1 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊ 2 နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။ 3-5 သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။ 6 သူနှင့်အတူ ဒန်အမျိုးသားအဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အားမှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကိုငါသွင်းထားပြီ။ 7 ထိုသူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာတင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကိုလည်းကောင်း၊ 8 စားပွဲနှင့် စားပွဲတန်ဆာကိုလည်းကောင်း၊ စင်ကြယ်သောမီးခုံနှင့် မီးခုံတန်ဆာရှိသမျှကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊ 9 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ 10 အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကိုဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ 11 လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌သုံးဖို့ နံ့သာပေါင်းမွှေးကိုလည်းကောင်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြမည်ဟု မိန့်တော်မူ၏။
12 တစ်ဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 13 ငါသည် သင်တို့ကိုသန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၊ ငါနှင့် သင်တို့၏သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဖို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ 14 ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ 15 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသောဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန်အသေခံရမည်။ထွ၊ ၂၀:၈-၁၁၊၂၃:၁၂၊၃၄:၂၁၊၃၅:၂၊ဝတ်၊ ၂၃:၃၊တရား၊ ၅:၁၂-၁၄။16 သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ 17 ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်နှင့်မြေကြီးကို၊ ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်တော်မူသည်ဟု မောရှေအားမိန့်တော်မူ၏။ထွ၊ ၂၀:၁၁။18 ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။
1 Êx 35.30;36.1Disse mais Jeová a Moisés: 2 Eis que chamei por nome Bezalel, filho de Uri, filho de Hur, da tribo de Judá;
3 e o enchi do Espírito de Deus, no tocante à sabedoria, à inteligência, à ciência e a toda sorte de obras,
4 para fazer invenções, para trabalhar em ouro, em prata e em cobre,
5 para gravar pedras de engaste, para entalhar madeiras e para trabalhar em toda sorte de obras.
6 Eis que eu designei juntamente com ele a Aoliabe, filho de Aisamaque, da tribo de Dã; e pus a sabedoria nos corações de todos os homens hábeis, para fazerem tudo o que eu tenho ordenado:
7 a tenda da revelação, e a arca do Testemunho, e o propiciatório que está por cima dela, e todos os móveis da tenda,
8 e a mesa com os seus utensílios, e Lv 24.4o candeeiro puro com todos os seus utensílios, e o altar do incenso,
9 e o altar do holocausto com todos os seus utensílios, e a bacia com a sua base,
10 e os vestidos finamente tecidos e os vestidos sagrados do sacerdote Arão, e os vestidos de seus filhos, para quando se empregarem no ofício sacerdotal,
11 e o óleo da unção, e o incenso aromático para o Santo Lugar; eles farão conforme tudo o que tenho ordenado.
12 Disse mais Jeová a Moisés:
13 Falarás também aos filhos de Israel: Êx 20.8Certamente, guardareis os meus sábados; pois este é Êx 31.17;Ez 20.12,20um sinal entre mim e vós pelas vossas gerações; para que saibais que eu sou Jeová, que vos santifico.
14 Portanto, guardareis o sábado, porque é santo para vós. Êx 31.15;Êx 35.2;Nm 15.32,35;Jo 7.23Aquele que o profanar, certamente, será morto; pois todo o homem que trabalhar neste dia será exterminado do meio do seu povo.
15 Seis dias se trabalhará; porém no sétimo dia, é um Êx 16.23;35.2-3sábado de descanso solene, consagrado a Jeová; Êx 31.14todo o que trabalhar neste dia, certamente será morto. 16 Pelo que os filhos de Israel guardarão o sábado, para o observarem pelas suas gerações, como pacto perpétuo.
17 Êx 31.13É um sinal perpétuo entre mim e os filhos de Israel; Êx 20.11;Gn 2.2-3pois, em seis dias, fez Jeová o céu e a terra, e, ao sétimo dia, descansou, e achou refrigério.
18 Deu a Moisés, depois que acabara de falar com ele no monte Sinai, Êx 24.12as duas tábuas do Testemunho, tábuas de pedra, Êx 32.15-16;34.1-28escritas pelo dedo de Deus.