1 ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊ထွ၊ ၂၅:၃၁-၄၀။ ၃၇:၁၇-၂၄။2 မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတစ်ဖက်တစ်ချက်၌ ထွန်းလင်းရမည်ဟု၊ 3 မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတစ်ဖက်တစ်ချက်၌ မီးခွက်များကိုထွန်းလေ၏။ 4 မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအားပြတော်မူသောပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့်တစ်စပ်တည်းထုလုပ်သော မီးခုံဖြစ်သတည်း။
5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား 6 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။ 7 စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖျန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကိုပြုသဖြင့် စင်ကြယ်စေရမည်။ 8 ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူပြီးလျှင်၊ 9 လေဝိသားတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို စည်းဝေးစေပြီးမှ၊ 10 လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသားတို့သည် လက်ကိုတင်သဖြင့်၊ 11 သူတို့သည် ထာဝရဘုရား၏အမှုတော်ကို ထမ်းစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော်သကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအားဆက်ရမည်။ 12 လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှာ၊ ထာဝရဘုရားရှေ့မှာ နွားတစ်ကောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။ 13 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သကာပြုရမည်။ 14 ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် တခြားစီခွဲထား၍၊ သူတို့သည်အထူးသဖြင့် ငါ့လူဖြစ်ရကြလိမ့်မည်။ 15 ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ရကြလိမ့်မည်။ သူတို့ကိုစင်ကြယ်စေ၍ ပူဇော်သကာ၊ ပြုရသောအကြောင်းဟူမူကား၊ 16 ဣသရေလအမျိုးထဲက သူတို့ကိုရွေးကောက်၍၊ ငါ့အားအပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် သူတို့ကိုငါသိမ်းယူ၏။ 17 အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဖို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရမည်။ထွ၊ ၁၃:၂။18 တစ်ဖန် ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။ 19 သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသား ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့်လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့အား စွန့်ကြဲပေးကမ်းသည်ဟု၊ 20 လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်အစရှိသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကိုပြုကြလျှင်၊ 21 သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။ 22 ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
23 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 24 လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ်လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ခြင်းငှာ ဝင်ရကြမည်။ 25,26 အသက်ငါးဆယ်လွန်မှအမှုလွတ်၍ နောက်တစ်ဖန်မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာတဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့်ရကြမည်။ ထိုသို့ လေဝိသားများစောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။
1 Disse Jeová a Moisés: 2 Fala a Arão e dize-lhe: Quando levantares as lâmpadas, as sete lâmpadas Êx 25.37;Lv 24.2,4alumiarão o espaço em frente do candeeiro. 3 Assim fez Arão: levantou as lâmpadas do candeeiro, de sorte que alumiassem o espaço em frente do candeeiro, como Jeová ordenou a Moisés. 4 Êx 25.31-40Esta era a obra do candeeiro, obra de ouro batido; até o seu pedestal e até as açucenas, todo ele era de ouro batido; Êx 25.9,40;26.30segundo o modelo que Jeová mostrara a Moisés, assim ele fez o candeeiro.
5 Disse mais Jeová a Moisés: 6 Toma os levitas dentre os filhos de Israel e purifica-os. 7 Assim lhes farás, para os purificar: asperge sobre eles Nm 19.9,13,20a água da expiação, Lv 14.8-9e eles façam passar uma navalha sobre toda a sua carne, Nm 8.21lavem os seus vestidos, e purifiquem-se a si mesmos. 8 Então, tomem um novilho, e a Nm 15.8-10sua oferta de cereais, a saber, flor de farinha amassada com azeite, tomarás tu outro novilho para oferta pelo pecado. 9 Apresentarás os levitas diante da tenda da revelação e ajuntarás a congregação toda dos filhos de Israel. 10 Apresentarás os levitas diante de Jeová, e os filhos de Israel porão as mãos sobre os levitas. 11 Arão oferecerá os levitas diante de Jeová como Lv 7.30,34oferta movida, a favor dos filhos de Israel, a fim de que sirvam no ministério de Jeová. 12 Os levitas porão as mãos sobre as cabeças dos novilhos; tu sacrificarás um como oferta pelo pecado e o outro, como holocausto a Jeová, para fazeres expiação pelos levitas. 13 Colocarás os levitas diante de Arão e diante de seus filhos e os oferecerás como oferta movida a Jeová.
14 Assim, separarás os levitas dentre os filhos de Israel; e Nm 3.12os levitas serão meus. 15 Depois disso, entrarão os levitas para fazerem o serviço da tenda da revelação; tu os purificarás e os oferecerás como oferta movida. 16 Porque eles me são Nm 3.9dados inteiramente dentre os filhos de Israel; Êx 13.2em lugar de todos os que abrem a madre, a saber, dos primogênitos de todos os filhos de Israel, para mim os tomei. 17 Pois todos os primogênitos entre os filhos de Israel, tanto de homens como de animais, são meus; no dia em que feri a todos os primogênitos na terra do Egito, santifiquei-os para mim mesmo. 18 Tomei os levitas em lugar de todos os primogênitos entre os filhos de Israel. 19 Dentre os filhos de Israel, dei os levitas como uma dádiva a Arão e a seus filhos, para fazerem o serviço dos filhos de Israel na tenda da revelação e para fazerem expiação pelos filhos de Israel, a fim de que não venha alguma Nm 1.53praga entre eles, quando se aproximarem do santuário.
20 Assim fizeram aos levitas Moisés e Arão e toda a congregação dos filhos de Israel; segundo tudo o que Jeová ordenou a Moisés no tocante aos levitas, assim lhes fizeram os filhos de Israel. 21 Nm 8.7Os levitas purificaram-se do pecado e lavaram os seus vestidos; Arão ofereceu-os como oferta movida diante de Jeová e fez expiação por eles para os purificar. 22 Depois disso, entraram os levitas para fazerem o seu serviço na tenda da revelação diante de Arão e seus filhos; como Jeová ordenou a Moisés relativamente aos levitas, assim lhes fizeram.
23 Disse mais Jeová a Moisés: 24 Isso é o que toca aos levitas: desde a idade dos Nm 4.3vinte e cinco anos e daí para cima entrarão para se ocuparem no serviço da tenda da revelação; 25 desde a idade de cinquenta anos, cessarão de se ocuparem no serviço e não servirão mais. 26 Poderão ministrar com os seus irmãos na tenda da revelação, em cumprimento do que foi prescrito, porém não farão serviço ativo. Assim farás aos levitas no tocante ao que lhes foi prescrito.