1 နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသောကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊ 2 အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှာ မာဂုပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော်၊ 3 ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိသည်ဟု မိန့်တော်မူ၏။ 4 ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကိုမိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက်ကြ၏။ 5 ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ်မက်နှင့် အနက်ကို သင်တို့မဖော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက်ချေးပုံဖြစ်စေမည်။ 6 အိပ်မက်နှင့် အနက်ကို ဖော်ပြလျှင်၊ ဆုလာဘ်သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့် အနက်ကို ငါ့အားဖော်ပြကြဟု၊ ခါလဒဲပညာရှိတို့ကို မိန့်တော်မူ၏။ 7 ထိုသူတို့က၊ အရှင်မင်းကြီး၊ မြင်မက်တော်မူချက်ကို အမိန့်ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်ဟု တစ်ဖန်လျှောက်ကြပြန်လျှင်၊ 8 ရှင်ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့်၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှာ ရွှေ့ချင်သည်ကို ငါအမှန်သိ၏။ 9 အိပ်မက်ကို ငါ့အားမဖော်မပြလျှင်၊ သင်တို့သည် အကြံတစ်ခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်းလဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဖို့ ကောက်ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက်ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဖော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍မိန့်တော်မူ၏။
10 ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှုအရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တစ်ယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။ 11 အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံသော ဘုရားမှတစ်ပါး အဘယ်သူမျှ အရှင်မင်းကြီးရှေ့တော်၌ မထုတ်မဖော်နိုင်ပါဟု တစ်ဖန်ပြန်ကြား လျှောက်ထားကြ၏။ 12 ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက်တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟု အမိန့်တော်ရှိ၏။
13 ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့ကို သတ်ခြင်းငှာ ရှာကြသော်၊
14 ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊ 15 ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှာ ထွက်သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြောလျှင်၊ 16 ဒံယေလသည် နန်းတော်သို့ဝင်၍ အိပ်မက်တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည်အကြောင်း အသနားတော်ခံပြီးမှ၊ 17 မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိအပေါင်းအဖော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊ 18 ငါတို့သည် အခြားသော ဗာဗုလုန်ပညာရှိတို့နှင့်အတူ မသေမပျောက်စေခြင်းငှာ၊ ဤနက်နဲသောအရာ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန်အံ့ဟု ပြောဆို၏။ 19 ညအခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသောအရာကို ဒံယေလအား ဘုရားသခင်ဖော်ပြတော်မူ၏။ 20 ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏နာမတော်သည် ထာဝရမင်္ဂလာရှိပါစေသတည်း။ ပညာနှင့်လည်းကောင်း၊ အစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ 21 ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဉာဏ်ရှိသောသူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။ 22 နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း၏တည်ရာ ဖြစ်တော်မူ၏။ 23 အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ်အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော်မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊
24 ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှာ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက်ကိုဖော်ပြ၍ လျှောက်ပါမည်ဟုဆို၏။
25 ထိုအခါ အာရုတ်သည် ဒံယေလကို အလျင်တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော်နှင့် အနက်ကို အရှင်မင်းကြီးအား ဖော်ပြနိုင်သော သူတစ်ယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ်တွေ့ပါပြီဟု လျှောက်လေ၏။ 26 ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဖော်ပြနိုင်သလောဟု၊ ဗေလတရှာဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊ 27 ဒံယေလက၊ အရှင်မင်းကြီး မေးမြန်းတော်မူသောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဖော်ခြင်းငှာ မတတ်နိုင်ကြပါ။ 28 နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတ္တံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။ 29 အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတ္တံ့သော အရာတို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မျှော်လင့်တော်မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရားသည် နောင်ကာလ၌ ဖြစ်လတ္တံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။ 30 ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသောကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှာသာ ဘုရားသခင် ဖွင့်ပြတော်မူ၏။
31 အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါနှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။ 32 သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဖက်သည် ငွေဖြစ်၏။ 33 ဝမ်းနှင့် ပေါင်နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဖက်သည် သံဖြစ်၏။ ခြေဖဝါးနှင့် ဖမိုးသည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်၏။ 34 ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တစ်လုံးသည် သံနှင့် သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊ 35 သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။
36 ယခုတွင် အိပ်မက်တော်၏အနက်ကို ဖော်ပြ၍ နားတော်လျှောက်ပါမည်။ 37 အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။ 38 လူနေရာရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။ 39 ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံ တည်ထောင်လိမ့်မည်။ 40 စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ 41 ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိ ရှိလိမ့်မည်။ 42 ခြေချောင်းတို့သည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်လည်းကောင်း၊ ကျိုးပဲ့ခြင်းနှင့်လည်းကောင်း ဆက်ဆံလိမ့်မည်။ 43 ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖော်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံ မရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဖော်၍ မသင့်နိုင်ကြ။ 44 လက်နှင့်မထုမလုပ်ဘဲ ကျောက်တစ်လုံးသည် တောင်ပေါ်က အလိုလိုပဲ့ကွာ၍၊ 45 သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောင်၌ ဖြစ်လတ္တံ့သောအရာတို့ကို ကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြောတော်မူ၏။ အိပ်မက်တော် ရွေ့လျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။
46 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပျပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သကာပြုခြင်းငှာလည်းကောင်း၊ နံ့သာမျိုးကို မီးရှို့၍ ဆက်ကပ်ခြင်းငှာလည်းကောင်း စီရင်တော်မူလျက်၊ 47 ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသောအရာကို ဖွင့်ပြတော်မူသောသခင် ဖြစ်တော်မူ၏ဟု မိန့်တော်မူ၍၊ 48 ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလာဘ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌လည်းကောင်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ 49 ထိုအခါ ဒံယေလသည် သံတော်ဦးတင်သောကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။
1 No Dn 1.1segundo ano do reinado de Nabucodonosor, teve Nabucodonosor Dn 2.3;Dn 4.5;Gn 40.5-8;41.1;Jó 33.15-17sonhos; e o seu espírito ficou perturbado, Dn 6.18;Et 6.1e passou-se-lhe o sono. 2 Então, o rei mandou chamar os Dn 2.10,27;Dn 1.20;4.6;5.7;Gn 41.8;Is 47.12-13mágicos, e os encantadores, e os feiticeiros, e os caldeus, para que declarassem ao rei os sonhos. Assim, vieram e se apresentaram diante do rei. 3 O rei disse-lhes: Dn 4.5;Gn 40.8;41.15Tive um sonho, e para saber o sonho está perturbado o meu espírito. 4 Os caldeus disseram ao rei em Ed 4.7;Is 36.11aramaico: Dn 3.9;5.10Ó rei, vive eternamente; Dn 2.7;Dn 4.7dize aos teus servos o sonho, e mostraremos a interpretação. 5 Respondeu o rei aos caldeus: A coisa já me fugiu da memória; se não me fizerdes saber o sonho e a sua interpretação, sereis Dn 2.12;Dn 3.29;Ed 6.11despedaçados, e as vossas casas serão feitas um monturo. 6 Mas, se mostrardes o sonho e a sua interpretação, recebereis de mim Dn 2.48;Dn 5.7,16,29dádivas, e prêmios, e grande honra; portanto, mostrai-me o sonho e a sua interpretação. 7 Responderam pela segunda vez: Dn 2.4Diga o rei aos seus servos o sonho, e lhe mostraremos a interpretação. 8 Respondeu o rei: Certamente, eu sei que quereis ganhar tempo, porque vedes que a coisa já me fugiu da memória. 9 Mas, se não me fizerdes saber o sonho, não há para vós senão Dn 3.15;Et 4.11uma só lei; pois tendes preparado palavras mentirosas e corruptas para as proferir na minha presença, até que se mude o tempo. Portanto, dizei-me o sonho, Is 41.23e saberei se me podeis mostrar a sua interpretação. 10 Responderam os caldeus na presença do rei: Dn 2.27Não há homem sobre a terra que possa mostrar a questão do rei; porquanto nenhum rei, nem senhor, nem régulo tem feito semelhante pedido a qualquer Dn 2.2,27mágico, ou encantador, ou caldeu. 11 É coisa rara a que o rei exige, e não há outro que a possa mostrar na presença do rei, senão os Dn 5.11;Gn 41.39deuses, cuja Êx 29.45;Is 57.15morada não é com a carne. 12 Por essa razão, ficou o rei Dn 2.5;Dn 3.13,19;Sl 76.10irado e em extremo furioso e ordenou que perecessem todos os sábios de Babilônia. 13 Assim, saiu o decreto, e os sábios estavam para serem mortos; e buscaram Dn 1.19-20a Daniel e seus companheiros, para que fossem mortos.
14 Então, Daniel respondeu avisada e prudentemente a Dn 2.24Arioque, Gn 37.36;Jr 39.9;52.12,14capitão da guarda do rei, que tinha saído para matar os sábios de Babilônia; 15 sim, respondeu e perguntou a Arioque, capitão do rei: Por que razão é o decreto tão Dn 3.22urgente da parte do rei? Então, Arioque fez Dn 2.1-12saber a coisa a Daniel. 16 Dn 1.19Entrando Daniel, pediu ao rei que lhe designasse o tempo e que ele mostraria ao rei a interpretação.
17 Então, Daniel foi para casa e fez saber a coisa a Dn 1.6Hananias, Misael e Azarias, seus companheiros, 18 para que Dn 2.23;Et 4.15-16;Is 37.4;Jr 33.3;Ez 36.37pedissem Dn 9.9misericórdia ao Deus do céu no tocante a esse segredo, a fim de que Daniel e seus companheiros Gn 18.28;Ml 3.18não perecessem juntamente com o resto dos sábios de Babilônia. 19 Então, foi Dn 2.22,27-29;Dn 4.9o segredo revelado a Daniel numa Dn 1.17;7.2,7,13;Nm 12.6;Jó 33.15-16visão noturna. Depois, Daniel bendisse ao Deus do céu. 20 Disse Daniel: Sl 103.1-2;113.1-2Bendito seja o nome de Deus para todo o sempre, pois dele são Dn 2.21-23;1Cr 29.11-12;Jó 12.13,16-22a sabedoria e a força. 21 Ele Dn 2.9;Dn 7.25;Sl 31.15muda os tempos e as estações; Dn 4.17,32;Jó 12.18;Sl 75.6-7remove os reis e estabelece os reis; dá 2Rs 3.9-10;4.29;Tg 1.5sabedoria aos sábios e conhecimento aos que sabem discernir; 22 Dn 2.19,28;Jó 12.22revela as coisas profundas e escondidas; Jó 26.6;Sl 139.12;Is 45.7;Jr 23.24sabe o que está nas trevas, e com ele Dn 5.11,14;Sl 36.9;1Jo 1.5mora a luz. 23 A ti, Gn 31.42;Êx 3.15Deus de meus pais, eu te dou graças e te louvo, que me deste Dn 2.21;Dn 1.17sabedoria e força e, agora, me fizeste saber o que Dn 2.18,29-30;Sl 21.2,4te havíamos pedido; porque nos revelaste a questão do rei. 24 Por isso, entrou Daniel a Dn 2.14Arioque, a quem o rei tinha constituído para perder os sábios de Babilônia; entrou e disse-lhe assim: Dn 2.12-13;At 27.24Não percas os sábios de Babilônia; leva-me à presença do rei, e mostrarei ao rei a interpretação.
25 Então, Arioque, depressa, Gn 41.14levou Daniel à presença do rei e lhe disse assim: Achei um homem dentre Dn 1.6;5.13;6.13os filhos do cativeiro de Judá que fará saber ao rei a interpretação. 26 Respondeu o rei e disse a Daniel, cujo nome era Dn 1.7;4.8;5.12Beltessazar: Podes fazer-me saber Dn 2.3-7;4.18o sonho que vi e a sua interpretação? 27 Respondeu Daniel perante o rei e disse: O segredo que o rei tem exigido, não o podem mostrar ao rei Dn 2.2,10-11;Dn 5.7-8nem sábios, nem encantadores, nem mágicos, nem feiticeiros; 28 mas há no céu Dn 2.22,45;Gn 40.8;41.16um Deus que revela segredos, e ele tem feito saber ao rei Nabucodonosor o que há de acontecer nos Dn 10.14;Gn 49.1;Is 2.2;Mq 4.1últimos dias. O teu sonho Dn 4.5e as visões da tua cabeça na tua cama são estes: 29 Quanto a ti, ó rei, estando tu na cama, entraram os teus pensamentos na mente, sobre o que havia de acontecer no futuro; e aquele Dn 2.22,47que revela segredos te descobriu o que há de acontecer. 30 Mas, quanto a mim, não me foi revelado esse segredo Dn 1.17;Gn 41.16por ter eu mais sabedoria que qualquer outro vivente, mas para Is 45.3que ficasse manifesta ao rei a interpretação e para que soubesses os Sl 139.2;Am 4.13pensamentos do teu coração.
31 Tu, ó rei, estavas olhando, e eis uma grande imagem. Essa imagem, que era enorme e cujo resplendor era excelente, tinha-se em pé diante de ti; e a sua vista era Dn 7.7;Is 25.3-5;Hc 1.7espantosa. 32 Quanto a essa imagem, a sua Dn 2.38;Dn 4.22,30cabeça era de ouro fino, o seu Dn 2.39peito e os seus braços, de prata, o seu ventre e as suas coxas, de cobre, 33 as suas Dn 2.40pernas, de ferro, Dn 2.41-43os seus pés, em parte de ferro, em parte de barro. 34 Estavas vendo até que uma Dn 2.44-45pedra foi cortada Dn 8.25;Zc 4.6sem auxílio de mãos, a qual feriu a imagem nos seus pés, que eram de ferro e de barro, Sl 2.9;Is 60.12e os fez em pedaços. 35 Então, foi juntamente feito em pedaços o ferro, o barro, o cobre, a prata e o ouro e se tornaram como Sl 1.4;Is 17.13;41.15-16;Os 13.3a pragana das eiras de estio; e o vento levou-os, de sorte Sl 37.10,36que não se achou lugar para eles. A pedra que feriu a imagem tornou-se Is 2.2;Mq 4.1uma grande montanha, que encheu a terra toda.
36 Este é o sonho; e diremos a sua Dn 2.24interpretação na presença do rei. 37 Tu, ó rei, és Is 47.5;Jr 27.6-7;Ez 26.7rei de reis, ao qual Dn 4.25,32o Deus do céu deu o reino, Sl 62.11o poder, a força e a glória; 38 e, onde quer que habitem os filhos dos homens, nas tuas mãos entregou Dn 4.21-22;Sl 50.10-11os animais do campo e as aves do céu e te fez reinar sobre todos eles; tu és Dn 2.32a cabeça de ouro. 39 Depois de ti, se levantará Dn 2.32outro reino inferior a ti; e outro terceiro, de cobre, o qual dominará sobre a terra toda. 40 Dn 2.33O quarto reino será forte como ferro, porquanto o ferro faz em pedaços e subjuga todas as coisas; como o ferro esmiúça todas essas coisas, assim ele fará em pedaços e esmiuçará. 41 Porque viste Dn 2.33os pés e os dedos, em parte de barro de oleiro e em parte de ferro, será ele um reino dividido; mas nele haverá alguma coisa da firmeza do ferro, porquanto viste o ferro misturado com o barro de lodo. 42 Como os dedos dos pés eram em parte de ferro e em parte de barro, assim o reino será em parte firme e em parte frágil. 43 Porque viste o ferro misturado com o barro de lodo, misturar-se-ão com a semente de homens; porém não se apegarão um a outro, assim como o ferro não se une com o barro. 44 Nos dias desses reis, Is 9.6-7suscitará o Dn 2.28,37Deus do céu um Dn 4.3,34;6.26;7.14,27;Sl 145.13;Ez 37.25;Mq 4.7reino que não será jamais destruído, nem passará a soberania deste a outro povo; Dn 2.34-35;Sl 2.9;Is 60.12mas fará em pedaços e consumirá todos esses reinos, e ele mesmo subsistirá para sempre, 45 porquanto viste que do monte foi cortada uma Dn 2.34-35pedra Dn 8.25sem auxílio de mãos e que ela fez em pedaços o ferro, o cobre, o barro, a prata e o ouro; Dn 2.29;Dt 10.17;2Sm 7.22;Sl 48.1;Jr 32.18-19;Ml 1.11o Grande Deus fez saber ao rei o que Gn 41.28,32há de acontecer no futuro. Certo é o sonho, e fiel, a sua interpretação.
46 Então, o rei Nabucodonosor Dn 8.17caiu sobre o rosto, e Dn 3.5,7;At 10.25;14.13;Ap 19.10;22.8adorou a Daniel, e ordenou que lhe oferecessem uma oblação e Lv 26.31perfumes suaves. 47 Disse o rei a Daniel: Na verdade, Dn 3.15;4.25o vosso Deus é Dn 11.36;Dt 10.17;Sl 136.2-3o Deus dos deuses e o Senhor dos reis Dn 2.22,30;Am 3.7e que revela segredos, pois que pudeste revelar este segredo. 48 Então, o rei Dn 2.6;Dn 5.16,29;Gn 41.39-43engrandeceu a Daniel, e lhe deu muitos grandes dons, e fê-lo reinar sobre Dn 3.1,12,30a província toda de Babilônia e ser Dn 5.11o principal governador sobre todos os Dn 2.27sábios de Babilônia. 49 Fez Daniel uma petição ao rei, e este Dn 3.12constituiu superintendentes dos negócios da província de Babilônia Dn 1.7a Sadraque, Mesaque e Abede-Nego; Daniel, porém, estava Et 2.19,21;Am 5.15na porta do rei.