1 ထိုကာလအခါ ဟေဇကိမင်းသည်သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ 2 ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ 3 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ 4 ဟေရှာယသည် နန်းတော်အလယ်တံတိုင်းသို့ မရောက်မီ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊ 5 သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့တက်ရလိမ့်မည်။ 6 သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။ 7 ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကိုယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ မင်းကြီးသက်သာလေ၏။
8 ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကိုပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေးလျှင်၊ 9 ဟေရှာယက၊ ထာဝရဘုရားအမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ်သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည်လောဟု မေးသော်၊ 10 ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလို မရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။ 11 ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသောအရိပ်ကို ဆယ်ချက်ပြန်စေတော်မူ၏။
12 ထိုကာလအခါ ဗာလဒန်သားဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။ 13 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
14 ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ 15 နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ 16 ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်လော့။ 17 နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။၄ရာ၊ ၂၄:၁၃။ ၆ရာ၊ ၃၆:၁၀။18 သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။၄ ရာ၊ ၂၄:၁၄-၁၅၊ဒံ၊ ၁:၁-၇။19 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍လည်းကောင်း၊ အကယ်၍ ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍လည်းကောင်း၊ ဟေရှာယအား ဆိုလေ၏။
20 ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 21 ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
1 2Cr 32.24;Is 38.1-22Naqueles dias, adoeceu Ezequias de morte. O profeta Isaías, filho de Amós, veio ter com ele e disse-lhe: Assim diz o Senhor: 2Sm 17.23Põe em ordem a tua casa, porque morrerás e não viverás. 2 O rei virou o rosto para a parede e orou a Jeová, dizendo: 3 Ne 5.19;13.14,22,31Lembra-te, agora, Jeová, te peço, 2Rs 18.3-6de que modo tenho andado diante de ti em verdade e com um coração perfeito e tenho feito o que é do teu agrado. Derramou 2Sm 12.21-22Ezequias grande cópia de lágrimas. 4 Antes que Isaías tivesse chegado à parte central da cidade, veio-lhe a palavra de Jeová, dizendo: 5 Volta e dize a 1Sm 9.16;10.1Ezequias, príncipe do meu povo: Assim diz Jeová, Deus de teu pai Davi: 2Rs 19.20Eu ouvi a tua oração e Sl 39.12vi as tuas lágrimas. Eis que te sararei; ao terceiro dia, subirás à Casa de Jeová. 6 Acrescentarei aos teus dias quinze anos; das mãos do rei da Assíria te livrarei a ti e a toda esta cidade, que 2Rs 19.34defenderei por amor de mim e por amor do meu servo Davi. 7 Disse Isaías: Tomai uma pasta de figos. Tomaram-na e puseram-na sobre a úlcera; e o rei sarou.
8 Perguntou Ezequias a Isaías: Qual será o sinal de que Jeová me sarará e de que, ao terceiro dia, subirei à Casa de Jeová? 9 Respondeu Isaías: Isto te será por sinal da parte de Jeová, de que ele cumprirá o que falou: adiantará dez degraus ou voltará a sombra dez degraus atrás? 10 Ezequias disse: É fácil que a sombra adiante dez degraus; não seja assim, mas volte ela dez degraus atrás. 11 O profeta Isaías clamou a Jeová; e Jeová Js 10.12-14fez que a sombra voltasse dez degraus que já tinha adiantado sobre os degraus de Acaz.
12 2Cr 32.31;Is 39.1-8Nesse tempo, Berodaque-Baladã, filho de Baladã, rei da Babilônia, enviou cartas e um presente a Ezequias, por ter sabido que ele havia estado doente. 13 Ezequias deu-lhes audiência e mostrou-lhes a casa toda de suas preciosidades, a prata, e o ouro, e as especiarias, e o azeite precioso, e 2Cr 32.27a sua casa de armas, e tudo o que se achava nos seus tesouros; não houve nada em sua casa e em todo o seu domínio que Ezequias não lhes mostrasse. 14 Veio o profeta Isaías ao rei Ezequias e perguntou-lhe: Que disseram estes homens? E donde vieram ter contigo? Respondeu Ezequias: Vieram de um país longínquo, da Babilônia. 15 Disse ele: Que viram em tua casa? Respondeu Ezequias: Viram tudo quanto há em minha casa; não há nada nos meus tesouros que eu não lhes mostrasse.
16 Disse Isaías a Ezequias: Ouve a palavra de Jeová: 17 Eis que vêm dias em que será levado para a Babilônia 2Rs 24.13;25.13-15;Jr 52.17-19tudo o que há em tua casa e o que teus pais têm entesourado até o dia de hoje; não ficará coisa alguma, diz Jeová. 18 Serão levados 2Rs 24.12;2Cr 33.11alguns de teus filhos que saírem de ti e que gerares, e Dn 1.3-7serão eunucos no palácio do rei da Babilônia. 19 Ezequias respondeu a Isaías: 1Sm 3.18Boa é a palavra de Jeová que acabas de falar. Disse mais: Pois não é assim, desde que vai haver paz e verdade nos meus dias? 20 2Cr 32.32Ora, o restante dos atos de Ezequias, e todo o seu poder, e de que modo fez a piscina e o aqueduto e trouxe água para dentro da cidade não estão, porventura, escritos no Livro das Crônicas dos Reis de Judá? 21 2Cr 32.33Adormeceu Ezequias com seus pais, e, em seu lugar, reinou seu filho Manassés.