1 အာခဇိ၏မယ်တော် အာသလိသည် မိမိသားသေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ 2 သို့ရာတွင် အာခဇိ၏နှမ ယဟောရံမင်းကြီးသမီး ယောရှေဘသည် အာခဇိ၏သားယောရှကို အသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏အသက်လွတ်စေခြင်းငှာ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ 3 ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက် နေ၍၊ အာသလိသည် စိုးစံလေ၏။
4 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကိုပြုပြီးမှ၊ ရှင်ဘုရင်၏သားတော်ကို ပြလေ၏။ 5 ယောယဒကလည်း၊ သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သောလူ သုံးစုတစ်စုသည် နန်းတော်တံခါးကို စောင့်ရမည်။ 6 တစ်စုသည် သုရတံခါးကို စောင့်ရမည်။ တစ်စုသည် ကင်းနောက်တံခါးကို စောင့်ရမည်။ ထိုသို့ ဗိမာန်တော်ကို မဖြိုမဖျက်စေခြင်းငှာ စောင့်ရမည်။ 7 ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင်နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။ 8 လူတိုင်း မိမိလက်နက်ကိုကိုင်လျက် ကိုယ်တော်မြတ်ကိုဝိုင်း၍၊ တပ်ထဲသို့ ဝင်သမျှသောသူတို့ကို သတ်ရမည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော်သို့ လိုက်ရမည်ဟု မှာထားလေ၏။ 9 ထိုသို့ ယဇ်ပုရောဟိတ်ယောယဒ မှာထားသမျှအတိုင်း လူတစ်ရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသောသူနှင့် ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရောဟိတ် ယောယဒထံသို့ ရောက်သောအခါ၊ 10 ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများနှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတစ်ရာအုပ်တို့အား အပ်လေ၏။ 11 စောင့်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်လျက်၊ ရှင်ဘုရင်ကိုဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ယာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် ရပ်ကြ၏။ 12 ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ဘိသိက်ပေးလျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
13 အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသောအသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊ 14 ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နားမှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သောသူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ်လျက် ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။ 15 ယဇ်ပုရောဟိတ် ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာနေသောသူကို ဓားနှင့်သတ်ကြဟု လူတစ်ရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊ 16 အာသလိကိုဖမ်းဆီးလျက်၊ နန်းတော်သို့သွားသော မြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။
17 ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တစ်ဖန် ရှင်ဘုရင်နှင့်လူများတို့ကို တစ်ဦးနှင့်တစ်ဦး ပဋိညာဉ်ဖွဲ့စေ၏။ 18 ပြည်သူပြည်သားအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို အကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ်မဿန်ကို သတ်ကြ၏။ 19 ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော်အုပ်များကို ခန့်ထားပြီးမှ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။ 20 နန်းတော်နားမှာ အာသလိကိုသတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တစ်မြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
1 2Cr 22.10-12Vendo Atalia, mãe de Acazias, que seu filho era morto, levantou-se e destruiu toda a descendência real. 2 Mas Jeoseba, filha do rei Jeorão, irmã de Acazias, 2Rs 11.21;12.1tomou a Joás, filho de Acazias, e, do meio dos filhos do rei que foram mortos, furtou-o com sua ama, e pô-lo na câmara; esconderam-no de Atalia, de maneira que não foi morto. 3 Esteve com ela escondido seis anos na Casa de Jeová; e Atalia reinou sobre a terra.
4 2Cr 23.1-21No sétimo ano, enviou Joiada, e mandou vir os centuriões dos 2Rs 11.19;2Sm 20.23caritas e da guarda, e fê-los entrar à sua presença na Casa de Jeová; fez com eles aliança e, ajuramentando-os na Casa de Jeová, mostrou-lhes o filho do rei. 5 Ordenou-lhes, dizendo: Esta é a coisa que haveis de fazer: 1Cr 9.25uma terça parte de vós, os que entrais no sábado, fará a guarda da casa do rei; 6 outra terça parte ficará à porta de Sur; e a outra terça parte, à porta detrás do quartel da guarda. Assim, fareis a guarda da casa e servireis de barreira. 7 As duas companhias, a saber, todos os que saem no sábado, farão a guarda da Casa de Jeová, junto ao rei. 8 Rodeareis o rei, cada um com as suas armas na mão; e aquele que entrar dentro das fileiras, seja morto. Nm 27.16-17Estai com o rei quando sair e quando entrar.
9 Fizeram os centuriões conforme tudo o que ordenara o sacerdote Joiada. Tomando cada um os seus homens, os que haviam de entrar no sábado juntamente com os que haviam de sair no sábado, vieram ter com o sacerdote Joiada. 10 2Sm 8.7;1Cr 18.7O sacerdote entregou aos centuriões as lanças e os escudos que haviam sido do rei Davi, os quais estavam na Casa de Jeová. 11 Os da guarda puseram-se à roda do rei, cada um com as armas na mão, desde o lado direito até o lado esquerdo da casa, ao longo do altar e da casa. 12 Então, Joiada lhes apresentou o filho do rei, 2Sm 1.10pôs-lhe a coroa e deu-lhe o Êx 25.16;31.18Testemunho. Eles o constituíram rei e o ungiram; bateram as mãos e disseram: 1Sm 10.24Viva o rei!
13 Ouvindo Atalia o clamor da guarda e do povo, entrou ao povo na Casa de Jeová; 14 olhou, e eis que o rei estava junto 2Rs 23.3;2Cr 34.31à coluna, como era o costume, e os capitães e as trombetas, perto do rei; 1Rs 1.39-40todo o povo da terra estava alegre e tocava as trombetas. Atalia Gn 37.29;44.13rasgou os seus vestidos, e gritou: 2Rs 9.23Traição! traição! 15 Joiada, o sacerdote, ordenou aos centuriões que comandavam as tropas e disse-lhes: Levai-a para fora das fileiras; aquele que a seguir, matai-o à espada, porque o sacerdote disse: Não seja ela morta na Casa de Jeová. 16 Abriram caminho para ela; ela foi, pelo caminho da entrada dos cavalos, à casa do rei; e ali foi morta.
17 Js 24.25;2Cr 15.12-14;34.31Joiada fez aliança entre Jeová, e o rei, e o povo, para serem eles o povo de Jeová; também fez aliança 1Sm 10.25;2Sm 5.3entre o rei e o povo. 18 Todo o povo da terra foi 2Rs 10.26-27à casa de Baal, e a derrubaram; fizeram em pedaços os Dt 12.2-3altares e as imagens de Baal e 1Rs 18.40mataram a Matã, sacerdote de Baal, diante dos altares. O sacerdote pôs oficiais sobre a Casa de Jeová. 19 Tomou os centuriões, os 2Rs 11.4caritas, os da guarda e todo o povo da terra; conduziram da Casa de Jeová o rei e foram à casa do rei pelo caminho 2Rs 11.6da porta dos da guarda. O rei sentou-se sobre o trono dos reis. 20 E todo o povo da terra se alegrou, e a cidade ficou em paz; e mataram a Atalia à espada na casa do rei.
21 Tinha 2Cr 24.1-14Joás sete anos quando começou a reinar.