1 မိမိတို့အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလသားတို့၏အမည်ဟူမူကား၊ 2 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ 3 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ 4 ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ 5 ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။က၊ ၄၆:၈-၂၇။
6 ယောသပ်နှင့်အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။ 7 ဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌ နှံ့ပြားကြလေ၏။တ၊ ၇:၁၇။
8 ထိုနောက်မှအဲဂုတ္တုပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။တ၊ ၇:၁၈။9 ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက်သာ၍များကြ၏။ သာ၍အားကြီးကြ၏။ 10 လာကြ၊ သူတို့ကို လိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တစ်ခါစစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ဝင်စား၍ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲကထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။တ၊ ၇:၁၉။11 ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။ 12 သို့သော်လည်း၊ နှိပ်စက်ခြင်းကိုခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တုလူတို့သည်စိတ်ညစ်၍၊ 13 အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။ 14 သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။
15 ရှိဖရနှင့် ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမတို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊ 16 သင်တို့သည် ဟေဗြဲမိန်းမတို့အားဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောက်ျားဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော်ရှိ၏။ 17 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။ 18 အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကိုခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျားတို့ကို အဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော်၊ 19 ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မီ သားကိုဖွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။ 20 ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်းများပြား၍ အလွန်အားကြီးကြလေ၏။ 21 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏။ 22 ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဖွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကားအသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။တ၊ ၇:၁၉။
1 Ora, estes são os nomes dos filhos de Israel que entraram no Egito; entraram com Jacó, cada um com a sua família: 2 Gn 46.8-27Rúben, Simeão, Levi e Judá, 3 Issacar, Zebulom e Benjamim, 4 Dã e Naftali, Gade e Aser. 5 Todas as almas que saíram da coxa de Jacó eram Gn 46.27setenta. José, porém, já estava no Egito. 6 Gn 50.26Morreu José, e todos os seus irmãos, e toda aquela geração. 7 Depois, os filhos de Israel Gn 28.3;35.11;46.3;47.27;48.4;At 7.17frutificaram, aumentaram muito, multiplicaram-se e fizeram-se fortes duma maneira extraordinária; e a terra ficou cheia deles.
8 Entretanto, se levantou sobre o Egito At 7.18-19um novo rei que não conhecia a José. 9 Ele Sl 105.25disse ao seu povo: Eis que o povo dos filhos de Israel é mais numeroso e mais forte que nós. 10 Vinde, usemos de astúcia para com eles, para que não se multipliquem e para que não aconteça que, havendo guerra, se unam com os nossos inimigos, pelejem contra nós e se retirem da terra. 11 Portanto, puseram sobre eles Êx 3.7;5.6feitores para, com cargas, os afligirem. E os israelitas edificaram para Faraó as 1Rs 9.19;2Cr 8.4cidades-armazéns, Pitom e Ramessés. 12 Mas quanto mais os egípcios vexavam aos israelitas, Êx 1.7tanto mais estes se multiplicavam e se espalhavam. Os egípcios aborreciam aos filhos de Israel 13 e os faziam Gn 15.13;Dt 4.20;Êx 5.7-19servir com rigor; 14 amarguravam-lhes a vida com serviços penosos de barro e de tijolos e de toda sorte de trabalhos nos campos, com todas as suas tarefas, com que foram obrigados a servir com rigor.
15 O rei do Egito falou às parteiras hebreias, das quais uma se chamava Sifrá, e a outra, Puá; 16 e disse: Quando servirdes de parteira às mulheres hebreias e as virdes sobre os assentos, At 7.19se for filho, matá-lo-eis; mas, se for filha, deixá-la-eis viver. 17 Mas as parteiras Êx 1.21temeram a Deus e não fizeram como lhes havia ordenado o rei do Egito; antes, deixaram os meninos viver. 18 Então, o rei do Egito mandou chamar as parteiras e lhes perguntou: Por que tendes feito isso e deixado os meninos viver? 19 Responderam as parteiras a Faraó: Porque as mulheres hebreias não são como as egípcias; pois são vigorosas e já dão à luz antes que a parteira chegue a elas. 20 Fez Deus bem às parteiras; e Êx 1.12o povo aumentou-se e tornou-se extraordinariamente forte. 21 Porque as parteiras Êx 1.17temeram a Deus, ele lhes estabeleceu as casas. 22 Ordenou Faraó a todo o seu povo, dizendo: At 7.19A todos os filhos que nascerem, lançá-los-eis Gn 41.1no rio; mas a todas as filhas, deixá-las-eis viver.