1 တစ်ဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍နေနိုင်သောအရပ် တစ်စုံတစ်ရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တစ်ပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။၄ရာ၊၄:၈-၃၇။2 ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နားထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။ 3 ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံမည့်အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။ 4 ထိုအခါ ရှင်ဘုရင်သည် ဘုရားသခင့်လူ၏ကျွန်ဂေဟာဇိနှင့်နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဖွယ်သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊ 5 ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသော သူငယ်၏အမိသည် ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟု လျှောက်လျှင်၊ 6 ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်းသက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကိုလည်းကောင်း၊ ပြည်တော်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ဖြစ်သမျှကိုလည်းကောင်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကို ခန့်ထားတော်မူ၏။
7 တစ်ဖန် ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်၊ 8 ဟာဇေလကိုခေါ်၍၊ သင်သည် လက်ဆောင်ကိုဆောင်လျက် ဘုရားသခင်၏လူကို ခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည်အတိုင်း၊ 9 ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။ 10 ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊ 11 စေ့စေ့ကြည့်ရှု၍ ဟာဇေလသည်မျက်နှာပျက်လေ၏။ ဘုရားသခင်၏လူသည်လည်း မျက်ရည်ကျ၏။ 12 ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲက၊ သင်သည် ဣသရေလအမျိုးသားတို့၌ ပြုလတ္တံ့သောဘေးဥပဒ်တည်းဟူသော သူတို့၏ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊ 13 ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသောအမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။၃ရာ၊၁၉:၁၅။14 ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်းဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှဆက်ဆက်ထမြောက်တော်မူမည် ဆိုပါသည်ဟု လျှောက်လေ၏။ 15 နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
16 ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။ 17 အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌မင်းပြု၍ ရှစ်နှစ်စိုးစံ၏။ 18 အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 19 သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသောသားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ ယုဒပြည်ကိုမဖျက်ဆီးဘဲ ထားတော်မူ၏။၃ရာ၊ ၁၁:၃၆။20 ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင်ဘုရင်ကိုပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။က၊ ၂၇:၄၀။21 ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့နှင့်တကွ၊ ဇာဣရမြို့သို့စစ်ချီ၍ ညအခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ပြေးကြ၏။ 22 သို့သော်လည်း၊ ဧဒုံပြည်သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။ ထိုကာလ၌လိဗနပြည်သည်လည်း ပုန်ကန်၏။ 23 ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 24 ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။ 26 အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ မင်းပြု၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလရှင်ဘုရင်ဩမရိမြေး အာသလိအမည်ရှိ၏။ 27 အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့ လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 28 အာဟပ်၏သားယောရံနှင့် ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည် ယောရံကိုထိခိုက်ကြ၏။ 29 ထိုသို့ ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သောအနာပျောက်စေခြင်းငှာ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသားအာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။
1 Ora, 2Rs 4.18,31-35Eliseu tinha dito à mulher cujo filho ele havia restaurado à vida: Levanta-te, vai com os de tua casa a peregrinar onde puderes, porque Sl 105.16;Ag 1.11Jeová chamou a fome, que Gn 41.27,54virá sobre a terra por sete anos. 2 Levantou-se a mulher e fez conforme a palavra do homem de Deus; e, indo com os de sua casa, peregrinou sete anos na terra dos filisteus. 3 Ao cabo dos sete anos, a mulher voltou da terra dos filisteus; e saiu para rogar ao rei sobre a sua casa e sobre as suas terras. 4 O rei falava com 2Rs 4.12;5.20-27Geazi, servo do homem de Deus, dizendo: Conta-me todas as grandes obras que Eliseu tem feito. 5 Referindo ele ao rei como Eliseu havia restaurado a vida àquele que estava morto, a mulher, cujo filho ele havia restaurado à vida, apareceu rogando ao rei sobre a sua casa e sobre as suas terras. Disse Geazi: Ó rei, meu senhor, esta é a mulher, e este é seu filho, a quem Eliseu restaurou à vida. 6 O rei interrogou a mulher, e ela lhe fez a narrativa. Então, o rei lhe deu um eunuco, dizendo: Faze restituir-lhe tudo o que era seu e todos os frutos do campo, desde o dia em que ela deixou a terra até agora.
7 Veio Eliseu a 1Rs 11.24Damasco. 2Rs 6.24Ben-Hadade, rei da Síria, estava doente; e lho anunciaram, dizendo: 2Rs 5.20O homem de Deus é chegado aqui. 8 Disse o rei a 1Rs 19.15,17Hazael: 1Rs 14.3Toma presentes contigo, e vai ao encontro do homem de Deus, e, por ele, 2Rs 1.2consulta a Jeová, perguntando: Hei de eu sarar desta doença? 9 Foi Hazael ao encontro dele, levando consigo um presente de quarenta camelos carregados com todas as boas coisas de Damasco. Chegou, apresentou-se diante dele e disse: 2Rs 5.13Teu filho Ben-Hadade, rei da Síria, enviou-me a ti para perguntar: Hei de eu sarar desta doença? 10 Respondeu-lhe Eliseu: 2Rs 8.14Vai, dize-lhe: Hás de sarar; contudo, 2Rs 8.15Jeová me mostrou que ele há de morrer. 11 Olhou para Hazael, fitando nele os olhos, 2Rs 2.17até que este ficou envergonhado; e o homem de Deus chorou. 12 Perguntou-lhe Hazael: Por que chora o meu senhor? Respondeu ele: Porque 2Rs 10.32-33;12.17;13.3,7sei o mal que hás de fazer aos filhos de Israel: porás fogo às suas fortalezas, matarás à espada os seus mancebos, 2Rs 15.16;Na 3.10despedaçarás os seus pequeninos e rasgarás os ventres de suas mulheres grávidas. 13 Tornou Hazael: Mas que é o teu servo, 1Sm 17.43;2Sm 9.8este cão, para fazer tão grande coisa? Respondeu Eliseu: 1Rs 19.15Jeová mostrou-me que tu serás rei da Síria. 14 Então, deixou a Eliseu e veio ao seu amo, que lhe perguntou: Que te disse Eliseu? Respondeu ele: Disse-me 2Rs 8.10que havias de sarar. 15 Ao outro dia, tomou Hazael o cobertor, mergulhou-o em água e estendeu-o sobre o rosto do rei, 2Rs 8.10que morreu. Em seu lugar, reinou Hazael.
16 No quinto ano de 2Rs 1.17;3.1Jeorão, filho de Acabe, rei de Israel, reinando Josafá em Judá, começou a reinar Jeorão, filho de Josafá, rei de Judá. 17 2Cr 21.5-10Tinha trinta e dois anos quando começou a reinar e reinou oito anos em Jerusalém. 18 Andou nos caminhos dos reis de Israel, como o fez a casa de Acabe (porque tinha por mulher a 2Rs 8.27filha de Acabe); e fez o mal à vista de Jeová. 19 Todavia, Jeová não quis destruir a Judá por causa do seu servo Davi, 1Sm 7.12,15;1Rs 11.36conforme a promessa que lhe havia feito de dar para sempre uma lâmpada a seus filhos.
20 Nos seus dias, rebelou-se 2Rs 8.22;3.9,26-27;1Rs 22.47Edom para não estar debaixo do poder de Judá e constituiu para si um rei. 21 Então, Jeorão passou a Zair, e, com ele, todos os seus carros. Ele se levantou de noite e feriu os edomitas que o cercaram e os capitães dos carros; 2Sm 18.17;19.8o povo fugiu para as suas tendas. 22 Assim, Gn 27.40se rebelou Edom para não estar debaixo do poder de Judá até o dia de hoje. Rebelou-se 2Rs 19.8;Js 21.13Libna ao mesmo tempo. 23 O restante dos atos de Jeorão e tudo o que ele fez, porventura, não estão escritos no Livro das Crônicas dos Reis de Judá? 24 Jeorão adormeceu com seus pais e 2Cr 21.20foi sepultado com eles na Cidade de Davi. Em seu lugar reinou seu filho 2Cr 21.1,17Acazias.
25 2Cr 22.1-6No ano duodécimo de Jeorão, filho de Acabe, rei de Israel, começou a reinar Acazias, filho de Jeorão, rei de Judá. 26 Acazias tinha vinte e dois anos quando começou a reinar e reinou um ano em Jerusalém. Sua mãe chamava-se Atalia, filha de Onri, rei de Israel. 27 Ele andou no caminho da casa de Acabe e fez o mal à vista de Jeová, como o fez a casa de Acabe; porque era genro da casa de Acabe. 28 Ele marchou com Jeorão, filho de Acabe, a pelejar contra 2Rs 8.15Hazael, rei da Síria, em 1Rs 22.3,29Ramote-Gileade; e os siros feriram a Jeorão. 29 Então, 2Rs 9.15o rei Jeorão voltou para se curar em Jezreel das feridas que os siros lhe fizeram em 2Rs 8.28;2Cr 22.5-6Ramá, quando pelejava contra Hazael, rei da Síria. 2Rs 9.16Acazias, filho de Jeorão, rei de Judá, desceu para visitar, em Jezreel, a Jeorão, filho de Acabe, que estava doente.