1 ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဗောဇကတ်မြို့သား အဒါယ၏သမီး ယေဒိဒအမည်ရှိ၏။ယေ၊ ၃:၆။2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍ လက်ယာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
3 ယောရှိမင်းကြီး နန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကိုခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့ သွားလော့။ 4 ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါးစောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်းရေတွက်သဖြင့်၊ 5 ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှာ လုပ်ဆောင်သောသူ၊ 6 လက်သမားနှင့် ပန်းရန်သမားလုပ်သည်အတွက်၊ ဗိမာန်တော်ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်သည်အတွက် ဝေပေးရမည်အကြောင်းမှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။ 7 သို့ရာတွင် ထိုငွေကို လက်ခံသောသူတို့သည် သစ္စာစောင့်သောသူဖြစ်သောကြောင့် စာရင်းမပေးရကြ။၄ရာ၊၁၂:၁၅။
8 ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော်ရှာဖန်အား ဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဖတ်၏။ 9 တစ်ဖန် စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍လည်းကောင်း၊ 10 ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍လည်းကောင်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဖတ်ရွတ်လေ၏။ 11 ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ 12 ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသားအာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊ 13 ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဖို့ ဤကျမ်းစာ၌ ရေးထားသမျှသောစကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ 14 ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။ 15 မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ 16 ယုဒရှင်ဘုရင်ဖတ်သော ကျမ်းစကားလာသမျှအတိုင်း ငါသည် ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း၊ ဘေးရောက်စေမည်။ 17 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သောအရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ အခြားတစ်ပါးသောဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ 18 ထာဝရဘုရားကို မေးလျှောက်စေခြင်းငှာ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကိုရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တစ်ဖန် ပြန်လျှောက်ရမည်ကား၊ 19 ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကိုလည်းကောင်း၊ ဤအရပ်သားတို့ကိုလည်းကောင်း၊ ငါခြိမ်းခြောက်သောစကားကို သင်သည် ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကိုပြုသောကြောင့် သင့်စကားကို ငါနားထောင်၏။ 20 ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
1 2Cr 34.1Josias tinha oito anos quando começou a reinar e reinou trinta e um anos em Jerusalém. Sua mãe chamava-se Jedida, filha de Adaías, de Js 15.39Bozcate. 2 Ele fez o que era reto aos olhos de Jeová, andou em todo o caminho de seu pai Davi e Dt 5.32;Js 1.7não se desviou nem para a direita nem para a esquerda.
3 No ano décimo oitavo do rei Josias, enviou o rei o secretário Safã, filho de Azalias, filho de Mesulão, à Casa de Jeová, dizendo-lhe: 4 2Rs 12.4,9,10Sobe ao sumo sacerdote Hilquias, para que faça a soma do dinheiro que é trazido para a Casa de Jeová, coletado do povo pelos guardas da porta. 5 2Rs 12.11-14Que o deem aos mestres de obra da Casa de Jeová e que estes o deem aos que fazem a obra, aos que estão na Casa de Jeová, para repararem os estragos da casa, 6 aos carpinteiros, aos edificadores e aos pedreiros, para comprarem madeiras e pedras de cantaria, a fim de repararem a casa. 7 Contudo, 2Rs 12.15não se tomava conta a eles do dinheiro que lhes foi entregue nas mãos, porque eles se haviam com fidelidade.
8 O sumo sacerdote Hilquias disse ao secretário Safã: Dt 31.24-26;2Cr 34.14-15Achei o livro da lei na Casa de Jeová. Hilquias entregou o livro a Safã, que o leu. 9 O secretário Safã veio ter com o rei e deu-lhe conta, dizendo: Teus servos despejaram o dinheiro que se achou na casa e entregaram-no aos mestres de obra da Casa de Jeová. 10 Contou mais o secretário Safã ao rei, dizendo: O sacerdote Hilquias entregou-me um livro. Safã leu-o diante do rei. 11 Tendo o rei ouvido as palavras do livro da lei, Gn 37.34;Js 7.6rasgou os seus vestidos. 12 O rei ordenou ao sacerdote 2Rs 25.22;Jr 26.24Hilquias, e a Aicão, filho de Safã, e a 2Cr 34.20Acbor, filho de Micaías, e ao secretário Safã, e a Asaías, servo do rei, dizendo-lhes: 13 Ide e consultai a Jeová por mim, e pelo povo, e por todo o Judá acerca das palavras deste livro que se achou; pois Dt 29.23-28;31.17-18grande é o furor de Jeová que se acendeu contra nós, porque nossos pais não deram ouvidos às palavras deste livro, para fazerem conforme tudo o que de nós está escrito.
14 O sacerdote Hilquias, e Aicão, e Acbor, e Safã, e Asaías foram ter com a profetisa Hulda, mulher de Salum, filho de 2Cr 34.22Ticva, filho de Harás, encarregado das vestimentas (Ora, ela habitava em Jerusalém no Sf 1.10segundo quarteirão.), e falaram-lhe. 15 Ela lhes respondeu: Assim diz Jeová, Deus de Israel: Dizei ao homem que vos enviou a mim: 16 Assim diz Jeová: Eis que trarei males sobre este lugar e sobre os seus habitantes, a saber, todas as palavras do livro que o rei de Judá leu. 17 2Rs 21.22;Dt 29.25-26Porque me deixaram e queimaram incenso a outros deuses, para me provocarem à ira com todas as obras das suas mãos; portanto, o meu furor se acenderá contra este lugar e não se extinguirá. 18 Porém ao rei de Judá, que vos enviou a consultar a Jeová, assim lhe direis: Assim diz Jeová, Deus de Israel, a respeito das palavras que ouviste: 19 1Sm 24.5;Sl 51.17Porque se enterneceu o teu coração, e Êx 10.3;1Rs 21.29te humilhaste diante de Jeová, ao ouvires o que falei contra este lugar e contra os seus habitantes, a saber, que viriam a ser Lv 26.31desolação e Jr 26.6maldição, e 2Rs 22.11rasgaste os teus vestidos, e choraste diante de mim, eu também te ouvi, diz Jeová. 20 Portanto, eis que te recolherei a teus pais, 2Rs 23.30serás recolhido em paz à tua sepultura, e os teus olhos não verão todo o mal que eu trarei sobre este lugar. Tornaram a contar isso ao rei.