1 ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တစ်ညလုံးငိုကြွေးကြ၏။ 2 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။ 3 ငါတို့သည်ဓားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှာ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊ 4 တစ်ဖန် လူတစ်စုံတစ်ယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တစ်ယောက်ကိုတစ်ယောက် ဆိုကြ၏။ 5 မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက်နေကြ၏။ 6 ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊ 7 ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ်လျက်၊ ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။ 8 ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ 9 ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။ဟေဗြဲ၊၃:၁၆။10 ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။
11 ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေ ပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။ 12 သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနုတ်မည်။ သူတို့ထက် သင့်ကိုသာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူ၏။ 13 မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တစ်ဖန် ဤသတင်းကို အဲဂုတ္တုလူတို့သည်ကြားပြန်လျှင်၊ 14 ဤပြည်၌နေသောသူတို့အား သတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ မိုးတိမ်တော်သည် သူတို့ကိုလွှမ်းမိုးကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့ကကြွတော်မူကြောင်းကိုလည်းကောင်း ကြားရကြပြီ။ 15 ယခုမှာ၊ ဤလူမျိုးကို လူတစ်ယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သတင်းတော်ကိုကြားဖူးသော လူအမျိုးမျိုးတို့က၊ 16 ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။ 17 ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံသောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ 18 အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော။ထွ၊ ၂၀:၅-၆၊၃၇:၆-၇၊တရား၊ ၅:၉-၁၀၊၇:၉-၁၀။19 အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊ထွ၊ ၃၂:၁၁-၁၄။20 ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။ 21 ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။ဟေဗြဲ၊ ၃:၁၈။22 ငါ့ဘုန်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ထူးဆန်းသော တန်ခိုးတော်ကိုလည်းကောင်း၊ မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊ 23 သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ 24 ငါ့ကျွန်ကာလက်မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။ယောရှု၊ ၁၄:၉-၁၂။25 အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍ သင်တို့သည် နက်ဖြန်နေ့၌လှည့်လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။
26 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ 27 ငါ့ကိုအပြစ်တင်၍၊ မြည်တမ်းသော ဤပရိသတ်ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည်သည်းခံရအံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောစကားတို့ကို ငါကြားရပြီ။ 28 သင်သည် သူတို့အားဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကိုကြားစေခြင်းငှာ ပြောကြသော စကားအတိုင်း သင်တို့ကိုငါပြုမည်။ 29 သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။ဟေဗြဲ၊ ၃:၁၇။30 ငါသည် ဤမည်သောပြည်၌ သင်တို့ကိုနေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သားကာလက်၊ နုန်၏သားယောရှုမှတစ်ပါး အဘယ်သူမျှ မရောက်ရ။ 31 ရန်သူလုယူရာဖြစ်လိမ့်မည်ဟု သင်တို့ဆိုသောသူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။ 32 သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင်ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။ 33 ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။တ၊ ၇:၃၆။34 ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။ 35 အကယ်စင်စစ် ငါ့တစ်ဖက်၌စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြေပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရဘုရားမိန့်တော်မူ၏။
36 မောရှေစေလွှတ်သောအခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ပြန်လာသောအခါ၊ ထိုပြည်ကိုကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်း မြည်တမ်းစေခြင်းငှာ တိုက်တွန်းသောသူ၊ 37 ခါနာန်ပြည်ကို မကောင်းသောသတင်း ကြားပြောသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။ 38 ထိုပြည်ကိုစူးစမ်း၍ သွားသောလူတို့တွင် နုန်၏သားယောရှုနှင့် ယေဖုန္န၏သားကာလက်တို့သာ အသက်ချမ်းသာရကြ၏။
39 မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့သည် အလွန်ညည်းတွားလျက် နေကြ၏။
40 နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊ 41 မောရှေက၊ ထာဝရဘုရား၏အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံ မထမြောက်ရ။ 42 မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။ 43 အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့မရောက်မီ ရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟု ဆိုသော်လည်း၊ 44 သူတို့သည် ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တစ်ဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင်သို့မထွက်မသွားဘဲ နေလေ၏။ 45 ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။
1 A congregação toda levantou as suas vozes e gritou; e o povo chorou aquela noite. 2 Todos os filhos de Israel Nm 11.1murmuraram contra Moisés e contra Arão, e a congregação toda disse-lhes: Oxalá que tivéssemos morrido na terra do Egito! Nm 11.5;16.13;20.3-4;21.5Ou oxalá que tivéssemos morrido neste deserto! 3 Por que razão nos traz Jeová a esta terra, para Êx 5.21;16.3cairmos à espada! Nm 14.31;Dt 1.39Nossas mulheres e nossos pequeninos serão por presa! Não nos seria melhor voltar para o Egito?
4 Disseram uns aos outros: Constituamos a um por capitão e voltemos para o Egito. 5 Nm 16.4Então, Moisés e Arão caíram com os rostos por terra diante de toda a assembleia da congregação dos filhos de Israel. 6 Josué, filho de Num, e Calebe, filho de Jefoné, que eram daqueles que espiaram a terra, rasgaram os seus vestidos 7 e disseram a toda a congregação dos filhos de Israel: Nm 13.27;Dt 1.25A terra por meio da qual passamos para a espiar é terra muitíssimo boa. 8 Dt 10.15Se Jeová se agradar de nós, então, nos introduzirá nesta terra, Nm 13.27que mana leite e mel, e nô-la dará. 9 Tão somente, não Dt 1.26;9.23-24sejais rebeldes contra Jeová, Dt 1.21,29nem temais o povo desta terra, porque são nosso pão. Retirou-se de sobre eles a sua defesa, e Jeová está conosco; não os temais. 10 Êx 17.4Porém toda a congregação disse que fossem apedrejados. Êx 16.10;Lv 9.23A glória de Jeová apareceu na tenda da revelação a todos os filhos de Israel.
11 Êx 32.9-13Disse Jeová a Moisés: Até quando me desprezará este povo? Até quando Sl 106.24não crerão em mim, apesar de todos os prodígios que tenho feito no meio deles? 12 Eu os ferirei com Lv 26.25;Dt 28.21uma epidemia, e os deserdarei, e Êx 32.10de ti farei uma nação maior e mais forte do que eles.
13 Sl 106.23Respondeu Moisés a Jeová: Assim os egípcios o ouvirão (pois, pela tua força, fizeste sair este povo do meio deles) 14 e o dirão aos habitantes desta terra. Eles ouviram que tu, Jeová, estás no meio deste povo, pois Êx 13.21;Dt 5.4tu, Jeová, és visto face a face, e a tua nuvem está sobre eles, e tu vais diante deles, de dia numa coluna de nuvem e, de noite, numa coluna de fogo. 15 Se matares este povo como um só homem, Êx 32.12as nações que ouviram a tua fama dirão: 16 Porque Jeová não podia introduzir este povo na terra que lhe prometeu com juramento, por isso os matou no deserto. 17 Agora, pois, engrandeça-se o poder do Senhor, segundo disseste: 18 Êx 34.6-7Jeová é tardio em irar-se, abundante em misericórdia, que perdoa iniquidade e transgressão e não terá por inocente o culpado; que visita a iniquidade dos pais nos filhos, na terceira e na quarta geração. 19 Êx 32.32;34.9Perdoa a iniquidade deste povo, segundo a tua grande misericórdia e como tens perdoado a este povo desde o Egito até aqui.
20 Tornou-lhe Jeová: Mq 7.18-20Conforme a tua palavra, lhe perdoei; 21 porém, tão certo Nm 14.28;Dt 32.40;Is 49.18como eu vivo e como Is 6.3;Hc 2.14toda a terra se encherá da glória de Jeová, 22 1Co 10.5dos homens que, tendo visto a minha glória e os prodígios que fiz no Egito e no deserto e, todavia, me puseram à prova já Êx 5.21;14.11;15.24;16.2;17.2-3;32.1;Nm 11.1,4;12.1;14.2dez vezes e não obedeceram à minha voz, 23 Nm 26.65;32.11nenhum deles verá a terra que, com juramento, prometi a seus pais; sim, nenhum daqueles que me desprezaram a verá. 24 Porém o meu servo Calebe, Nm 14.7-9porque nele houve outro espírito e porque perseverou em seguir-me, Nm 26.65;32.12;Dt 1.36;Js 14.6-15eu o introduzirei na terra em que entrou; e a sua semente a possuirá. 25 Nm 13.29Ora, os amalequitas e os cananeus habitam no vale; tornai-vos amanhã e caminhai para o deserto em direção ao mar Vermelho.
26 Depois, disse Jeová a Moisés e a Arão: 27 Até quando sofrerei esta má congregação que Nm 11.1murmura contra mim? Ouvi os queixumes dos filhos de Israel que eles murmuram contra mim. 28 Dize-lhes: Nm 14.21Pela minha vida, diz Jeová, certamente como Nm 14.2;Dt 2.14-15;Hb 3.17falastes aos meus ouvidos, assim vos hei de fazer: 29 cairão os vossos cadáveres neste deserto; todos vós os que Nm 1.45-46fostes contados, segundo o vosso número total, desde a idade de vinte anos e daí para cima, os que murmurastes contra mim, 30 certamente, não entrareis na terra a respeito da qual jurei que vos faria habitar nela, Nm 14.24exceto Calebe, filho de Jefoné, e Josué, filho de Num. 31 Nm 14.3Porém a vossos pequeninos, que dissestes que serviriam de presa, a estes introduzirei, e eles conhecerão a terra que vós desprezastes. 32 Nm 26.64-65;32.13;1Co 10.5Mas, quanto a vós, os vossos cadáveres cairão neste deserto. 33 Vossos filhos serão pastores no deserto Dt 2.7;8.2,4;29.5quarenta anos e sofrerão as consequências da vossa infidelidade, até que os vossos cadáveres se consumam no deserto. 34 Segundo o número dos dias em que espiastes a terra, isto é, quarenta dias, cada dia representando um ano, levareis sobre vós por quarenta anos as vossas iniquidades e tereis experiência da minha oposição. 35 Eu, Jeová, tenho falado; certamente, assim o farei a toda esta má congregação que se sublevou contra mim: neste deserto se consumirão e aqui morrerão.
36 Nm 13.4-16,32Os homens que Moisés enviou a espiar a terra, que voltaram e fizeram murmurar contra ele toda a congregação, infamando a terra, 37 sim, esses homens que infamaram a terra morreram de Nm 16.49praga diante de Jeová. 38 Mas Josué, filho de Num, e Calebe, filho de Jefoné, ficaram com vida dentre os que foram a espiar a terra.
39 Falou Moisés estas palavras a todos os filhos de Israel; e o Êx 33.4povo fez um grande pranto. 40 Levantando-se de manhã cedo, subiram ao cume do monte e disseram: Dt 1.41-44Eis-nos aqui; subiremos ao lugar de que Jeová falou; pois pecamos. 41 Respondeu Moisés: Por que razão, agora, transgredis vós a ordem de Jeová, visto que isso não vos redundará em bem? 42 Não subais, porque Jeová não está no meio de vós; para que não sejais feridos diante dos vossos inimigos. 43 Pois ali os amalequitas e os cananeus estão diante de vós, e caireis ao fio da espada; porque deixastes de seguir a Jeová, portanto, Jeová não está convosco. 44 Mas mostraram-se temerários em subirem ao cume do monte; contudo, a Nm 31.6arca da Aliança de Jeová e Moisés não saíram do arraial. 45 Então, desceram os amalequitas e os cananeus, que habitavam naquele monte, e os feriram, e desbarataram até Nm 21.3Hormá.