1 ထိုနောက်မှ၊ မောရှေနှင့် အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ငါ့အဖို့ ပွဲခံစေခြင်းငှာလွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက်၏။ 2 ဖာရောမင်းကလည်း၊ ထာဝရဘုရား၏စကားကိုနားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။ 3 သူတို့ကလည်း၊ ဟေဗြဲလူတို့၏ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက်ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကိုပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ဓားဘေးတစ်စုံတစ်ခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။ 4 အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့်အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကိုသွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။ 5 တစ်ဖန်လည်းပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှာ သင်တို့သည် အခွင့်ပေးကြသည်တကားဟု ဖာရောဘုရင်ဆို၍၊ 6 ထိုနေ့ချင်းတွင်အအုပ်အချုပ်၊ အကြပ်အဆော်တို့ကိုခေါ်ပြီးလျှင်၊ 7 အုတ်လုပ်စရာဖို့ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့မပေးနှင့်။ သူတို့သည်ကောက်ရိုးကို ကိုယ်ဖို့ရှာယူကြစေ။ 8 အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည်ပျင်းရိကြ၏။ ထိုကြောင့်သွား၍ ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ၏။ 9 သို့ဖြစ်၍ စည်းကြပ်လျက်လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။ 10 အအုပ်အချုပ်အကြပ်အဆော်တို့သည် ထွက်၍၊ ဖာရောဘုရင်က ကောက်ရိုးကိုငါမပေး။ 11 ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ရှာကြ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ၏။ 12 သို့ဖြစ်၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကိုရှာယူခြင်းငှာ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။ 13 အုပ်ချုပ်သောသူတို့ကလည်း၊ ကောက်ရိုးကိုရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင်လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။ 14 ဖာရောမင်း၏အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုးအကြပ်အဆော်တို့ကို သင်တို့သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့် မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြသနည်းဟု စစ်၍ရိုက်ကြ၏။ 15 ထိုအခါ၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်း။ 16 ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သောသူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟုဆိုသဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာအပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။ 17 ဖာရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ဆိုတတ်ကြ၏။ 18 သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။
19 ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။ 20 ဖာရောမင်းထံမှထွက်သွားကြစဉ်၊ လမ်း၌စောင့်လျက်နေသော မောရှေနှင့် အာရုန်ကိုတွေ့လျှင်၊
21 ထာဝရဘုရားသည် သင်တို့ကိုကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖာရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှာလည်းကောင်း၊ ငါတို့ကို သတ်ရသောအခွင့်ရှိစေခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။ 22 မောရှေသည်လည်း၊ ထာဝရဘုရားထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့်ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ 23 အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့်ပြောခြင်းငှာ၊ ဖာရောမင်းထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကိုညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟုလျှောက်၏။
1 Depois, foram Moisés e Arão e disseram a Faraó: Êx 3.18Assim diz Jeová, o Deus de Israel: Êx 4.23Deixa ir o meu povo, para que me celebre uma festa no deserto. 2 Respondeu Faraó: Jó 21.15Quem é Jeová para que eu ouça a sua voz de modo a deixar ir a Israel? Não conheço Jeová, Êx 3.19nem tampouco deixarei ir a Israel. 3 Eles prosseguiram: Êx 3.18O Deus dos hebreus nos encontrou; deixa-nos, pois, ir caminho de três dias ao deserto e oferecer sacrifícios a Jeová, nosso Deus, para que não venha sobre nós com pestilência ou com espada. 4 Respondeu-lhes o rei do Egito: Moisés e Arão, por que distraís vós das suas obras ao povo? Ide às vossas Êx 1.11;2.11;6.6-7cargas. 5 Disse Faraó: Êx 1.9O povo da terra já é muito, e vós os fazeis descansar das suas cargas. 6 Naquele mesmo dia, deu ordem Faraó Êx 1.11;3.7;5.10,13-14aos superintendentes do povo e aos seus Êx 5.10,14-15,19oficiais, dizendo: 7 Não tornareis a dar, como dantes, palha a este povo para fazer tijolos; vão eles mesmos e ajuntem para si a palha. 8 Deles exigireis a mesma conta de tijolos que antes faziam e nada diminuireis dela; eles estão Êx 5.17ociosos; e, por isso, clamam, dizendo: Vamos e ofereçamos sacrifícios a nosso Deus. 9 Agrave-se-lhes o trabalho, para que nele se ocupem; não deem eles ouvidos a palavras mentirosas.
10 Saíram Êx 5.6os superintendentes do povo e seus oficiais e disseram ao povo: Assim diz Faraó: Não vos darei palha. 11 Ide vós e ajuntai palha onde puderdes achá-la, porque nada se diminuirá do vosso trabalho. 12 Assim, se espalhou o povo por toda a terra do Egito a ajuntar restolho em lugar de palha. 13 Os superintendentes instavam com eles, dizendo: Acabai a vossa obra, vossa tarefa diária, como quando havia palha. 14 Foram Is 10.24açoitados Êx 5.6os oficiais dos filhos de Israel que os superintendentes de Faraó tinham posto sobre eles, dizendo-lhes estes: Por que não acabastes nem ontem nem hoje a vossa tarefa, fazendo tijolos como antes?
15 Então, foram os oficiais dos filhos de Israel e clamaram a Faraó, dizendo: Por que tratas assim a teus servos? 16 Palha não se dá a teus servos, e nos dizem: Fazei tijolos. Eis que teus servos são açoitados; porém o teu povo é que tem a culpa. 17 Mas ele respondeu: Estais Êx 5.8ociosos, estais ociosos; por isso, dizeis: Vamos, ofereçamos sacrifícios a Jeová. 18 Ide, portanto, e trabalhai; não se vos dará palha; contudo, dareis a conta dos tijolos. 19 Então, os oficiais dos filhos de Israel viram-se em aperto, quando se lhes dizia: Nada diminuireis dos vossos tijolos, da vossa tarefa diária. 20 Encontraram a Moisés e Arão, que estavam à espera deles, quando saíram da presença de Faraó; 21 e Êx 14.11;15.24;16.2disseram-lhes: Gn 16.5;31.53Olhe Jeová para vós e julgue, porquanto nos Gn 34.30;1Sm 27.12fizestes odiosos aos olhos de Faraó e aos olhos de seus servos, metendo-lhes na mão uma espada para nos matar.
22 Tornando-se Moisés a Jeová, disse: Nm 11.11;Jr 4.10Senhor, por que trataste mal a este povo? Por que me enviaste? 23 Pois, desde que me apresentei a Faraó para falar em teu nome, ele tem maltratado a este povo; Êx 3.8e tu não tens livrado de maneira alguma o teu povo.