1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2 ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊ 3 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။ 4 သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။ 5 ရှိမောင်အမျိုး၊ ဟောရိသား ရှာဖတ်။ 6 ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်၊ 7 ဣသခါအမျိုး၊ ယောသပ်သား ဣဂါလ။ 8 ဧဖရိမ်အမျိုး၊ နုန်သား ဩရှေ။ 9 ဗင်္ယာမိန်အမျိုး၊ ရာဖုသား ပါလတိ။ 10 ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။ 11 ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။ 12 ဒန်အမျိုး၊ ဂေမလ္လိသား အမျေလ။ 13 အာရှာအမျိုး၊ မိက္ခေလသား သေသုရ။ 14 နဿလိအမျိုး၊ ဝါဖသိသား နာဘိ။ 15 ဂဒ်အမျိုး မာခိသား ဂွေလတည်းဟူသော၊ 16 ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှာ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17 ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။ 18 ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။ 19 သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သောမြို့နှင့် နေကြသလော။ 20 ထိုမြေသည် ကောင်းသလော၊ မကောင်းလော။ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြလော့။ ရဲရင့်သောစိတ် ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စ ကာလဖြစ်သတည်း။ 21 ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။ 22 တောင်မျက်နှာ၌လျှောက်သွား၍ အာနကအမျိုးသား အဟိမန်၊ ရှေရှဲ၊ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မီ ခုနစ်နှစ်ကတည်သောမြို့ ဖြစ်သတည်း။ 23 ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတစ်ပြွတ်ပါသော စပျစ်နွယ်ပင် အခက်တစ်ခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။ 24 ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီးပြွတ်ကိုထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။ 25 အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကိုစူးစမ်းသောအမှု ပြီး၍ ပြန်လာကြ၏။
26 မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။ 27 မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီး ဖြစ်ပါ၏။ 28 သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သောမြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။ 29 အာမလက်အမျိုးသားတို့သည် တောင်ဘက်၌လည်းကောင်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌လည်းကောင်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌လည်းကော၏င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ၏။ 30 ကာလက်ကလည်း ချက်ချင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။ 31 သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍လည်းကောင်း၊ 32 ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ 33 ကိုယ်ကြီးသောလူအမျိုးအနွယ်၊ အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြ၏။ သူတို့အထင်အတိုင်းလည်း ထိုသို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသတင်းကို ကြားပြောကြလေ၏။က၊ ၆:၄။
1 Disse Dt 1.22-23Jeová a Moisés: 2 Envia homens que espiem a terra de Canaã, que eu hei de dar aos filhos de Israel; de cada tribo de seus pais enviarás um homem, sendo cada qual príncipe entre eles. 3 Do deserto de Parã enviou-os Moisés à ordem de Jeová, todos eles homens que eram cabeças dos filhos de Israel. 4 Estes eram os seus nomes: da tribo de Rúben, Samua, filho de Zacur. 5 Da tribo de Simeão, Safate, filho de Hori. 6 Da tribo de Judá, Calebe, filho de Jefoné. 7 Da tribo de Issacar, Jigeal, filho de José. 8 Da tribo de Efraim, Nm 13.16;Dt 32.44Oseias, filho de Num. 9 Da tribo de Benjamim, Palti, filho de Rafu. 10 Da tribo de Zebulom, Gadiel, filho de Sodi. 11 Da tribo de José, a saber, da tribo de Manassés, Gadi, filho de Susi. 12 Da tribo de Dã, Amiel, filho de Gemali. 13 Da tribo de Aser, Setur, filho de Micael. 14 Da tribo de Naftali, Nabi, filho de Vofsi. 15 Da tribo de Gade, Geuel, filho de Maqui. 16 Estes são os nomes dos homens que Moisés enviou a espiar a terra. A Nm 13.8Oseias, filho de Num, Moisés chamou Josué.
17 Moisés enviou-os a espiar a terra de Canaã e disse-lhes: Subi ao Gn 12.9;13.1,3Neguebe e penetrai nas montanhas. 18 Vede a terra, que tal é; e o povo que nela habita, se é forte ou fraco, se são poucos ou muitos; 19 que tal é a terra em que habitam, se é boa ou má; que tais são as cidades em que habitam, se em arraiais ou em fortalezas; 20 e que Dt 1.24-25tal é a terra, se gorda ou magra, se há nela lenha ou não. Dt 31.6,23Esforçai-vos por obter do fruto da terra. Ora, a estação era a das uvas temporãs.
21 Assim, subiram e espiaram a terra desde o Nm 20.1;27.14;33.36deserto de Zim até Reobe, até a Js 13.5entrada de Hamate. 22 Subiram ao Nm 13.17Neguebe e foram a Hebrom, onde estavam Js 15.14Aimã, Sesai e Talmai, filhos de Nm 13.28,33Anaque (Ora, Hebrom foi edificada sete anos antes de Sl 78.12,43Zoã, no Egito). 23 Foram até o vale de Nm 13.23;32.9;Gn 14.13;Dt 1.24Escol e ali cortaram um ramo de vide com um só cacho, o qual dois homens levaram sobre uma padiola; levaram também romãs e figos. 24 Esse lugar se chamou o vale de Escol, por causa do cacho que ali cortaram os filhos de Israel.
25 Passados quarenta dias, voltaram de espiarem a terra. 26 Caminharam e vieram ter com Moisés, e com Arão, e com toda a congregação dos filhos de Israel, ao deserto de Parã, a Nm 20.1,14;32.8Cades; deram-lhes notícias, a eles e a toda a congregação, e mostraram-lhes o fruto da terra. 27 Deram-lhe conta, e disseram: Fomos à terra a que nos enviaste, a qual, na verdade, Êx 3.8,17;13.5mana leite e mel; Dt 1.25este é o fruto da terra. 28 Todavia, o povo que habita nessa terra é forte, e as cidades são fortificadas e mui grandes; também vimos ali Nm 13.33os filhos de Anaque. 29 Amaleque habita na terra do Nm 13.17;14.25,45Neguebe, os heteus, os jebuseus e os Js 10.6amorreus habitam nas montanhas, e os Nm 14.43,45cananeus habitam junto do mar, à margem do Jordão.
30 Então, Calebe fez calar o povo diante de Moisés e disse: Subamos e possuamos a terra, porque bem podemos prevalecer contra ela. 31 Porém os homens que subiram com ele disseram: Dt 1.28;9.1-3Não poderemos subir contra o povo, porque é mais forte do que nós. 32 Diante dos filhos de Israel, Nm 14.36-37;Sl 106.24infamaram a terra que haviam espiado, dizendo: A terra por meio da qual passamos para a espiar é Ez 36.13-14terra que devora os seus habitantes; Am 2.9todo o povo que vimos nela são homens de grande estatura. 33 Ali, vimos os Gn 6.4nefilins (os filhos de Anaque são dos nefilins); Dt 1.28;9.2;Js 11.21éramos, aos nossos próprios olhos, como gafanhotos, e assim também o éramos aos seus olhos.