17;Nm 1.1No primeiro mês, no primeiro dia do mês, levantarás o tabernáculo da tenda da revelação. 3 Porás nele a arca do Testemunho e deixarás cair o véu diante dela. 4 Meterás nele a mesa e porás por ordem as coisas que estão sobre ela; meterás nele também o candeeiro e acenderás as suas lâmpadas. 5 Colocarás o altar de ouro para o incenso diante da arca do Testemunho e pendurarás o anteparo da entrada do tabernáculo. 6 Porás o altar do holocausto diante da entrada do tabernáculo da tenda da revelação. 7 Porás também o lavatório entre a tenda da revelação e o altar e o encherás de água. 8 Com as cortinas farás o átrio em roda e pendurarás o anteparo da porta do átrio. 9 Tomando o óleo da unção, ungirás o tabernáculo e tudo o que nele está e o santificarás a ele e a todos os seus móveis; e será santo. 10 Ungirás o altar do holocausto e todos os seus utensílios e santificarás o altar; o altar será santíssimo. 11 Ungirás o lavatório e a sua base e o santificarás. 12 Farás chegar Arão e seus filhos à entrada da tenda da revelação e os lavarás com água. 13 Vestirás a Arão dos vestidos sagrados, e o ungirás, e o santificarás, para que me sirva no ofício sacerdotal. 14 Farás também chegar seus filhos, e os vestirás de túnicas, 15 e os ungirás, como ungiste a seu pai, para que me sirvam no ofício sacerdotal; sua unção lhes será por um Êx 29.9sacerdócio perpétuo nas suas gerações. 16 Fez Moisés segundo tudo o que Jeová lhe ordenou; assim o fez.
17 No primeiro mês do segundo ano, Êx 40.2no primeiro dia do mês, foi levantado o tabernáculo. 18 Moisés levantou o tabernáculo, e pôs suas bases, e armou as suas peças, e nelas meteu os seus varais, e assentou as suas colunas. 19 Estendeu a tenda por cima do tabernáculo e pôs a coberta da tenda por cima, conforme Jeová ordenou a Moisés. 20 Tomando Dt 10.5;1Rs 8.9;2Cr 5.10;Hb 9.4o Testemunho, pô-lo na arca, e meteu os varais na arca, e pôs o propiciatório em cima da arca. 21 Introduziu a arca no tabernáculo, e pendurou o véu do anteparo, e com ele cobriu a arca do Testemunho, conforme Jeová ordenou a Moisés. 22 Pôs também a mesa na tenda da revelação, ao lado do tabernáculo, para o norte, fora do véu. 23 Sobre ela pôs em ordem os Êx 25.30;Lv 24.5-6pães da proposição de Jeová, conforme Jeová ordenou a Moisés. 24 Na tenda da revelação, pôs o candeeiro defronte da mesa, ao lado do tabernáculo, para o sul. 25 Acendeu as lâmpadas diante de Jeová; conforme Jeová ordenou a Moisés. 26 Pôs o altar de ouro na tenda da revelação diante do véu 27 e sobre ele queimou incenso aromático, conforme Jeová ordenou a Moisés. 28 Pôs o anteparo à entrada do tabernáculo. 29 Colocou o altar do holocausto à entrada do tabernáculo da tenda da revelação e ofereceu sobre ele o holocausto e a oferta de cereais, conforme Jeová ordenou a Moisés. 30 Pôs o lavatório entre a tenda da revelação e o altar e o encheu de água, para se lavar. 31 Êx 30.19-20Junto dele lavaram Moisés, e Arão, e seus filhos as mãos e os pés; 32 quando entravam na tenda da revelação e quando se chegava ao altar, lavavam-se, conforme Jeová ordenou a Moisés. 33 Erigiu o átrio ao redor do tabernáculo e do altar e pendurou o anteparo da porta do átrio. Assim acabou Moisés a obra.
34 Nm 9.15-23Então, a nuvem cobriu a tenda da revelação, e a glória de Jeová encheu o tabernáculo. 35 Moisés não podia entrar na tenda da revelação, porque a nuvem permanecia sobre ela, e a glória de Jeová enchia o tabernáculo. 36 Quando de sobre o tabernáculo se levantava a nuvem, os filhos de Israel iam adiante, em todas as suas jornadas; 37 porém, se não se levantava a nuvem, não caminhavam até o dia em que se levantava. 38 De dia, repousava a nuvem de Jeová sobre o tabernáculo, e, de noite, havia fogo nele, à vista de toda a casa de Israel, em todas as suas jornadas.