1 အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ပထမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2 ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။ 3 စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သော ကာလအချိန်တည်းဟူသော ယခုလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။ 4 ဣသရေလအမျိုးသားတို့သည် ပသခါပွဲကိုခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊ 5 သိန်တောတွင် ပထမလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ထွ၊ ၁၂:၁-၁၃။
6 ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊ 7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သကာကို မပြုစေခြင်းငှာ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။ 8 မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသောစကားကို ငါနားထောင်ဦးမည်ဟု ပြန်ဆို၏။ 9 ထိုအခါမောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 10 သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်လည်းကောင်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်လည်းကောင်း၊ ထာဝရဘုရားအဖို့ ပသခါပွဲကိုခံရမည်။ 11 ဒုတိယလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။ 12 ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သော အထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။ထွ၊ ၁၂:၄၆။ ယော၊ ၁၉:၃၆။13 ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။ 14 သင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသောထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတစ်ပါးတည်းသာ ရှိရကြမည်ဟု မိန့်တော်မူ၏။
15 တဲတော်ကိုထူထောင်သောနေ့၌၊ မိုးတိမ်သည် တဲတော်ပေါ်မှာတည်၍၊ သက်သေခံချက်တဲတော်ကို ဖုံးအုပ်လေ၏။ ညဉ့်ဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။ 16 ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုးတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။ 17 မိုးတိမ်သည် တဲတော်အပေါ်မှကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုးတိမ်တည်လေရာရာ၌လည်း၊ တဲများကိုဆောက်ပြန်ကြ၏။ 18 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းလည်း တဲများကိုဆောက်ကြ၏။ မိုးတိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသောကာလပတ်လုံး သူတို့သည် တဲ၌နေကြ၏။ 19 မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေကြ၏။ 20 မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရားအမိန့်တော်အတိုင်း၊ သူတို့သည် တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။ 21 ညဉ့်ဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုးတိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီးသွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုးတိမ်မြောက်သောအခါ ခရီးသွားကြ၏။ 22 နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ မိုးတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသောကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ တဲ၌နေကြ၏။ တစ်ဖန်မိုးတိမ်မြောက်ပြန်သောအခါ ခရီးသွားကြ၏။ 23 ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။
1 Falou Jeová a Moisés no deserto do Sinai, no Nm 1.1;Êx 40.2,17primeiro mês do segundo ano depois que saíram da terra do Egito, dizendo: 2 Celebrem também os filhos de Israel a Páscoa a Êx 12.6seu tempo. 3 Aos quatorze dias desse mês, à tardinha, a celebrareis a seu tempo; segundo todos os seus estatutos e segundo todas as suas ordenações, a celebrareis. 4 Disse, pois, Moisés aos filhos de Israel que celebrassem a Páscoa. 5 Celebraram a Páscoa no primeiro mês, aos quatorze dias do mês, à tardinha, no deserto de Sinai; segundo tudo o que Jeová ordenou a Moisés, assim fizeram os filhos de Israel. 6 Havia uns que se achavam Nm 19.11-22imundos por terem tocado o cadáver dum homem, de maneira que não podiam celebrar a Páscoa naquele dia. Vieram ter com Moisés e Arão naquele dia, 7 e disseram-lhes: Estamos imundos por termos tocado o cadáver dum homem; por que razão havemos de ser privados de oferecermos a oblação a seu tempo a Jeová entre os filhos de Israel? 8 Respondeu-lhes Moisés: Êx 18.15Esperai, para que eu ouça o que Jeová ordena acerca de vós.
9 Então, disse Jeová a Moisés: 10 Fala aos filhos de Israel: Se alguém entre vós ou entre as vossas gerações estiver imundo por ter tocado num cadáver ou se achar em viagem em terra longínqua, contudo, celebrará a Páscoa a Jeová. 11 No segundo mês, aos quatorze dias do mês, à tardinha, a celebrarão; comê-la-ão com pães asmos e ervas amargas; 12 dela nada deixarão até pela manhã, Jo 19.36;Êx 12.46nem dela quebrarão osso algum; segundo todo o estatuto da Páscoa, a celebrarão. 13 Êx 12.47Porém o homem que está limpo, e não se acha em viagem, e deixa de celebrar a Páscoa, será essa alma cortada do seu povo; porque não ofereceu a oblação a seu tempo a Jeová, esse homem levará sobre si o seu pecado. 14 Êx 12.48Se um estrangeiro peregrinar entre vós e celebrar a Páscoa a Jeová, segundo o estatuto da Páscoa e segundo a sua ordenação, assim o fará; tereis Nm 15.15-16,29;Êx 12.49;Lv 24.22um só estatuto, tanto para o estrangeiro como para o natural da terra.
15 Êx 40.1,17No dia em que foi levantado o tabernáculo, a Êx 40.34nuvem cobriu o tabernáculo, a saber, a Nm 17.7tenda do Testemunho; e, Êx 13.21-22à tarde, vinha sobre o tabernáculo uma aparência de fogo, até pela manhã. 16 Assim acontecia de contínuo: a nuvem a cobria, e de noite tinha como uma aparência de fogo. 17 Nm 10.11-12;Êx 40.36-38Quando a nuvem se retirava de cima da tenda, em seguida, os filhos de Israel se punham em marcha; e, no lugar em que parava a nuvem, aí os filhos de Israel se acampavam. 18 À ordem de Jeová, se punham em marcha os filhos de Israel e, à ordem de Jeová, se acampavam; por todo o tempo em que a nuvem permanecia sobre o tabernáculo, ficavam acampados. 19 Quando a nuvem se detinha sobre o tabernáculo muitos dias, faziam o que lhes era imposto por Jeová e não se punham em marcha. 20 Às vezes, a nuvem ficava poucos dias sobre o tabernáculo; então, à ordem de Jeová, permaneciam acampados e, à ordem de Jeová, se punham em marcha. 21 Às vezes a nuvem ficava desde a tarde até pela manhã; e, quando pela manhã a nuvem se retirava, punham-se em marcha. 22 Se a nuvem se detinha sobre o tabernáculo dois dias, ou um mês, ou por mais tempo, enquanto ficava sobre ele, os filhos de Israel permaneciam acampados e não se punham em marcha; porém, quando se retirava, punham-se em marcha. 23 À ordem de Jeová, se acampavam e, à ordem de Jeová, se punham em marcha; fizeram o que lhes foi imposto por Jeová, à ordem de Jeová por intermédio de Moisés.