1 ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။ 2 ထိုမိန်းမတို့သည် မိမိတို့ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။ 3 ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။ 4 ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှလွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကိုခေါ်၍၊ ပြစ်မှားသောသူတို့ကို ဘုရားရှေ့မှာထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအားမိန့်တော်မူ၏။ 5 မောရှေသည် ဣသရေလမင်းတို့ကိုခေါ်၍၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောသူတို့ကို သင်တို့အသီးအသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။
6 ထိုအခါ ဣသရေလအမျိုးသားတစ်ယောက်သည်၊ မောရှေရှေ့၌လည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့၌လည်းကောင်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။ 7 ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကိုကိုင်လျက်၊ 8 ထိုဣသရေလလူကို တဲအတွင်းသို့လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်လည်းကောင်း၊ မိန်းမကိုဝမ်းပေါက်အောင်လည်းကောင်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။ 9 ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်းလေးထောင် ရှိသတည်း။
10,11 ထာဝရဘုရားကလည်း၊ ငါသည်အမျက်ထွက်၍ ဣသရေလအမျိုးသားတို့ကို မဖျက်ဆီးမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား၊ ဧလာဇာ၏သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌စိတ်အားကြီး၍ ငါ့အမျက်ကိုသူတို့မှလွှဲပြီ။ 12 သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။ 13 သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလအမျိုးသားတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော ပဋိညာဉ်ကိုရပြီဟု မောရှေအားမိန့်တော်မူ၏။ 14 မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏အမည်ကား၊ ရှိမောင်အမျိုး၌ထင်ရှားသော အဆွေအမျိုးတွင် အကဲအမှူးသာလု၏သား ဇိမရိဖြစ်သတည်း။ 15 အသေသတ်ခြင်းကိုခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးဇုရ၏သမီး ကောဇဘိဖြစ်သတည်း။
16 ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ယှက်၍ လုပ်ကြံကြလော့။ 17,18 အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရားအမှု၌လည်းကောင်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကိုခံရသော သူတို့နှမ မိဒျန်မင်းသမီးကောဇဘိအမှု၌လည်းကောင်း၊ သင်တို့ကိုပရိယာယ်များအားဖြင့် လှည့်စားနှောင့်ယှက်ကြပြီဟု မောရှေအားမိန့်တော်မူ၏။
1 Habitando Israel em Nm 33.49;Js 2.1Sitim, o povo começou a Nm 31.16;1Co 10.8;Ap 2.14fornicar com as filhas de Moabe; 2 elas Êx 34.15;Dt 32.38convidaram o povo aos sacrifícios dos seus deuses, e o povo comeu e adorou os deuses delas. 3 Sl 106.28-29;Os 9.10Juntando-se Israel a Baal de Peor, acendeu-se a ira de Jeová contra Israel. 4 Disse Jeová a Moisés: Toma todos os cabeças do povo e executa-os na presença de Jeová, diante do sol, para que o furor de Jeová se aparte de Israel. 5 Então, disse Moisés aos juízes de Israel: Mate cada um os seus homens que se ajuntaram a Baal de Peor.
6 Eis que um dos filhos de Israel veio e trouxe aos seus irmãos uma Nm 22.4mulher midianita à vista de Moisés e à vista de toda a congregação dos filhos de Israel, enquanto choravam à entrada da tenda da revelação. 7 Nm 16.46-48;Sl 106.30Vendo isso Fineias, filho de Eleazar, filho do sacerdote Arão, levantou-se do meio da congregação e tomou uma lança na mão; 8 e, tendo entrado após o israelita na tenda, atravessou-os a ambos, ao israelita e à mulher, pelo ventre. Assim, cessou a praga de sobre os filhos de Israel. 9 Nm 14.37;16.48-50;31.16Os que morreram da praga foram vinte e quatro mil.
10 Então, disse Jeová a Moisés: 11 Fineias, filho de Eleazar, filho do sacerdote Arão, apartou a minha ira dos filhos de Israel, porque estava animado com o meu zelo entre eles, de sorte que, no meu zelo, eu não consumisse os filhos de Israel. 12 Portanto, dize: Sl 106.31Eis que eu lhe dou a minha Is 54.10;Ez 34.25;37.26aliança da paz; 13 ele, e a sua semente depois dele, terá a aliança dum Êx 29.9sacerdócio perpétuo; porque foi zeloso pelo seu Deus e Nm 16.46fez expiação pelos filhos de Israel.
14 O nome do israelita morto que foi morto com a mulher midianita era Zinri, filho de Salu, príncipe da casa de seu pai entre os simeonitas. 15 O nome da mulher midianita que foi morta era Nm 25.18Cosbi, filha de Nm 31.8Zur. Ele era cabeça do povo duma casa paterna em Midiã.
16 Disse mais Jeová a Moisés: 17 Nm 25.1;31.1-3Afligi os midianitas e feri-os, 18 porque vos afligiram com as suas ciladas, que enganosamente planejaram contra vós no tocante a Peor e no tocante a Cosbi, sua irmã, filha do príncipe de Midiã, a qual foi morta no dia da praga no caso de Peor.