1 ထိုစကားကို ဟေဇကိမင်းကြီးသည်ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန်တော်သို့သွားလေ၏။ 2 လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။ 3 ဟေဇကိမင်းမှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကိုဖွားနိုင်အောင် ခွန်အားမရှိ။ 4 အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ ဘုရားသခင်ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသောလူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊ 5 ဟေဇကိမင်းစေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
6 ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည်ကြားရသောစကားကြောင့် မကြောက်နှင့်။ 7 ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသောစကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ ဟုပြောဆို၏။
8 ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင်တိုက်နေသည်ကိုတွေ့လေ၏။ 9 နောက်တစ်ဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍လာပြီဟု သတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊ 10 သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။ 11 အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ 12 ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။ 13 ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကိုစိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
14 ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်၏လက်မှခံယူ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။ 15 ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ထွ၊ ၂၅:၂၂။16 အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့၍ပြောစေသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။ 17 အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍၊ 18 သူတို့၏ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ရောက်ကြပါပြီ။ 19 အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည်သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
20 ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင်သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာပြုသော ပတ္ထနာစကားကို ငါကြားရပြီ။ 21 ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။ 22 သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။ 23 သင်သည် တမန်များအားဖြင့် ထာဝရဘုရားကိုကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင် အထွတ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသောထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသောခိုလှုံရာအသီးများသော တောထဲသို့ ငါဝင်ပြီ။ 24 ငါသည်တွင်းတူး၍ မမြည်းဖူးသောရေကို သောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။ 25 ငါသည် အထက်ကဤအမှုကိုစီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။ 26 ထိုကြောင့် မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာပေါက်သောမြက်ပင်နှင့် မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ 27 သင်၏နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌ အမျက်ဟုန်းခြင်းတို့ကို ငါသိ၏။ 28 ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
29 သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူပေါက်သော အရာများကိုလည်းကောင်း သင်တို့သည် စားရမည်။ တတိယနှစ်တွင်မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကိုစားကြလော့။ 30 ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန်အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်။ 31 ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲကလည်းကောင်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကလည်းကောင်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
32 သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့မဝင်ရ။ မြို့ထဲသို့ မြားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကိုမပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ 33 လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ 34 ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
35 ထိုညတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစောထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေဖြစ်ကြ၏။ 36 အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။ 37 နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော်ဧသရဟဒ္ဒုန်သည်လည်း ခမည်းတော်အရာ၌ နန်းထိုင်၏။
1 2Cr 32.20-22;Is 37.1-38O que tendo ouvido o rei Ezequias, 2Rs 18.37rasgou os seus vestidos, 1Rs 21.27cobriu-se de saco e entrou na Casa de Jeová. 2 Enviou Eliaquim, mordomo, e Sebna, secretário, e os anciãos dos sacerdotes, 2Sm 3.31cobertos de saco, ao profeta Is 1.1;2.1Isaías, filho de Amós. 3 Eles lhe disseram: Assim diz Ezequias: Este dia é dia de angústia, de increpação e de contumélia, porque os filhos são chegados ao parto, e não há força para os dar à luz. 4 Js 14.12;2Sm 16.12Jeová, teu Deus, ouvirá talvez todas as palavras de Rabsaqué, a quem o rei da Assíria, seu amo, enviou 2Rs 18.35para afrontar ao Deus vivo, e repreenderá as palavras que Jeová, teu Deus, ouviu. Pelo que levanta a tua oração a favor Is 1.9do resto que ainda fica. 5 Foram os servos do rei Ezequias ter com Isaías. 6 Isaías disse-lhes: Assim direis ao vosso amo: Assim diz Jeová: Não tenhas medo das palavras que ouviste, com as quais 2Rs 18.17os servos do rei da Assíria me 2Rs 18.22-25,30,35blasfemaram. 7 Eis que estou para lhe dar um espírito, e 2Rs 7.6ouvirá uma nova e voltará para a sua terra; 2Rs 19.37e fá-lo-ei cair à espada na sua terra.
8 Voltou Rabsaqué e achou o rei da Assíria pelejando contra Js 10.29Libna, porque tinha sabido que o rei se havia retirado de 2Rs 18.14Laquis. 9 Ouvindo ele dizer de Tiraca, rei da Etiópia: Eis que ele é chegado para pelejar contra ti, tornou a enviar mensageiros a Ezequias, dizendo: 10 Assim falareis a Ezequias, rei de Judá: 2Rs 18.5Não te engane o teu Deus, no qual tu confias, dizendo: 2Rs 18.30Jerusalém não será entregue nas mãos do rei da Assíria. 11 Porque tu tens ouvido o que os reis da Assíria têm feito a todas as terras, destruindo-as totalmente; e serás tu poupado? 12 2Rs 18.33Porventura, os deuses das nações livraram os povos que meus pais destruíram: 2Rs 17.6Gozã, e Gn 11.31Harã, e Rezefe, e Is 37.12os filhos de Éden, que estavam em Telassar? 13 2Rs 18.34Onde está o rei de Hamate, e o rei de Arpade, e o rei da cidade de Sefarvaim, de Hena e de Iva?
14 Tendo Is 37.14Ezequias recebido a carta da mão dos mensageiros, leu-a, subiu à Casa de Jeová e estendeu-a diante de Jeová. 15 Ezequias orou diante de Jeová e disse: Jeová, Deus de Israel, Êx 25.22que estás sentado sobre os querubins, 2Rs 5.15tu, só tu, és o Deus de todos os reinos da terra; tu fizeste o céu e a terra. 16 Sl 31.2;Is 37.17Inclina, ó Jeová, os teus ouvidos e ouve; 1Rs 8.29;2Cr 6.40abre, ó Jeová, os teus olhos, e vê, e ouve as palavras de Senaqueribe, com as quais enviou o seu mensageiro 2Rs 19.4a afrontar ao Deus vivo. 17 Verdade é, Jeová, que os reis da Assíria têm assolado as nações e as suas terras 18 e lançado os deuses delas no fogo, Is 44.9-20;At 17.29pois deuses não eram, mas obras de mão de homens, pau e pedra; por isso, os destruíram. 19 Agora, Jeová, nosso Deus, salva-nos das suas mãos, para 1Rs 8.42-43que todos os reinos da terra saibam 2Rs 19.15que tu, só tu, és Deus Jeová.
20 Então, Isaías, filho de Amós, mandou dizer a Ezequias: Assim diz Jeová, Deus de Israel: Já que me fizeste a tua súplica contra Senaqueribe, rei da Assíria, 2Rs 20.5eu te ouvi. 21 Esta é a palavra que Jeová falou acerca dele: A Jr 14.17;Lm 2.13virgem filha de Sião te desprezou e te escarneceu; a filha de Jerusalém contra ti Sl 109.25;Mt 27.39meneou a cabeça. 22 A quem 2Rs 19.4afrontaste e 2Rs 19.6blasfemaste? Contra quem levantaste a tua voz e ergueste os teus olhos ao alto? Contra o Is 5.24;30.11-15Santo de Israel. 23 2Rs 18.17Por meio dos teus mensageiros, afrontaste a Jeová e disseste: Com a multidão dos meus carros, subi eu ao alto dos montes, ao interior do Líbano; eu deitarei abaixo os seus altos cedros e os seus mais formosos ciprestes, entrarei na sua mais distante pousada, no bosque do seu 2Cr 26.10;Is 10.18campo fértil. 24 Eu tenho cavado e bebido águas estranhas e, com as plantas dos meus pés, Is 19.6secarei todos os rios do Egito.
25 Is 45.7Não ouviste como fiz isso já há muito tempo e o formei desde dias antigos? Is 10.5Agora, o executei, para que fosses tu o que reduzisses cidades fortificadas a montões de ruínas. 26 Por isso, os que nelas habitavam tinham pouca força, ficaram pasmados e confundidos; tornaram-se Sl 129.6como a erva do campo, e como a relva verde, e como o feno dos telhados, e como o trigo queimado antes de amadurecer. 27 Mas sei o teu assentar, o teu sair, o teu entrar e o teu furor contra mim. 28 Por causa do teu furor contra mim e porque a tua arrogância subiu aos meus ouvidos, portanto Ez 19.9;29.4porei o meu anzol no teu nariz e o meu freio nos teus beiços e 2Rs 19.33,36te farei voltar pelo caminho pelo qual vieste.
29 Isto te será por 2Rs 20.8-9;Êx 3.12sinal: este ano comereis o que nascer por si mesmo, e, no segundo ano, o que daí proceder, e, no terceiro ano, semeai e colhei, e plantai vinhas, e comei o seu fruto. 30 2Rs 19.4;2Cr 32.22-23O resto que escapar da casa de Judá tornará a lançar raízes para baixo e dará fruto para cima. 31 Porque de Jerusalém sairá um resto, e Is 10.20do monte de Sião os que escaparem; Is 9.7o zelo de Jeová fará isso. 32 Portanto, assim diz Jeová acerca do rei da Assíria: Is 8.7-10Não chegará a esta cidade, nem atirará aqui uma seta; tampouco virá perante ela com escudo, nem contra ela levantará uma trincheira. 33 2Rs 19.28Pelo caminho pelo qual veio, por ele mesmo voltará e não chegará a esta cidade, diz Jeová. 34 2Rs 20.6;Is 31.5Pois defenderei esta cidade para a salvar, 1Rs 11.12-13por amor de mim e por amor do meu servo Davi.
35 2Cr 32.21Naquela noite, saiu 2Sm 24.16o Anjo de Jeová e feriu no arraial dos assírios cento e oitenta e cinco mil homens; e, ao levantarem-se pela manhã cedo, viram que todos eram cadáveres. 36 Então, se retirou 2Rs 19.7,28,33Senaqueribe, rei da Assíria, e foi, e voltou, e habitou em Jn 1.2Nínive. 37 Quando ele adorava na casa de Nisroque, seu deus, feriram-no à espada 2Rs 17.31Adrameleque e Sarezer, que escaparam para Gn 8.4;Jr 51.27a terra de Ararate. Em seu lugar reinou seu filho, Ed 4.2Esar-Hadom.