1 ထိုကာလ၌ လေဝိအမျိုးသားတစ်ယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊ 2 မိန်းမသည်ပဋိသန္ဓေယူသဖြင့် သားယောက်ျားကိုဖွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကိုအမိမြင်လျှင်၊ သုံးလပတ်လုံးဝှက်ထားလေ၏။တ၊ ၇:၂၀၊ဟေဗြဲ၊ ၁၁:၂၃။3 နောက်တစ်ဖန်ဝှက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ 4 သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကိုသိမြင်ခြင်းငှာ အဝေး၌ရပ်နေလေ၏။ 5 ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။ 6 ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊ 7 သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊ 8 မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
9 ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။ 10 သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှေအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနုတ်ယူသည်ဟု ဆိုသတည်း။တ၊ ၇:၂၁။
11 မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတစ်ယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊ဟေဗြဲ၊ ၁၁:၂၄။12 ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။ 13 နက်ဖြန်နေ့၌ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကိုမြင်လျှင်၊ သင်သည်သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့်ရိုက်သနည်းဟု ညှဉ်းဆဲသောသူအားမေးသည်ရှိသော်၊ 14 ထိုသူက၊ အဘယ်သူသည်သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။တ၊ ၇:၂၃-၂၈။15 ထိုသတင်းကို ဖာရောဘုရင်ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှာ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍နားနေလေ၏။တ၊ ၇:၂၉၊ဟေဗြဲ၊ ၁၁:၂၇။
16 ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏သိုးဆိတ်များကို ရေတိုက်ခြင်းငှာလာ၍ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။ 17 သိုးထိန်းအချို့တို့လည်းလာ၍ သိုးဆိတ်များကိုမောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကိုရေတိုက်လေ၏။ 18 ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။ 19 သူတို့ကလည်း၊ အဲဂုတ္တုလူတစ်ယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။ 20 အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှာ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။ 21 မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကိုမောရှေအား ထိမ်းမြားပေးစားလေ၏။
22 ထိုမိန်းမဖွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။ 23 ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။ 24 သူတို့ ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။က၊ ၁၅:၁၃-၁၄။25 ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။
1 Foi-se um homem da Êx 6.19-20casa de Levi e casou com uma filha de Levi. 2 A mulher concebeu e deu à luz um filho; e, vendo que ele era At 7.20;Hb 11.23formoso, escondeu-o três meses. 3 Não podendo escondê-lo por mais tempo, tomou para ele Is 18.2uma arca de juncos e betumou-a com betume e pez; e, metendo na arca o menino, pô-la Is 19.6à beira do rio, num carriçal. 4 Êx 15.20;Nm 26.59Sua irmã ficou de longe para ver o que lhe havia de acontecer. 5 Desceu a filha de Faraó para Êx 7.15;8.20se banhar no rio, e as suas criadas andavam passeando à beira do rio; vendo ela no carriçal a arca, mandou a sua criada buscá-la. 6 Quando ela a abriu, viu a criança; e eis que o menino chorava. Tendo compaixão dele, disse: Este é um dos filhos dos hebreus. 7 Então, perguntou a irmã do menino à filha de Faraó: Queres que eu te vá chamar uma ama das hebreias, para que crie o menino para ti? 8 Respondeu-lhe a filha de Faraó: Vai. Foi-se, pois, a moça e chamou a mãe do menino. 9 Então, lhe disse a filha de Faraó: Toma este menino e cria-mo, e eu te darei o teu salário. A mulher tomou o menino e o criou. 10 Sendo o menino já grande, ela o trouxe à filha de Faraó, a qual At 7.21o adotou por filho e lhe chamou Moisés, dizendo: Porque das águas o tirei.
11 Por aqueles dias, At 7.23;Hb 11.24sendo Moisés já homem, saiu a ter com seus irmãos e para as Êx 1.11;5.4-5;6.6-7suas cargas atentou; e At 7.24viu um egípcio ferindo a um de seus irmãos hebreus. 12 Olhou para uma e outra parte, e, vendo que não havia ali ninguém, matou o egípcio, e escondeu-o na areia. 13 Saiu At 7.26-28no dia seguinte, e eis que dois hebreus estavam brigando; e perguntou ao que fazia a injúria: Por que feres ao teu próximo? 14 Respondeu ele: Gn 19.9;At 7.27Quem te constituiu a ti príncipe e juiz sobre nós? Pensas tu matar-me como mataste o egípcio? Temeu, pois, Moisés e disse: Sem dúvida, já está isso conhecido. 15 Ora, depois que Faraó soube disso, procurava matar a Moisés. Porém At 7.29Moisés fugiu da presença de Faraó e deteve-se na terra de Midiã; e sentou-se junto Gn 24.11;29.2dum poço.
16 Êx 3.1;18.12O sacerdote de Midiã tinha sete filhas; Gn 24.13,19vieram estas tirar água e encheram os tanques para dar de beber ao rebanho de seu pai. 17 Então, vieram os pastores e as enxotaram; Gn 29.3,10Moisés, porém, levantou-se, defendeu-as e deu de beber ao rebanho delas. 18 Tendo voltado à casa de seu pai Êx 3.1;Nm 10.29Reuel, perguntou ele: Como é que voltastes tão cedo hoje? 19 Responderam elas: Um egípcio livrou-nos das mãos dos pastores, e, além disso, tirou água, e deu de beber ao rebanho. 20 Replicou a suas filhas: Onde está ele? Por que é que deixastes lá o homem? Chamai-o para que coma pão. 21 At 7.29Moisés consentiu em morar com o homem; e ele deu a Moisés sua filha Êx 4.25;18.2Zípora. 22 Ela deu à luz Êx 4.20;18.3-4um filho, a quem ele chamou Gérson, porque disse: Gn 23.4Peregrino tenho sido numa terra estrangeira.
23 No decorrer de muitos dias, morreu o rei do Egito; os filhos de Israel Êx 6.5,9gemiam sob a escravidão e por causa dela clamaram; Êx 3.7,9e subiu a Deus o seu clamor. 24 Ouviu-lhes Deus os gemidos e lembrou-se da sua Gn 22.16-18;26.2-5;28.13-15aliança com Abraão, com Isaque e com Jacó. 25 Viu Deus os filhos de Israel e os conheceu.