1 ဒုစရိုက်ကို ပြုခြင်းငှာ အိပ်ရာပေါ်မှာ မကောင်းသော အကြံကိုကြံ၍၊ မိုးလင်းသောအခါ အခွင့်ရသည်အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ 2 သူတစ်ပါး၏အိမ်နှင့် လယ်ယာတို့ကိုတပ်မက်၍ အနိုင်အထက် သိမ်းယူလျက်၊ လူနှင့် သူ၏အိမ်ကိုလည်းကောင်း၊ လူကြီးနှင့် သူ၏အမွေဥစ္စာကိုလည်းကောင်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။ 3 သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်း မလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တစ်ဖက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။ 4 ထိုကာလတွင် သင်တို့တစ်ဖက်၌ ပုံစကားကိုသုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်း ပျက်စီးကြပြီ။ ငါ့အမျိုးသားခံစားရသော အဖို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတစ်ပါးတို့အား ဝေဖန်တော်မူပြီ။ 5 ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဖို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။ 6 ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။ 7 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သောသူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ်လော။ 8 ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ လျှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ်ကို လုယူတတ်ကြ၏။ 9 ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲကနှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နုတ်ယူကြပြီ။ 10 ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ်ဝပ်ရာအရပ် မဟုတ်။ ဤအရပ်သည် ညစ်ညူးသောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။ 11 ကိုယ်အလိုသို့လိုက်၍ မုသားစကားကို သုံးသောသူက၊ ငါသည်ပရောဖက်ပြု၍ စပျစ်ရည်တရားနှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက် ဖြစ်ရလိမ့်မည်။
12 အို ယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကို ငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်။ 13 အနိုင်အထက် ဖွင့်သောသူသည် သူတို့ရှေ့မှာသွား၏။ သူတို့သည်လည်း အနိုင်အထက်ဖွင့်၍ တံခါးဝဖြင့် လျှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။
1 Ai dos que Sl 36.4;Is 32.7;Na 1.11maquinam a iniquidade e planejam o mal nas suas camas! Os 7.6-7Quando raiar o dia, põem-na por obra, porque está Gn 31.29;Dt 28.32;Pv 3.27no poder da sua mão. 2 Jr 22.17;Am 8.4Cobiçam campos Is 5.8e apoderam-se deles; cobiçam casas e arrebatam-nas; eles 1Rs 21.1-15oprimem um homem e sua casa, a saber, um homem e sua herança. 3 Portanto, assim diz Jeová: Eis que contra Jr 8.3;Am 3.1-2esta família Dt 28.48;Jr 18.11maquino um mal, de que Lm 1.14;5.5não retirareis as vossas cervizes, e não andareis Is 2.11-12arrogantemente; pois é este Am 5.13um tempo mau. 4 Naquele dia, Hc 2.6far-se-á contra vós uma parábola, Mq 1.8;Jr 9.10,17-21e se pranteará um pranto lastimoso, e se dirá: Estamos de todo Is 6.11;24.3;Jr 4.13despojados; ele troca a porção do meu povo; como ele a remove de mim! Aos rebeldes Jr 6.12;8.10reparte os nossos campos. 5 Portanto, tu não terás quem Nm 34.13,16-29;Js 18.4,10meça com cordel uma porção na congregação de Jeová.
6 Is 30.10;Am 2.12;7.16Não profetizeis, assim profetizam eles. A estes tais Mq 3.6;Is 29.10não profetizarão; Mq 6.16não cessarão os opróbrios. 7 Acaso, dir-se-á, ó casa de Jacó: Está Is 50.2;59.1estreitado o Espírito de Jeová? São estes os seus feitos? Porventura, não são as minhas palavras Sl 119.65,68,116;Jr 15.16salutares ao que Sl 15.2;84.11anda retamente? 8 Mas, recentemente, o meu povo se tem levantado Jr 12.8como inimigo; de sobre a vestidura Mq 3.2-3;7.2-3arrancais o manto aos que passam Sl 120.6-7em segurança como homens contrários à guerra. 9 As mulheres do meu povo, vós as Jr 10.20lançais das suas casas agradáveis; de seus filhinhos tirais para sempre Ez 39.21;Hc 2.14a minha glória. 10 Lv 18.25,28-29;Lm 4.14-15Levantai-vos e ide-vos embora, pois este não é o Dt 12.9vosso lugar de descanso; ide-vos por causa da Sl 106.38imundícia que traz destruição, sim, destruição enorme. 11 Se um homem, seguindo o vento e a Jr 5.13,31falsidade, mentir, dizendo: Eu te profetizarei de Is 28.7vinho e de bebida forte; será este tal o profeta Is 30.10-11deste povo.
12 Certamente, Mq 4.6-7te ajuntarei todo, ó Jacó; certamente, congregarei Mq 5.7-8;7.18o restante de Israel; pô-los-ei juntos como ovelhas no curral, como rebanho no meio do seu pasto; farão grande estrondo por causa Jr 33.22da multidão de homens. 13 O que abre o caminho subiu adiante deles, romperam, e passaram pela porta, e por ela saíram; o seu rei passou adiante deles, Mq 5.4e Jeová em frente deles.