1 ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေအမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊ 2 ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ရှေ့မှာ ရပ်လျက်၊ 3 အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရားတစ်ဖက်၌ စုဝေးသောအပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌သားယောက်ျား မရှိပါ။ 4 ထိုသို့ သားယောက်ျားမရှိသောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေအမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။ 5 သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။ 6 ထာဝရဘုရားကလည်း၊ ဇလောဖဒ်သမီးတို့၏စကားသည် လျောက်ပတ်ပေ၏။ 7 အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏ အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။တော၊ ၃၆:၂။8 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။ 9 သမီးမရှိလျှင်၊ သူ၏အမွေဥစ္စာကို သူ၏ညီအစ်ကိုတို့အား ပေးရမည်။ 10 ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။ 11 ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဖော်အားပေး၍၊ ထိုသူသည်ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအားမိန့်တော်မူ၏။
12 တစ်ဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ်တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ကြည့်ရှုလော့။ 13 သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်းသွားရမည်။ 14 အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြုကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက်ပြု၍၊ သူတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသော အပြစ်ရှိသည်ဟု မောရှေအား မိန့်တော်မူ၏။တရား၊ ၃:၂၃-၂၇၊၃၂:၄၈-၅၂။15-17 မောရှေကလည်း၊ ထာဝရဘုရား၏ပရိသတ်တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မည်အကြောင်း၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်ကို အစိုးရတော်မူသော ဘုရားသခင်ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ထုတ်ခြင်း၊ အတွင်းသို့သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစ်စုံတစ်ယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေသောဟု ထာဝရဘုရားအား လျှောက်လေ၏။၃ ရာ၊ ၂၂:၁၇၊ယေဇ၊ ၃၄:၅၊မ၊ ၉:၃၆၊မာ၊ ၆:၃၄။18 ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သားယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ်မှာတင်လော့။ထွ၊ ၂၄:၁၃။19 ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။ 20 ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏စကားကို နားထောင်မည်အကြောင်း၊ သင်၏ဘုန်းအသရေအချို့ကို သူ့အပေါ်၌တင်ထားလော့။ 21,22 ထိုသူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက်မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊ထွ၊ ၂၈:၃၀၊၁ ရာ၊ ၁၄:၄၁၊၂၈:၆။23 သူ့အပေါ်မှာလက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော်မူ၏။တရား၊ ၃၁:၂၃။
1 Então, vieram Nm 26.33;36.1as filhas de Zelofeade, filho de Hefer, filho de Gileade, filho de Maquir, filho de Manassés, das famílias de Manassés, filho de José; e estes são os Nm 26.33nomes de suas filhas: Maalá, Noa, Hogla, Milca e Tirza. 2 Apresentaram-se diante de Moisés, e diante do sacerdote Eleazar, e diante dos príncipes e toda a congregação, à entrada da tenda da revelação, e disseram: 3 Nosso pai morreu no deserto, e não se achou entre a companhia daqueles que se reuniram contra Jeová na companhia de Coré; porém Nm 26.64-65morreu no seu próprio pecado; e Nm 26.33não tinha filhos. 4 Por que se tirará o nome de nosso pai dentre a sua família, porquanto não tinha filhos? Dai-nos possessão entre os irmãos de nosso pai. 5 Moisés levou a causa delas perante JeováNm 9.8;27.21.
6 Disse Jeová a Moisés: 7 Nm 36.2;Js 17.4As filhas de Zelofeade falam o que é justo; certamente, lhes darás possessão de herança entre os irmãos de seu pai; e farás passar a elas a herança de seu pai. 8 Dirás aos filhos de Israel: Se morrer um homem e não tiver filhos, fareis passar a sua herança à sua filha. 9 Se não tiver filha, dareis a sua herança aos seus irmãos. 10 Se não tiver irmãos, dareis a sua herança aos irmãos de seu pai. 11 Se seu pai não tiver irmãos, dareis a sua herança ao seu parente que lhe é mais chegado de sua família, e este a possuirá; isso será para os filhos de Israel uma prescrição de direito, como Jeová ordenou a Moisés.
12 Dt 32.48-52Disse Jeová a Moisés: Sobe a este Nm 33.47-48monte Abarim e vê a terra que dei aos filhos de Israel. 13 Tendo-a visto, Nm 31.2serás também recolhido ao teu povo, assim como o foi teu irmão Arão; 14 porque, no deserto de Zim, na contenda da congregação, fostes Nm 20.12rebeldes à minha ordem, não me santificando diante dos seus olhos na questão das águas (Estas são as águas de Meribá de Cades, no deserto de Zim.).
15 Respondeu Moisés a Jeová: 16 Nm 16.22Que Jeová, Deus dos espíritos de toda a carne, ponha um homem sobre a congregação, 17 o qual saia adiante deles, e entre adiante deles, e os faça sair, e os faça entrar; para que a congregação de Jeová não seja como ovelhas que não têm pastor. 18 Disse Jeová a Moisés: Toma a Josué, filho de Num, varão Nm 11.25-29;Dt 34.9no qual reside o Espírito, e Nm 27.23impõe-lhe a mão; 19 apresenta-o diante do sacerdote Eleazar e diante de toda a congregação; e, diante deles, Dt 3.28;31.3,7,8,23dá-lhe a comissão. 20 Sobre eles porás uma parte da tua majestade, para que lhe obedeça toda a congregação dos filhos de Israel. 21 Apresentar-se-á perante o sacerdote Eleazar, o qual a respeito dele indagará 1Sm 28.6segundo o juízo do Urim, diante de Jeová; à ordem de Eleazar, sairão; e, à ordem de Eleazar, entrarão, ele e todos os filhos de Israel, isto é, toda a congregação. 22 Fez Moisés como Jeová lhe ordenou; e, tendo tomado a Josué, apresentou-o diante do sacerdote Eleazar e diante de toda a congregação; 23 impôs-lhe as mãos e deu-lhe a comissão, como Jeová falou por intermédio de Moisés.