1 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊ 2 အပြစ်မပါ၊ တစ်ခါမျှထမ်းပိုးမတင်၊ ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။ 3 ယဇ်ပုရောဟိတ်ဧလာဇာ၌အပ်၍ တပ်ပြင်သို့ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူသတ်ရမည်။ 4 ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖျန်းရမည်။ 5 ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တစ်ကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။ 6 ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကို ယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။ 7 ထိုနောက် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်းရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ 8 မီးရှို့သောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ 9 စင်ကြယ်သောသူတစ်စုံတစ်ယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဖို့ စင်ကြယ်စေသောရေဖော်ဖို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စရာဖို့ ဖြစ်သတည်း။ဟေဗြဲ၊၉:၁၃။10 နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသောတစ်ပါးအမျိုးသားတို့သည် အစဉ်အမြဲစောင့်ရသော ပညတ်ဖြစ်သတည်း။
11 လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ် ဖြစ်လိမ့်မည်။ 12 သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကိုသန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကိုမသန့်ရှင်းစေလျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင်ကြယ်ရ။ 13 လူသေကောင်ကိုထိ၍ ကိုယ်ကိုမသန့်ရှင်းစေသောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။ 14 တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။ 15 မဖုံးဘဲဖွင့်ထားသော အိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။ 16 သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။ 17 မစင်ကြယ်သောသူဖို့ အပြစ်ကင်းစေရာ မီးရှို့သောနွားမ၏ ပြာအချို့ကိုယူ၍၊ စီးသောရေနှင့်အတူ အိုး၌ထည့်ပြီးမှ၊ 18 စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍တဲပေါ်မှာလည်းကောင်း၊ တန်ဆာများ၊ တဲ၌ရှိသောလူများပေါ်မှာလည်းကောင်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကိုထိသောသူပေါ်မှာလည်းကောင်း၊ ထိုရေကိုဖျန်းရမည်။ 19 စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖျန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ ရေချိုးလျှင်၊ ညဉ့်ဦးအချိန်တွင် စင်ကြယ်လိမ့်မည်။ 20 မစင်ကြယ်သောသူသည် ကိုယ်ကိုသန့်ရှင်းစေခြင်းငှာ မပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။ 21 အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား၊ စင်ကြယ်သောရေကို ဖျန်းသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထိုရေကိုထိသောသူလည်း၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ 22 မစင်ကြယ်သောသူ ထိသမျှသောအရာသည်လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကိုထိသောသူလည်း ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
1 Disse Jeová a Moisés e a Arão: 2 Este é o estatuto da lei que Jeová ordenou, dizendo: Fala aos filhos de Israel que te tragam uma novilha vermelha, Lv 22.20-25perfeita, em que não haja defeito e que Dt 21.3ainda não tenha levado o jugo. 3 Entregá-la-eis ao sacerdote Nm 3.4Eleazar, e Nm 19.9;Lv 4.11-12,21ele a tirará para fora do arraial, e matá-la-ão diante dele. 4 Eleazar, o sacerdote, tomando do sangue dela com o dedo, Lv 4.6,17aspergi-lo-á sete vezes para a frente da tenda da revelação. 5 À vista dele, será queimada a novilha; queimar-se-á o couro, a carne e o sangue com o excremento, 6 e o sacerdote, tomando Lv 14.4pau de cedro, hissopo e escarlata, os lançará no meio do fogo que queima a novilha. 7 Então, o sacerdote Lv 16.26,28;22.6lavará os seus vestidos, banhará o corpo em água, depois entrará no arraial e estará imundo até a tarde. 8 Também aquele que a queimar lavará os seus vestidos em água, banhará o corpo em água e estará imundo até a tarde. 9 Um homem limpo recolherá a cinza e a depositará fora do arraial, num lugar limpo, e ela ficará guardada para a congregação dos filhos de Israel como a Nm 8.7água de purificação; é oferta pelo pecado. 10 Aquele que recolher a cinza da novilha Nm 19.7lavará os seus vestidos e estará imundo até a tarde; isso será estatuto perpétuo aos filhos de Israel e ao estrangeiro que peregrina entre eles. 11 Nm 5.2;6.6;Lv 21.1,11;At 21.26-27Quem tocar em algum morto, cadáver de algum homem, ficará imundo sete dias; 12 Nm 19.19esse purificar-se-á com esta água ao terceiro dia e, ao sétimo dia, se tornará limpo; mas, se ao terceiro dia não se purificar, não se tornará limpo ao sétimo dia. 13 Lv 7.20-21;22.3-7Quem tocar em algum morto, cadáver de algum homem que tiver morrido, e não se purificar, Nm 19.20;Lv 15.31;20.3contamina o tabernáculo de Jeová; essa alma será extirpada de Israel; porque a água de purificação não Nm 19.19foi lançada sobre ele, ficará imundo, a sua imundícia ainda está nele.
14 Esta é a lei, quando um homem morrer numa tenda: todo o que entrar na tenda e todo o que estiver na tenda estarão imundos sete dias. 15 Todo vaso aberto sobre que não houver pano atado está imundo. 16 Nm 31.19Todo aquele que, no campo, tocar a alguém que for morto pela espada, ou a um cadáver, ou a um osso de homem, ou a uma sepultura estará imundo sete dias. 17 Para o imundo se tomarão da cinza da queima da Nm 19.9oferta pelo pecado e se deitarão por cima dela águas vivas dentro dum vaso. 18 Um homem limpo, tomando hissopo, molhá-lo-á na água e a aspergirá sobre a tenda, e sobre todos os vasos, e sobre as pessoas que estavam ali, e sobre aquele que tocou no osso, ou ao que foi morto, ou ao que faleceu, ou à sepultura. 19 O limpo Ez 36.25;Hb 10.22aspergirá o imundo ao terceiro dia e ao sétimo; purificá-lo-á ao sétimo dia, e aquele que era imundo lavará os seus vestidos, banhar-se-á em água e ficará limpo à tarde.
20 Porém o homem que estiver imundo e não se purificar será extirpado do meio da assembleia, porque Nm 19.13contaminou ao santuário de Jeová; a água de purificação não foi aspergida sobre ele; está imundo. 21 Isto lhes será por estatuto perpétuo: Nm 19.7quem aspergir a água de purificação lavará os seus vestidos; e quem tocar a água de purificação estará imundo até a tarde. 22 Lv 5.2-3;7.21;22.5-6Tudo quanto o imundo tocar ficará imundo; e a pessoa que tocar essas coisas ficará imunda até a tarde.