1 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊ 2 ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှုပြု၍နေရာချရမည်။ 3 နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 4 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။ 5 ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 6 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။ 7 ထိုနောက်၊ ဇာဗုလုန်တပ်ချ၍ ဟေလုန်သားဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 8 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။ 9 ယုဒတပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား တစ်သိန်းရှစ်သောင်းခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ချီရကြမည်။
10 တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထူ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 11 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းခြောက်ထောင်ငါးရာ ရှိသတည်း။ 12 ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 13 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းကိုးထောင်သုံးရာ ရှိသတည်း။ 14 ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 15 သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိသတည်း။ 16 ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား တစ်သိန်း ငါးသောင်းတစ်ထောင်လေးရာငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။
17 ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
18 အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 19 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။ 20 ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလျေလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 21 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။ 22 ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 23 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။ 24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
25 တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒဲသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 26 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။ 27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 28 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းတစ်ထောင်ငါးရာ ရှိသတည်း။ 29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 30 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။ 31 ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းငါးသောင်းခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက်ဆုံးတပ်အရာ၌ ချီရကြမည်။
32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။ 33 ထာဝရဘုရားသည်၊ မောရှအားမှာထားတော်မူသည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ 34 ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကိုလည်းကောင်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကိုလည်းကောင်း ပြုရကြ၏။
1 Disse Jeová a Moisés e a Arão: 2 Nm 1.52Os filhos de Israel acampar-se-ão, cada um junto ao seu estandarte, com as insígnias das casas de seus pais; à alguma distância da tenda da revelação, se acamparão em roda. 3 Os que se acamparem ao oriente serão os do estandarte do arraial de Judá, segundo as suas turmas; e o príncipe dos filhos de Judá será Nm 1.7Naassom, filho de Aminadabe. 4 A sua turma, e os que foram contados deles, eram setenta e quatro mil e seiscentos. 5 Os que se acamparem junto a ele serão da tribo de Issacar; e o príncipe dos filhos de Issacar será Nm 1.8Natanael, filho de Zuar. 6 A sua turma, e os que foram contados deles, eram cinquenta e quatro mil e quatrocentos. 7 A tribo de Zebulom; o príncipe dos filhos de Zebulom será Nm 1.9Eliabe, filho de Helom. 8 A sua turma, e os que foram contados deles, eram cinquenta e sete mil e quatrocentos. 9 Todos os que foram contados do arraial de Judá eram cento e oitenta e seis mil e quatrocentos segundo as suas turmas. Estes marcharão primeiro.
10 Para a banda do sul, estará o estandarte do arraial de Rúben segundo as suas turmas; e o príncipe dos filhos de Rúben será Nm 1.5Elizur, filho de Sedeur. 11 A sua turma, e os que foram contados deles, eram quarenta e seis mil e quinhentos. 12 Os que se acamparem junto a ele serão da tribo de Simeão; e o príncipe dos filhos de Simeão será Nm 1.6Selumiel, filho de Zurisadai. 13 A sua turma, e os que foram contados deles, eram cinquenta e nove mil e trezentos. 14 A tribo de Gade; o príncipe dos filhos de Gade será Eliasafe, filho de Reuel. 15 A sua turma, e os que foram contados deles, eram quarenta e cinco mil e seiscentos e cinquenta. 16 Todos os que foram contados do arraial de Rúben eram cento e cinquenta e um mil e quatrocentos e cinquenta, segundo as suas turmas. Estes marcharão em segundo lugar.
17 Nm 1.53Então, partirá a tenda da revelação, com o arraial dos levitas no meio dos arraiais. Como se acamparem, assim marcharão, cada um no seu lugar, segundo os seus estandartes.
18 Para a banda do ocidente, estará o estandarte do arraial de Efraim segundo as suas turmas; e o príncipe dos filhos de Efraim será Nm 1.10Elisama, filho de Amiúde. 19 A sua turma, e os que foram contados deles, eram quarenta mil e quinhentos. 20 Junto a ele, estará a tribo de Manassés; e o príncipe dos filhos de Manassés será Nm 1.10Gamaliel, filho de Pedazur. 21 A sua turma, e os que foram contados deles, eram trinta e dois mil e duzentos. 22 A tribo de Benjamim; o príncipe dos filhos de Benjamim será Nm 1.11Abidã, filho de Gideoni. 23 A sua turma, e os que foram contados deles, eram trinta e cinco mil e quatrocentos. 24 Todos os que foram contados do arraial de Efraim eram cento e oito mil e cem, segundo as suas turmas. Estes marcharão em terceiro lugar.
25 Para a banda do norte estará o estandarte do arraial de Dã segundo as suas turmas; e o príncipe dos filhos de Dã será Nm 1.12Aiezer, filho de Amisadai. 26 A sua turma, e os que foram contados deles, eram sessenta e dois mil e setecentos. 27 Os que se acamparem junto a ele serão da tribo de Aser; e o príncipe dos filhos de Aser será Nm 1.13Pagiel, filho de Ocrã. 28 A sua turma, e os que foram contados deles, eram quarenta e um mil e quinhentos. 29 A tribo de Naftali; e o príncipe dos filhos de Naftali será Nm 1.15Aira, filho de Enã. 30 A sua turma, e os que foram contados deles, eram cinquenta e três mil e quatrocentos. 31 Todos os que foram contados do arraial de Dã eram cento e cinquenta e sete mil e seiscentos. Estes marcharão em último lugar, segundo os seus estandartes.
32 Estes são os que foram contados dos filhos de Israel segundo as casas de seus pais; todos os que foram contados dos arraiais segundo as suas turmas eram Nm 1.46seiscentos e três mil e quinhentos e cinquenta. 33 Os Nm 1.47levitas, porém, não foram contados entre os filhos de Israel, assim como Jeová ordenou a Moisés. 34 Assim fizeram os filhos de Israel; segundo tudo o que Jeová ordenou a Moisés, assim se acamparam segundo os seus estandartes e assim marcharam, cada um pelas suas famílias, segundo as casas de seus pais.