1 လူသည် သိုးနွားကိုခိုး၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတစ်ကောင်အတွက် နွားငါးကောင်ကိုလည်းကောင်း၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကိုလည်းကောင်း ပြန်ပေးရမည်။ 2 သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတစ်ပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။ 3 သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ 4 သူခိုးလက်၌ ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
5 သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်လည်းကောင်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ထိန်းကျောင်းသော်လည်းကောင်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။ 6 မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်းလျှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
7 လူတစ်ဦးသည် အိမ်နီးချင်းတစ်ဦး၌ ရွှေငွေအစရှိသော ဥစ္စာတစ်စုံတစ်ခုကိုအပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။ 8 သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော၊ မယူလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။ 9 သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစ်စုံတစ်ခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ 10 လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစ်စုံတစ်ခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်လည်းကောင်း၊ ထိခိုက်၍ နာသော်လည်းကောင်း၊ သက်သေမရှိဘဲ သူတစ်ပါးမောင်း၍သွားသော်လည်းကောင်း၊ 11 အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။ 12 သို့ရာတွင် သူတစ်ပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အားပြန်ပေးရမည်။ 13 သားရဲကိုက်လျှင် သက်သေဖို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ 14 လူသည်အိမ်နီးချင်း၌ တစ်စုံတစ်ခုကိုငှား၍ ဥစ္စာရှင်မပါဘဲ သေသော်လည်းကောင်း၊ ထိခိုက်၍နာသော်လည်းကောင်း၊ အမှန်လျော်ရမည်။ 15 ဥစ္စာရှင်ပါလျှင်၊ ငှားသောသူသည် မလျော်ရ။ အခနှင့် ငှားလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာတောင်းရမည်။
16 မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ 17 မိန်းမ၏အဘ သဘောမတူ မပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။တရား၊ ၂၂:၂၈-၂၉။18 စုန်းမကို အသက်ရှင်စေခြင်းငှာ အခွင့်မပေးရ။တရား၊ ၁၈:၁၀-၁၁။19 တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ဝတ်၊ ၁၈:၂၃၊၂၀:၁၅-၁၆၊တရား၊ ၂၇:၂၁။20 ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။တရား၊ ၁၇:၂-၇။
21 တစ်ပြည်တစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ယှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ 22 မိဘမရှိသောသူငယ်နှင့် မုဆိုးမကို သင်တို့သည်မနှောင့်ယှက်ရ။ထွ၊ ၂၃:၉၊ဝတ်၊ ၁၉:၃၃-၃၄၊တရား၊ ၂၄:၁၇-၁၈၊၂၇:၉။23 နှောင့်ယှက်ခြင်း တစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အားအနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကိုအမှန်ကြား၍၊ 24 ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ဓားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
25 ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။ဝတ်၊ ၂၅:၃၅-၃၈၊တရား၊ ၁၅:၅-၇၊၂၃:၁၉-၂၀။26 အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ပေါင်ထားလျှင်၊ မိုးမချုပ်မီ ပြန်ပေးရမည်။တရား၊ ၂၄:၁၀-၁၃။27 အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။
28 ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။တ၊ ၂၃:၅။29 အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဖွားသော သားယောက်ျားကိုလည်း ငါ့အားဆက်ကပ်ရမည်။ 30 ထိုနည်းတူ သိုးနွားတို့ကိုပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူနေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။ 31 သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။ဝတ်၊ ၁၇:၁၅။
1 Se alguém furtar um boi (ou uma ovelha), e o matar ou vender, pagará cinco bois por um boi e 2Sm 12.6;Lc 19.8quatro ovelhas por uma ovelha. 2 Se o ladrão for achado minando uma casa e for ferido de modo que morra, o que o feriu não será réu de sangue. 3 Se o sol tiver saído sobre o ladrão, o que o feriu será réu de sangue; neste caso, o ladrão deverá fazer restituição. Se ele não tiver com que pagar, será vendido por seu furto. 4 Se aquilo que roubou for achado vivo em seu poder, seja boi, seja jumento, seja ovelha, pagará ele o dobro.
5 Se alguém fizer pastar um campo ou uma vinha, e soltar o seu animal, e este pastar no campo de outrem, do melhor do seu campo e do melhor da sua vinha fará restituição.
6 Se arrebentar um fogo e se prender nos espinhos, de modo que sejam destruídas as medas de trigo, ou as messes, ou o campo, aquele que acendeu o fogo, sem dúvida, fará restituição.
7 Lv 6.1-7Se um homem entregar ao seu próximo dinheiro ou vasos a guardar, e isso for furtado àquele que o recebeu; se for achado o ladrão, pagará o dobro. 8 Se o ladrão não for achado, o dono da casa se apresentará Êx 21.6;22.9,28;Dt 17.8-9;19.17aos juízes, para ver se não meteu a mão na fazenda do seu próximo. 9 Em todo caso de transgressão, seja a respeito de boi, ou de jumento, ou de ovelhas, ou de vestidos, ou de qualquer coisa perdida, de que uma das partes diz: Esta é a coisa, a causa de ambas as partes se levará Êx 22.8,28perante os juízes; aquele a quem os juízes condenarem pagará o dobro ao seu próximo.
10 Se alguém entregar ao seu próximo um jumento, ou um boi, ou uma ovelha, ou outro qualquer animal a guardar, e este morrer, ou se estropear, ou for arrebatado sem que ninguém o visse, 11 interpor-se-á o juramento de Jeová entre ambos, para ver se o guarda não meteu a mão na fazenda do seu próximo; o dono aceitará o juramento, e o outro não fará restituição. 12 Porém, se o animal lhe for furtado, fará restituição ao seu dono. 13 Se for dilacerado, trá-lo-á por testemunho; não fará restituição pelo que tiver sido dilacerado.
14 Se um homem pedir emprestado ao seu próximo e aquilo que for emprestado vier a danificar-se ou morrer em ausência do dono, certamente fará ele restituição. 15 Se o dono estiver presente, o outro não fará restituição; se a coisa for alugada, o preço do seu aluguel já respondeu por ela.
16 Dt 22.28-29Se alguém seduzir uma virgem que não está desposada e se deitar com ela, sem falta a dotará e a terá por mulher. 17 Se o pai da virgem recusar terminantemente dar-lha, pagará ele em dinheiro conforme o dote das virgens.
18 Não permitirás que viva uma Lv 20.27;Dt 18.10;Jr 27.9-10feiticeira.
19 Lv 18.23;20.15-16;Dt 27.21Quem tiver coito com uma besta, certamente será morto.
20 Êx 32.8;34.15;Lv 17.7Aquele que sacrificar a qualquer deus, a não ser tão somente a Jeová, Lv 27.29sem falta será morto. 21 Não fareis mal ao Lv 19.33-34;Dt 1.16;27.19peregrino, nem o oprimireis, porque fostes peregrinos na terra do Egito. 22 Dt 24.17-18Não afligireis a viúva, nem o órfão. 23 Pv 23.10-11;Jr 7.6;22.3Se de alguma maneira os afligirdes, e Dt 15.9eles clamarem a mim, sem dúvida ouvirei o seu clamor; 24 Dt 10.18;Sl 10.14,18;68.5o meu furor se acenderá, e vos matarei à espada; Sl 109.9vossas mulheres ficarão viúvas, e vossos filhos, órfãos.
25 Lv 25.35-37Se emprestares dinheiro a algum pobre dentre o meu povo que está contigo, não lhe serás como credor, nem lhe exigirás Dt 23.19-20juros. 26 Se por qualquer motivo tomares do teu próximo em penhor o seu vestido, lho restituirás antes do pôr do sol, 27 pois esta é a única cobertura que tem, é o vestido com que cobre as suas carnes. Em que se deitará ele? Êx 22.23Quando ele me clamar a mim, o ouvirei, pois sou misericordioso.
28 Lv 24.15-16Não injuriarás aos juízes, At 23.5nem amaldiçoarás ao magistrado do teu povo. 29 Êx 23.16,19;Dt 26.2-11Não tardarás em trazer ofertas do melhor das tuas ceifas e das tuas vinhas. Êx 13.2O primogênito de teus filhos mo darás. 30 Da mesma maneira farás com os teus bois e com as tuas ovelhas; sete dias ficará a cria com a mãe; Gn 17.12;Lv 12.3ao oitavo dia, ma darás. 31 Êx 19.6;Lv 11.44Ser-me-eis homens santos; portanto, Lv 7.24;17.15não comereis carne que tenha sido dilacerada no campo; deitá-la-eis aos cães.