1 ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊ 2 အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။တော၊ ၂၆:၆၀။3 ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ ဆီလောင်းခြင်းဘိသိက်ကိုပေး၍ အရာ၌ခန့်ထားသော အာရုန်၏သားဖြစ်ကြသတည်း။ 4 နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။ဝတ်၊ ၁၀:၁-၂။ တော၊ ၂၆:၆၁။
5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 6 သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်ထံ၌နေရာချလော့။ 7 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။ 8 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။ 9 လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။ 10 အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၍ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတစ်ပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
11 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 12 ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် လေဝိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရကြမည်။ 13 အကြောင်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါ့အဖို့ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရ၏။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ထွ၊ ၁၃:၂။
14 တစ်ဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအားမိန့်တော်မူသည်ကား၊ 15 လေဝိသားတို့တွင် အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်လော့ဟု၊ 16 မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။ 17 လေဝိသားတို့၏နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။ 18 မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏နာမည်ကား လိဗနိနှင့်ရှိမိတည်း။ 19 မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ 20 မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏နာမည်ကား မဟာလိနှင့်မုရှိတည်း၊၊ ဤသူတို့သည် မိမိဘိုးဘအမျိုးအလိုက်ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။
21 ဂေရရှုန်မှဆင်းသက်သော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန်အမျိုးအနွယ်ဖြစ်ကြ၏၊ 22 ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင်ငါးရာ ရှိသတည်း။ 23 ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မျက်နှာ၌ နေရာချရမည်။ 24 ဂေရရှုန်အဆွေအမျိုး သူကြီးကား၊ လေလသားဧလျာသပ်တည်း။ 25 ဂေရရှုန်သားတို့အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်၊ အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ကာသောကုလားကာ၊ 26 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27 ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။ 28 တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်ထောင်ခြောက်ရာရှိသတည်း။ 29 ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော်တောင်မျက်နှာ၌ နေရာချရမည်။ 30 ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလသား ဧလိဇာဖန်တည်း။ 31 သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ 32 ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာသည် လေဝိအဆွေအမျိုးသူကြီးတို့ကို အုပ်၍ တဲတော်စောင့်သောသူတို့ကို ကြည့်ရှုစီရင်ရမည်။
33 မေရာရိမှဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိအမျိုးအနွယ်ဖြစ်ကြ၏။ 34 ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်နှစ်ရာ ရှိသတည်း။ 35 မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။ 36 မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကိုလည်းကောင်း၊ ဝင်းတိုင်များ၊ 37 ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရကြမည်။
38 မောရှေနှင့် အာရုန်မှစ၍ အာရုန်၏သားတို့သည် ဣသရေလအမျိုးသားတို့အဖို့၊ သန့်ရှင်းရာဌာနတော်ကိုစောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော်အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတစ်ပါး၊ အခြားသောသူသည်ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်။ 39 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
40 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက်တစ်လကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။ 41 ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်း၊ ငါ့အဖို့ယူလော့။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု၊ 42 မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကိုရေတွက်၍၊ 43 အသက်တစ်လကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်းနှစ်ထောင်နှစ်ရာခုနစ်ဆယ်သုံးယောက် ရှိသတည်း။ 44 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 45 ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်းယူလော့။ လေဝိသားတို့သည် ငါ၏လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ 46 လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုးသားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှုမှာ၊ 47 အကျပ်တော်အလိုက် လူတစ်ကိုယ်လျှင်ငါးကျပ်စီခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။ 48 ပိုသောသူတို့ပေးရသောအရွေးငွေကို၊ အာရုန်နှင့် သူ၏သားတို့အားပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊ 49 လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ကိုရွေး၍ ပိုသေးသော သားဦးတို့၏အရွေးငွေကို၊ 50 မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တစ်ဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူပြီးလျှင်၊ 51 ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။
1 Êx 6.20-27Estas, pois, são as gerações de Arão e de Moisés, no dia em que Jeová falou com Moisés no monte Sinai. 2 Nm 26.60Estes são os nomes dos filhos de Arão: Nadabe, o primogênito, Abiú, Eleazar e Itamar. 3 Estes são os nomes dos filhos de Arão, dos sacerdotes que foram ungidos, a quem ele consagrou para exercerem as funções do sacerdócio. 4 Nm 26.61;Lv 10.1-2Nadabe e Abiú morreram diante de Jeová, quando ofereceram fogo estranho diante dele no deserto de Sinai, e não tiveram filhos; e Eleazar e Itamar exerceram as funções do sacerdócio na presença de seu pai Arão.
5 Disse Jeová a Moisés: 6 Nm 8.6-22;18.1-7;Dt 10.8Faze chegar a tribo de Levi e coloca-os diante do sacerdote Arão, para o servirem. 7 Eles cumprirão o que lhe é devido a ele e a toda a congregação perante a tenda da revelação, para fazerem o serviço do tabernáculo. 8 Guardarão todos os móveis da tenda da revelação e cumprirão com o que está prescrito aos filhos de Israel, para fazerem o serviço do tabernáculo. 9 Nm 18.6Darás os levitas a Arão e a seus filhos; certamente, eles lhe são dados da parte dos filhos de Israel. 10 Designarás a Arão e a seus filhos, Êx 29.9os quais guardarão o seu sacerdócio; o Nm 1.51estrangeiro que se chegar será morto.
11 Disse mais Jeová a Moisés: 12 Eu, eis Nm 3.45;8.14que eu tenho tomado os levitas dentre os filhos de Israel em lugar de todo Êx 13.2primogênito que abre a madre entre os filhos de Israel, e os levitas serão meus; 13 pois todos os primogênitos são meus. No dia em que feri todos os primogênitos na terra do Egito, consagrei para mim todos os primogênitos em Israel, desde o homem até o animal; serão meus. Eu sou Jeová.
14 Disse ainda Jeová a Moisés, no deserto de Sinai: 15 Nm 1.47Conta os filhos de Levi pelas casas de seus pais, pelas suas famílias; contarás a todo o homem de idade de um mês e daí para cima. 16 Moisés os contou segundo a palavra de Jeová, assim como lhe foi ordenado. 17 Êx 6.16-22Estes são os filhos de Levi pelos seus nomes: Gérson, Coate e Merari. 18 Estes são os nomes dos filhos de Gérson pelas suas famílias: Libni e Simei. 19 Os filhos de Coate pelas suas famílias: Anrão, Jizar, Hebrom e Uziel. 20 Os filhos de Merari pelas suas famílias: Mali e Musi. Estas são as famílias dos levitas segundo as casas de seus pais.
21 De Gérson era a família dos libnitas e a dos simeítas; estas são as famílias dos gersonitas. 22 Os que foram contados deles, segundo o número de todos os homens, desde a idade de um mês e daí para cima, sim, todos os que deles foram contados eram sete mil e quinhentos. 23 As famílias dos gersonitas acampar-se-ão atrás do tabernáculo, ao ocidente. 24 O príncipe da casa do pai dos gersonitas será Eliasafe, filho de Lael. 25 Os filhos de Gérson terão a seu cargo, na tenda da revelação, o tabernáculo, a tenda e sua coberta, o anteparo para a porta da tenda da revelação, 26 as cortinas do átrio, o anteparo para a entrada do átrio que está junto ao tabernáculo e junto ao altar em redor e as suas cordas para todo o seu serviço.
27 De Coate era a família dos anramitas, e a família dos jizaritas, e a família dos hebronitas, e a família dos uzielitas; estas são as famílias dos coatitas. 28 Segundo o número de todos os homens, desde a idade dum mês e daí para cima, foram oito mil e seiscentos, que tiveram a seu cargo o santuário. 29 As famílias dos filhos de Coate acampar-se-ão ao lado do tabernáculo, para a banda do sul. 30 O príncipe da casa do pai das famílias dos coatitas será Elisafã, filho de Uziel. 31 Eles terão a seu cargo a arca, a mesa, o candeeiro, os altares, e os utensílios do santuário com os quais exercem as funções do seu ministério, e o anteparo, e todo o seu serviço. 32 Eleazar, filho do sacerdote Arão, será o príncipe dos príncipes dos levitas e terá a superintendência dos que têm a seu cargo o santuário.
33 De Merari era a família dos malitas e a família dos musitas; estas são as famílias de Merari. 34 Os que foram contados deles, segundo o número de todos os homens, desde a idade dum mês e daí para cima, eram seis mil e duzentos. 35 O príncipe da casa do pai das famílias de Merari era Zuriel, filho de Abiail; eles se acamparão ao lado do tabernáculo, para a banda do norte. 36 Por designação, os filhos de Merari terão a seu cargo as peças do tabernáculo, as suas travessas, as suas colunas, as suas bases e todos os seus pertences, e todo o seu serviço, 37 as colunas do átrio ao redor, as suas bases, os seus pregos e as suas cordas.
38 Os que se acamparem diante do tabernáculo, para a banda do oriente, diante da tenda da revelação, para o nascente, serão Moisés, e Arão, e seus filhos, que têm a seu cargo o santuário, para cumprirem o que está prescrito aos filhos de Israel; o Nm 1.51estrangeiro que se chegar será morto. 39 Todos os que foram contados dos levitas, aos quais contaram Moisés e Arão, segundo o mandamento de Jeová, pelas suas famílias, todos os homens, desde a idade dum mês e daí para cima, eram Nm 3.43;4.48;26.62vinte e dois mil.
40 Disse mais Jeová a Moisés: Contarás todos os primogênitos dos filhos de Israel, desde a idade dum mês e daí para cima, e tomarás o número dos seus nomes. 41 Tomarás os levitas para mim (eu sou Jeová) em lugar de todos os primogênitos entre os filhos de Israel e o gado dos levitas em lugar de todos os primogênitos entre o gado dos filhos de Israel. 42 Moisés contou, como Jeová lhe ordenou, todos os primogênitos entre os filhos de Israel. 43 Todos os primogênitos, segundo o número dos nomes, desde a idade dum mês e daí para cima, dos que foram contados, eram Nm 3.39vinte e dois mil e duzentos e setenta e três.
44 Disse Jeová a Moisés: 45 Nm 3.12Toma os levitas em lugar de todos os primogênitos entre os filhos de Israel e o gado dos levitas em lugar do gado deles; os levitas serão meus. Eu sou Jeová. 46 Nm 18.15-16;Êx 13.13,15Pela redenção dos duzentos e setenta e três dos primogênitos dos filhos de Israel, que excedem o número dos levitas, 47 receberás cinco siclos por cabeça; recebê-los-ás Êx 30.13segundo o siclo do santuário (o siclo tem vinte óbolos) 48 e darás a Arão e a seus filhos o dinheiro com o qual são remidos os que são demais entre eles. 49 Moisés recebeu o dinheiro da redenção dos que excederam o número dos que foram remidos em lugar dos levitas; 50 dos primogênitos dos filhos de Israel recebeu ele o dinheiro: mil e trezentos e sessenta e cinco siclos, segundo o siclo do santuário. 51 Moisés deu o dinheiro da redenção a Arão e a seus filhos, segundo a palavra de Jeová, como Jeová ordenou a Moisés.