1 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ တတိယလ တစ်ရက်နေ့၌ သိနာတောသို့ရောက်ကြ၏။ 2 ရေဖိဒိမ်အရပ်ကထွက်သွားပြီးမှ သိနာတောသို့ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။ 3 မောရှေသည် ဘုရားသခင့်ထံတော်သို့တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်ကခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသောအမိန့်တော်ဟူမူကား၊ 4 ငါသည် အဲဂုတ္တုလူတို့၌ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဖို့သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ 5 ထိုကြောင့် ယခုတွင် သင်တို့သည်ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။တရား၊ ၄:၂၀၊၇:၆၊၁၄:၂၊၂၆:၁၈၊၁ ပေ၊ ၂:၉၊တိ၊ ၂:၁၄။6 သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ဗျာ၊ ၁:၆၊၅:၁၀၊၁ ပေ၊ ၂:၉။
7 မောရှေသည်ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကိုခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ 8 လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။ 9 ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည်ကြား၍ အစဉ်အမြဲ သင့်ကိုယုံမည်အကြောင်း၊ မိုးတိမ်တိုက်၌ သင့်ဆီသို့ငါလာမည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
10 ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့် နက်ဖြန်၌ သူတို့ကိုသန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊ 11 သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည်လူအပေါင်းတို့ရှေ့၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။ 12 လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်ခြေရင်းကိုမထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကိုထိမိသောသူမည်သည်ကား၊ ဧကန်အမှန်အသေခံစေ။ 13 ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။ဟေဗြဲ၊ ၁၂:၁၈-၂၀။14 မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကိုလျှော်ကြ၏။ 15 မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အားဆိုလေ၏။
16 သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာမိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ဗျာ၊ ၄:၅။17 မောရှေသည်လည်း ဘုရားသခင်နှင့်တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။ 18 ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။တရား၊ ၄:၁၁-၁၂။19 တံပိုးမြည်သံသည်ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့်ထူးတော်မူ၏။ 20 ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ခေါ်တော်မူလျှင်၊ မောရှေသည်တက်လေ၏။ 21 ထာဝရဘုရားကလည်း၊ လူတို့သည်ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည်သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍သတိပေးလော့။ 22 ထာဝရဘုရားထံသို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ်သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအားမိန့်တော်မူ၏။ 23 မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအားပြန်လျှောက်လေ၏။ 24 ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့် အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကိုဒဏ်ခတ်တော်မူမည်ဟု မိန့်တော်မူ၏။ 25 မောရှေသည်လည်း လူများတို့ရှိရာသို့ဆင်း၍ ကြားပြောလေ၏။
1 Êx 12.6,51;16.1No terceiro mês, depois que os filhos de Israel haviam saído da terra do Egito, no mesmo dia entraram no deserto de Dt 1.6;4.10,15;5.2Sinai. 2 Tendo, pois, partido de Êx 17.1Refidim, chegaram ao deserto de Sinai, em que se acamparam; ali, se acampou Israel em frente do Êx 18.5monte. 3 Subiu Moisés a Deus, e do monte Jeová o chamou, dizendo: Assim falarás à casa de Jacó e anunciarás aos filhos de Israel: 4 Tendes visto o que fiz aos egípcios, de que modo vos trouxe sobre Dt 32.11asas de águias e vos cheguei a mim. 5 Êx 15.26Agora, pois, se atentamente ouvirdes a minha voz e Sl 78.10guardardes a minha aliança, sereis a Dt 7.6;14.2minha possessão peculiar dentre todos os povos (pois Êx 9.29minha é toda a terra) 6 e vós me sereis 1Pe 2.5,9;Ap 1.6;5.10reino de sacerdotes e Dt 14.21;26.19nação santa. Estas são as palavras que falarás aos filhos de Israel.
7 Êx 4.29-30Veio Moisés e, convocados os anciãos do povo, expôs-lhes todas essas palavras que Jeová lhe ordenara. 8 Êx 4.31;24.3,7;Dt 5.27Todo o povo respondeu a uma voz: Tudo o que Jeová tem falado faremos. Referiu Moisés a Jeová as palavras do povo. 9 Então, disse Jeová a Moisés: Eis que venho ter contigo em Êx 19.16;24.15-16;Sl 99.7uma nuvem espessa, para que o povo ouça quando eu falar contigo e para que também te creia para sempre. Referiu Moisés a Jeová as palavras do povo. 10 Disse Jeová a Moisés: Vai ter com o povo e santifica-os hoje e amanhã. Gn 35.2;Nm 8.7;19.19;Ap 22.14Lavem os seus vestidos 11 e estejam prontos para o terceiro dia, porque, Êx 19.16no terceiro dia, descerá Jeová à vista de todo o povo sobre o monte Sinai. 12 Marcarás em roda limites ao povo, dizendo: Guardai-vos, não subais ao monte, nem toqueis o seu termo; todo o que tocar o monte certamente será morto. 13 Mão alguma tocará naquele que o fizer, mas Hb 12.20ele será apedrejado ou asseteado; quer seja animal, quer seja homem, não viverá. Quando se prolongar o som da buzina, subirão eles ao Êx 19.17monte. 14 Moisés, tendo descido do monte, foi ter com o povo e o santificou; e lavaram os seus vestidos. 15 Disse ao povo: Estai prontos para o terceiro dia e não vos chegueis a mulher.
16 Hb 12.18-19Ao terceiro dia, depois de raiar o dia, houve trovões e relâmpagos. Uma nuvem espessa cobriu o monte, e ouviu-se um sonido de buzina mui forte; estremeceu todo o povo que estava no arraial. 17 Moisés levou o povo fora do arraial ao encontro de Deus; e pararam ao pé do monte. 18 Sl 104.32;144.5O monte Sinai, todo ele, fumegava, porque Jeová tinha descido a ele Dt 5.4;Hb 12.18em fogo; do monte subiu o fumo, como o Gn 19.28fumo de uma fornalha, e Sl 68.7-8o monte tremia grandemente. 19 Quando o sonido da buzina se ia aumentando cada vez mais, falava Moisés, e respondia-lhe Deus por uma voz. 20 Ne 9.13Desceu Jeová sobre o monte Sinai, ao cume do monte, e chamou Moisés ao cume do monte. Moisés subiu, 21 e disse Jeová a Moisés: Desce, adverte ao povo, para que não suceda que Êx 3.5;1Sm 6.19passem além dos limites a Jeová, a fim de ver, e muitos deles pereçam. 22 Os Êx 19.24;24.5;Lv 10.3;21.6-8sacerdotes também que se chegam a Jeová, santifiquem-se a si mesmos, para que Jeová não os fira. 23 Respondeu Moisés a Jeová: O povo não poderá subir ao monte; pois tu nos ordenaste expressamente, dizendo: Êx 19.12Marca limites ao redor do monte e santifica-o. 24 Replicou-lhe Jeová: Vai, desce. Subirás Êx 24.1tu, e Arão, contigo; porém não passem além dos limites Êx 19.22os sacerdotes e o povo, para subir a Jeová, para que não suceda que os fira. 25 Desceu, pois, Moisés ao povo e disse-lhes isso.