1 သတ္တမလ၊ ပထမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။ 2 ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ 3 နွားတစ်ကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 4 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာ ပြုရမည်။ 5 အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ 6 ထိုသို့ထုံးစံရှိသည်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သကာကို ပူဇော်ရမည်။
7 ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြု၍ ခြိုးခြံစွာကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ဝတ်၊ ၁၆:၂၉-၃၄။8 ထိုနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ 9 နွားတစ်ကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 10 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာပြုရမည်။ 11 အပြစ်ဖြေရာယဇ်ဖို့လည်း၊ ဆိတ်သငယ်တစ်ကောင်ကို ပူဇော်ရမည်။ ထိုသို့အပြစ်ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး ထပ်၍ပြုရမည်။
12 ၎င်းလ တစ်ဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကိုမလုပ်ဘဲ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲခံရမည်။ 13 ပထမနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးဆယ်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။ 14 နွားဆယ်သုံးကောင်စေ့အောင်၊ တစ်ကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ၊ သိုးနှစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် နှစ်ဩမဲစီ၊ 15 သိုးသငယ်ဆယ်လေးကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာပြုရမည်။ 16 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး ထပ်၍ပူဇော်ရမည်။ 17 ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 18 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 19 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 20 တတိယနေ့၌၊ နွားထီးဆယ်တစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 21 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 22 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 23 စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 24 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 25 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 26 ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 27 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 28 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 29 ဆဋ္ဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 30 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 31 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 32 သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ 33 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 34 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ 35 အဋ္ဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 36 ထိုနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်ကိုလည်းကောင်း၊ 37 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ 38 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။ဝတ်၊ ၂၃:၃၄၊တရား၊ ၁၆:၁၃-၁၅။39 ထိုသို့သစ္စာကတိရှိ၍ ပြုသောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာ၊ မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာမှတစ်ပါး၊ ချိန်းချက်သောပွဲတို့၌ ထာဝရဘုရားအား ထပ်၍ပူဇော်ရမည်ဟု မိန့်တော်မူ၏။ 40 ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
1 No Êx 23.16;34.22;Lv 23.23-25sétimo mês, no primeiro dia do mês, tereis uma santa convocação; Nm 28.26não fareis obra alguma servil; será para vós dia do sonido de trombetas. 2 Oferecereis um holocausto em suave cheiro a Jeová: um bezerro, um carneiro e sete cordeiros de um ano sem defeito; 3 e a sua oferta de cereais: de flor de farinha misturada com azeite, três décimas partes para o bezerro, duas décimas para o carneiro 4 e uma décima para cada um dos sete cordeiros; 5 e um bode em oferta pelo pecado, para fazer expiação por vós; 6 Nm 28.27além do holocausto da lua nova e da sua oferta de cereais, e do Nm 28.3holocausto perpétuo, e da sua oferta de cereais, e das suas ofertas de libação, segundo a sua ordenança, um suave cheiro, oferta queimada a Jeová.
7 Aos Lv 16.29-34;23.26-32dez dias deste sétimo mês, tereis uma santa convocação; afligireis as vossas almas; não fareis obra alguma; 8 mas oferecereis a Jeová um holocausto em suave cheiro: um bezerro, um carneiro e sete cordeiros de um ano (ser-vos-ão sem defeito); 9 a sua oferta de cereais: de flor de farinha misturada com azeite, três décimas partes para o bezerro, duas décimas para o carneiro 10 e uma décima para cada um dos sete cordeiros; 11 um bode em oferta pelo pecado; além da oferta pelo pecado, com a qual se faz expiação, e do Nm 28.3holocausto perpétuo, e da sua oferta de cereais, e das suas ofertas de libação.
12 Aos Lv 23.33-35quinze dias do sétimo mês, tereis uma santa convocação; Nm 29.1não fareis obra alguma servil e sete dias celebrareis uma festa a Jeová. 13 Oferecereis um holocausto, oferta queimada, de suave cheiro a Jeová: treze bezerros, dois carneiros, quatorze cordeiros de um ano (serão sem defeito); 14 e a sua oferta de cereais: de flor de farinha misturada com azeite, três décimas partes para cada bezerro, duas décimas para cada um dos dois carneiros 15 e uma décima para cada um dos quatorze cordeiros; 16 um bode em oferta pelo pecado, Nm 28.3além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
17 No Lv 23.36segundo dia, oferecereis doze bezerros, dois carneiros e quatorze cordeiros de um ano, sem defeito; 18 e a sua oferta de cereais e as suas ofertas de libação para os bezerros, para os carneiros e para os cordeiros, segundo o seu número, de acordo com a ordenança; 19 e um bode em oferta pelo pecado, Nm 28.3além do holocausto perpétuo, e da sua oferta de cereais, e das suas ofertas de libação.
20 No terceiro dia, onze bezerros, dois carneiros e quatorze cordeiros de um ano sem defeito; 21 e a sua oferta de cereais e as suas ofertas de libação para os bezerros, para os carneiros e para os cordeiros, segundo o seu número, de acordo com a ordenança; 22 e um bode em oferta pelo pecado, além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
23 No quarto dia, dez bezerros, dois carneiros e quatorze cordeiros de um ano, sem defeito; 24 e a sua oferta de cereais e as suas ofertas de libação para os bezerros, para os carneiros e para os cordeiros, segundo o seu número, de acordo com a ordenança; 25 e um bode em oferta pelo pecado, além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
26 No quinto dia, nove bezerros, dois carneiros e quatorze cordeiros de um ano sem defeito; 27 e a sua oferta de cereais e as suas ofertas de libação para os bezerros, para os carneiros e para os cordeiros, segundo o seu número, de acordo com a ordenança; 28 e um bode em oferta pelo pecado, além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
29 No sexto dia, oito bezerros, dois carneiros e quatorze cordeiros de um ano sem defeito; 30 e a sua oferta de cereais e as suas ofertas de libação para os bezerros, para os carneiros e para os cordeiros, segundo o seu número, de acordo com a ordenança; 31 e um bode em oferta pelo pecado, além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
32 No sétimo dia, sete bezerros, dois carneiros e quatorze cordeiros de um ano, sem defeito; 33 e a sua oferta de cereais e as suas ofertas de libação, para os bezerros, para os carneiros e para os cordeiros, segundo o seu número, de acordo com a ordenança; 34 e um bode em oferta pelo pecado, além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
35 Ao Lv 23.36oitavo dia, tereis uma assembleia solene; não fareis obra alguma servil; 36 mas oferecereis um holocausto, oferta queimada, de suave cheiro a Jeová: um bezerro, um carneiro e sete cordeiros de um ano sem defeito; 37 e a sua oferta de cereais e as suas ofertas de libação para o bezerro, para o carneiro e para os cordeiros serão segundo o seu número, de acordo com a ordenança; 38 e um bode em oferta pelo pecado, além do holocausto perpétuo, e da sua oferta de cereais, e da sua oferta de libação.
39 Oferecereis essas coisas a Jeová nas vossas Lv 23.2festas fixas, além dos vossos votos e das vossas ofertas voluntárias, para os vossos holocaustos, e para as vossas ofertas de cereais, e para as vossas ofertas de libação, e para as vossas ofertas pacíficas. 40 Falou, pois, Moisés aos filhos de Israel conforme tudo o que Jeová lhe ordenou.