1 နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ 2 များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။ 3 ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာနေလျက် အားကြီးသော လူမျိုးတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။ယောလ၊၃:၁၀။4 လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။ဇာ၊ ၃:၁၀။5 လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား၏နာမကိုခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။
6 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသောသူ၊ ငါညှဉ်းဆဲဖူးသောသူတို့ကို ငါစုဝေးစေမည်။ 7 ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသောသူသည် ကြီးမားသော လူမျိုးဖြစ်စေခြင်းငှာ ငါစီရင်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ်အမြဲ အုပ်ချုပ်စိုးစံတော်မူလိမ့်မည်။ 8 အို ဧဒါလင့်စင်၊ ဇိအုန်သတို့သမီး နေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာတည်ပြန်လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သတို့သမီးလက်သို့ တစ်ဖန်ရောက်လိမ့်မည်။
9 ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သောအသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင်တစ်ယောက်မျှ မရှိသလော။ အကြံပေးသောမှူးမတ် ပျောက်ပျက်သလော။ သားဖွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာကို ခံရပါသည်တကား။ 10 အို ဇိအုန်သတို့သမီး၊ သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကိုခံ၍၊ သားကိုဖွားအံ့သောငှာ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရမည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ်လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်တော်မူလိမ့်မည်။ဗျာ၊ ၁၂:၂။11 ယခုမှာ လူမျိုးများတို့က၊ ဇိအုန်မြို့သည် ညစ်ညူးပါစေ။ သူ၌ ငါတို့အလို ပြည့်စုံပါစေဟု၊ သင့်တစ်ဖက်၌ စုဝေးလျက် ဆိုကြ၏။ 12 သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ကို ကောက်နယ်တလင်း၌ စုထားသကဲ့သို့၊ ထိုသူတို့ကို စုထားတော်မူ၏။ 13 အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့်ဦးချိုကို သံဖြင့်လည်းကောင်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်လည်းကောင်း ငါပြီးစေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။
1 Mq 4.1-3;Is 2.2-4Mas acontecerá Dn 2.28;10.14;Os 3.5nos últimos dias que Mq 3.12;Ez 43.12;Zc 8.3o monte da casa de Jeová será estabelecido no cume dos montes e será exaltado sobre os outeiros; e a ele concorrerão Sl 22.27;86.9;Jr 3.17povos. 2 Irão Zc 2.11;14.16muitas nações e dirão: Is 2.3;Jr 31.6Vinde, subamos ao monte de Jeová e à Casa do Deus de Jacó; Sl 25.8-9,12;Is 54.13ele nos ensinará acerca dos seus caminhos, e andaremos nas suas veredas; porque Is 42.1-4;Zc 14.8-9de Sião sairá a lei, e de Jerusalém, a palavra do Senhor. 3 Ele Is 2.4;11.3-5julgará entre muitos povos e reprovará nações poderosas e longínquas; eles converterão as suas espadas em relhas de arados e as suas lanças, em podadeiras; uma nação não levantará a espada contra outra nação, nem aprenderão mais a guerra. 4 Mas 1Rs 4.25;Zc 3.10sentar-se-ão cada um debaixo da sua parreira e debaixo da sua figueira; Lv 26.6;Jr 30.10e não haverá quem os amedronte; porque Is 1.20;40.5a boca de Jeová dos Exércitos o disse. 5 Pois todos os povos andarão, cada um em 2Rs 17.29o nome do seu deus, e nós andaremos para todo o sempre em o nome de Js 24.15;Is 26.8,13;Zc 10.12Jeová, nosso Deus.
6 Naquele dia, diz Jeová, Mq 2.12congregarei a que Sf 3.19coxeia e ajuntarei a que foi expulsa e a que eu afligi. 7 Da que coxeia farei um Mq 5.7-8;7.18resto e da que estava lançada para longe, uma Mq 4.13nação poderosa; Is 24.23e Jeová reinará sobre eles no monte de Sião, desde agora e para sempre. 8 Tu, Sl 48.3,12;61.3ó torre do Mq 2.12rebanho, outeiro da filha de Sião, a ti virá, sim, virá Is 1.26;Zc 9.10o primeiro domínio, o reino da filha de Jerusalém.
9 Agora, por que Jr 8.19gritas em alta voz? Acaso, não há rei em ti, pereceu o teu Is 3.1-3;28.29conselheiro, visto que se apoderaram de ti dores como da que está de parto? 10 Mq 5.3Sofre dores e trabalha para dar à luz, filha de Sião, como uma mulher que está de parto; porque agora 2Rs 20.18;Os 2.14sairás da cidade, e habitarás no campo, e virás até Babilônia. Mq 7.8-12;Is 43.14;45.13Ali é que serás livrada; Is 48.20;52.9-12ali, te remirá Jeová da mão dos teus inimigos. 11 Agora, se acham congregadas contra ti Is 5.25-30;17.12-14muitas nações, que diziam: Seja ela Mq 7.10contaminada, e vejam os nossos olhos o seu desejo sobre Sião. 12 Porém Sl 147.19-20não sabem os pensamentos de Jeová, nem lhe entendem o conselho; porque as ajuntou como os feixes na eira. 13 Levanta-te Is 41.15e debulha, ó filha de Sião, porque farei de ferro o teu chifre e de bronze, as tuas unhas; Jr 51.20-23quebrarás em pedaços a muitos povos Is 60.9e dedicarás o seu ganho a Jeová e os seus bens, ao Senhor de toda a terra.