1,2 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါ၏ပူဇော်သကာကိုလည်းကောင်း၊ ငါ့အဖို့မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာအာဟာရကိုလည်းကောင်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။ 3 တစ်ဖန် ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဖို့၊ အခါလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။ 4 နံနက်ယံ၌ သိုးသငယ်တစ်ကောင်၊ ညဉ့်ဦးယံ၌တစ်ကောင်ကို ပူဇော်ရမည်။ 5 သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီသုံးလောဃနှင့်ရောသော မုန့်ညက်တစ်ဩမဲကိုလည်း ပူဇော်ရမည်။ 6 ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည်အတိုင်း၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သကာ၊ အစဉ်အမြဲပြုရသော မီးရှို့ရာယဇ်ဖြစ်သတည်း။ 7 သိုးသငယ်တစ်ကောင်နှင့်အတူ သွန်းလောင်းရာပူဇော်သကာဖို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာပူဇော်သကာဖို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။ 8 အခြားသောသိုးသငယ်ကို ညဉ့်ဦးယံ၌ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာ ပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့်ပြည့်စုံ၍ မီးဖြင့်ပူဇော်သောယဇ်ကို ပြုရမည်။
9,10 နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ဥပုသ်နေ့ရက်၌ အခါလည်အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကိုလည်းကောင်း၊ သွန်းလောင်းရာပူဇော်သကာပါလျက်၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက် နှစ်ဩမဲကိုလည်းကောင်းပူဇော်ရမည်။
11 လဆန်းတစ်ရက်နေ့၌၊ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်၊ အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ 12 နွားတစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် နှစ်ဩမဲ၊ 13 သိုးသငယ်တစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် တစ်ဩမဲစီတည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။ 14 သွန်းလောင်းရာပူဇော်သကာဖို့ကား၊ နွားတစ်ကောင်နှင့် စပျစ်ရည်ခြောက်လောဃ၊ သိုးတစ်ကောင်နှင့် လေးလောဃ၊ သိုးသငယ်တစ်ကောင်နှင့် သုံးလောဃကို ပူဇော်ရမည်။ ထိုသို့ လတိုင်းအစဉ်မပြတ် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ 15 နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ အပြစ်ဖြေရာယဇ်ဖို့ ထာဝရဘုရားအား ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။
16 ပထမလ တစ်ဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။ထွ၊ ၁၂:၁-၁၃၊တရား၊၊၁၆:၁-၂။17 ၎င်းလတစ်ဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ 18 ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 19 ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်တည်းဟူသော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ 20 နွားတစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 21 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာ ပြုရမည်။ 22 အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ 23 နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာယဇ်မှတစ်ပါး၊ ထိုယဇ်များကို ထပ်၍ပူဇော်ရမည်။ 24 ထိုသို့ အစဉ်အမြဲပူဇော်သောမီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သကာအစာအာဟာရကို ပူဇော်ရမည်။ 25 သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ထွ၊ ၁၂:၁၄-၂၀၊၂၃:၁၅၊၃၄:၁၈၊တရား၊ ၁၆:၃-၈။
26 ထိုမှတစ်ပါး၊ သီတင်းခုနစ်သီတင်းစေ့ပြီးမှ၊ ဘောဇဉ်ပူဇော်သကာအသစ်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီးနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 27 ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ 28 နွားတစ်ကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 29 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင်တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာ ပြုရမည်။ 30 အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ 31 ထိုသို့အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာမှတစ်ပါး၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော်ရမည်။ထွ၊ ၂၃:၁၆၊၃၄:၂၂၊တရား၊ ၁၆:၉-၁၂။
1 Disse também Jeová a Moisés: 2 Manda aos filhos de Israel e dize-lhes: A minha oblação, o meu Lv 3.11alimento para as minhas ofertas queimadas, de suave cheiro para mim, cuidareis de ma oferecer aos seus tempos determinados. 3 Êx 29.38-42Dir-lhes-ás: Esta é a oferta queimada que oferecereis a Jeová: dois cordeiros de um ano, sem defeito cada dia, em holocausto perpétuo. 4 Oferecerás um cordeiro pela manhã e o outro, à tardinha; 5 e a décima parte dum efa de flor de farinha em oferta de cereais, misturada com a quarta parte dum him de azeite espremido num gral. 6 É holocausto perpétuo, que foi instituído no monte Sinai para suave cheiro, oferta queimada a Jeová. 7 A sua oferta de libação será a quarta parte dum him para um cordeiro; no Santo Lugar, deitarás uma oferta de libação de bebida forte a Jeová. 8 Oferecerás o outro cordeiro à tarde; como a oferta matutina de cereais e como a sua oferta de libação, oferecê-los-ás, oferta queimada, de suave cheiro a Jeová.
9 No dia de sábado oferecerás dois cordeiros de um ano sem defeito, e duas décimas partes dum efa de flor de farinha, misturada com azeite, em oferta de cereais, e a sua oferta de libação; 10 holocausto é de todos os sábados, além do Nm 28.3holocausto perpétuo e da sua oferta de libação.
11 Nm 10.10;Ez 46.6-7Nos princípios dos vossos meses, oferecereis um holocausto a Jeová: dois bezerros, um carneiro e sete cordeiros de um ano, sem defeito; 12 Nm 15.4-12três décimas partes dum efa de flor de farinha, misturada com azeite, em oferta de cereais, para cada bezerro; duas décimas partes de flor de farinha, misturada com azeite, para o carneiro; 13 e uma décima parte de flor de farinha, misturada com azeite, em oferta de cereais, para cada carneiro. Holocausto é de suave cheiro, oferta queimada a Jeová. 14 As suas ofertas de libação serão a metade dum him de vinho para um bezerro, e a terça parte dum him para o carneiro, e a quarta parte dum him para um cordeiro; este é o holocausto de cada mês, por todos os meses do ano. 15 Oferecerás um bode em oferta pelo pecado a Jeová; oferecer-se-á este além do Nm 28.3holocausto perpétuo e da sua oferta de libação.
16 Êx 12.14-20;Lv 23.5-8;Dt 16.1-8No primeiro mês, aos quatorze dias do mês, é a Páscoa de Jeová. 17 Aos quinze dias deste mês haverá uma festa; sete dias se comerão pães asmos. 18 No primeiro dia, haverá uma santa convocação; não fareis obra alguma servil, 19 mas oferecereis uma oferta queimada, um holocausto a Jeová: dois bezerros, um carneiro e sete cordeiros de um ano (ser-vos-ão eles sem defeito) 20 e a sua oferta de cereais: flor de farinha misturada com azeite. Oferecereis três décimas partes para um bezerro e duas décimas partes para o carneiro; 21 e oferecereis uma décima parte para cada um dos sete cordeiros; 22 e um bode em oferta pelo pecado, para fazer expiação por vós. 23 Oferecereis essas coisas além do Nm 28.3holocausto da manhã, o qual é o holocausto perpétuo. 24 Assim, cada dia oferecereis por sete dias o Lv 3.11alimento da oferta queimada, de suave cheiro a Jeová; oferecer-se-á além do Nm 28.3holocausto perpétuo e da sua oferta de libação. 25 Ao sétimo dia, tereis uma santa convocação; Nm 28.18não fareis obra alguma servil.
26 Também no Êx 23.16;34.22;Lv 23.15-21;Dt 16.9-12dia das primícias, quando oferecerdes a Jeová uma nova oferta de cereais na vossa Festa de Semanas, tereis uma santa convocação; Nm 28.18não fareis obra alguma servil; 27 mas oferecereis um holocausto de suave cheiro a Jeová: dois bezerros, um carneiro e sete cordeiros de um ano; 28 e a sua oferta de cereais: flor de farinha misturada com azeite, três décimas partes para cada bezerro, duas décimas partes para o carneiro 29 e uma décima para cada um dos sete cordeiros; 30 e um bode, para fazer expiação por vós. 31 Nm 28.3Oferecê-lo-eis além do holocausto perpétuo, e da sua oferta de cereais (ser-vos-ão sem defeito), e das suas ofertas de libação.