1 ငါ နေဗုခဒ်နေဇာမင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။ 2 မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြခြင်းငှာ ငါအလိုရှိ၏။ 3 နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဖွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော်မူ၏။
4 ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ 5 ကြောက်မက်ဖွယ်သော အိပ်မက်ကိုမြင်၍၊ သလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။ 6 ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဖော်ပြစေခြင်းငှာ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊ 7 မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက်ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။ 8 နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအားဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလသည် ငါ့ထံသို့ဝင်လာလျှင်၊ 9 အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကိုလည်းကောင်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကိုလည်းကောင်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကို ဖော်ပြလော့။ 10 ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု၍ မြေကြီးအလယ်၌ အရပ်မြင့်လှသော သစ်ပင်တစ်ပင်ရှိ၏။ 11 ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုးကောင်းကင်သို့ထိ၍ မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။ 12 အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သောအသီးနှင့် ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်းကင်ငှက်တို့သည် နားနေကြ၏။
13 အိပ်ပျော်၍ မြင်မက်စဉ်၊ တစ်ဖန်ငါကြည့်ရှုပြန်လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတစ်ယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ 14 သစ်ပင်ကို လှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။ 15 သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ မြက်ဝေစုကို စားစေလော့။ 16 လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ်သဘောနှင့် ပြည့်စုံစေလော့။ 17 အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကိုလည်းကောင်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကိုအပ်ပေးတော်မူသည်ကိုလည်းကောင်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှာ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။ 18 ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက်ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကို ဖော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိအပေါင်းတို့သည် အနက်ကို ငါ့အား မဖော်မပြနိုင်သော်လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်နှင့်ပြည့်စုံ၍ ဖော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအားပြန်ပြော၏။
19 ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေလသည် တစ်နာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက်နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလတရှာဇာ၊ အိပ်မက် အနက်အဓိပ္ပာယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက်ရောက်ပါစေသော။ 20 မြင်မက်တော်မူစဉ်တွင် ကြီးပွား၍ ခိုင်မာထသော၊ မိုးကောင်းကင်သို့ထိ၍ မြေကြီးတစ်ပြင်လုံး၌ ထင်ရှားထသော၊ 21 အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန်တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင်သည်၊ 22 အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုးကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင်ရောက်တော်မူ၏။
23 သစ်ပင်စောင့်၊ သန့်ရှင်းသူတစ်ယောက်သည် ကောင်းကင်မှဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ မြက်ဝေစုကို စားစေလော့ဟုဆိုသည်မှာ၊ 24 အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော်မူချက်၏အနက်ဟူမူကား၊ 25 ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မီကာလ၊ ခုနစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်ကိုစား၍၊ မိုးစွတ်ခြင်းကို ခံလျက်နေရမည်။ 26 သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှာ စီရင်ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်းကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲတည်လိမ့်မည်။ 27 သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲသောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
28 ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာမင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊ 29 တစ်ဆယ်နှစ်လ လွန်ပြီးသော်၊ ဗာဗုလုန်နန်းတော်ပေါ်မှာ စင်္ကြံသွားလျက်၊ 30 ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။ 31 ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။ 32 သင့်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မီကာလ၊ ခုနစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံဖြစ်လေ၏။ 33 ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ချင်းဖြစ်၍၊ လူစုထဲကနှင်ထုတ်ကြလျက်၊ သူသည် နွားကဲ့သို့ မြက်ကိုစား၍ မိုးစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေးသည် ရွှေလင်းတအတောင် ကဲ့သို့လည်းကောင်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့လည်းကောင်း ဖြစ်၏။
34 ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာသည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းချီးပေး၍၊ ထာဝရအသက်ရှင်တော်မူသောဘုရားကို ချီးမွမ်းထောမနာပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။ 35 မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌လည်းကောင်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူမရှိ။ 36 ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏အသရေဖို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်းနှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွား၏။ 37 ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့်ပြည့်စုံ၍ တရားနှင့် ညီလျော်ကြ၏။ မာနထောင်လွှားသော သူတို့ကို နှိမ့်ချခြင်းငှာ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
1 O rei Nabucodonosor Dn 6.25a todos os povos, nações e línguas, que habitam em toda a terra, Dn 6.25;Ed 4.17paz vos seja multiplicada. 2 Pareceu-me bem divulgar os milagres e maravilhas que Dn 4.17,24-25,32,34;Dn 3.26o Altíssimo Deus tem feito para comigo. 3 Quão grandes são Dn 6.27;Sl 77.19;105.27;Is 25.1os seus milagres! E quão poderosas são as suas maravilhas! E o seu Dn 4.34;Dn 2.44;6.26reino é um reino sempiterno, e o seu domínio se estende de geração em geração.
4 Eu, Nabucodonosor, estava sossegado em minha casa Sl 30.6;Is 47.7-8e florescente no meu palácio. 5 Tive um Dn 2.3sonho que me atemorizou; e, estando eu na minha cama, Dn 2.29os pensamentos Dn 4.10,13;Dn 2.28e as visões da minha cabeça me perturbaram. 6 Portanto, expedi um decreto que Dn 2.2;Gn 41.8se apresentassem perante mim todos os sábios de Babilônia, para que me fizessem saber a interpretação do sonho. 7 Então, entraram Dn 2.10,27;5.7os mágicos, os encantadores, os caldeus e os feiticeiros; eu contei o sonho diante deles, porém não me fizeram saber a Dn 2.7;Is 44.25;Jr 27.9-10interpretação dele. 8 Mas, por fim, entrou na minha presença Daniel, que tem por nome Dn 1.7;2.26;5.12Beltessazar, segundo o nome do Dn 3.14meu deus, e no qual há Dn 4.9,18;Dn 5.11,14o espírito dos deuses santos; e, diante dele, contei o sonho, dizendo: 9 Ó Beltessazar, Dn 1.20;2.48;5.11chefe dos mágicos, porquanto eu sei que há em ti o Dn 4.8;Gn 41.38espírito dos deuses santos, Dn 2.47;Ez 28.3e nenhum segredo te é difícil, Dn 2.4-5;Gn 41.15dize-me as visões do meu sonho que tive e a sua interpretação. 10 Desta maneira eram Dn 4.5as visões da minha cabeça, estando eu na minha cama: eu vi, e eis Dn 4.20;Ez 31.3-6uma árvore no meio da terra, e era grande a sua altura. 11 Crescia e tornava-se forte, e a sua altura Dn 4.21-22;Dt 9.1chegava até o céu, e era vista até a extremidade de toda a terra. 12 As suas folhas eram Ez 31.7formosas, e o seu fruto, copioso, e nela havia sustento para todos; debaixo dela, Jr 27.6;Ez 31.6os animais do campo achavam Lm 4.20sombra, Mt 13.32;Lc 13.19e as aves do céu pousavam nos seus ramos, e dela se sustentava toda a carne. 13 Vi, Dn 4.5,10;Dn 7.1nas visões da minha cabeça, estando eu na minha cama, e eis que Dn 4.17,23um vigia, a saber, Dn 8.13;Dt 33.2;Sl 89.7um santo, descia do céu. 14 Ele clamou Dn 3.4em alta voz e disse assim: Dn 4.23;Ez 31.10-14;Mt 3.10;7.19;Lc 13.7-9Deitai abaixo a árvore, e cortai-lhe os ramos, e fazei-lhe cair as folhas, e espalhai o seu fruto; afugentem-se de debaixo dela Dn 4.12;Ez 31.12-13os animais, e, dos seus ramos, as aves. 15 Contudo, Jó 14.7-9deixai na terra o tronco com as suas raízes, ligado com laço de ferro e de bronze, no meio da tenra relva do campo; e seja molhado do orvalho do céu, e seja a sua porção com Dn 4.32os animais na erva da terra; 16 Dn 4.32-33mude-se-lhe o coração para que não seja mais o de homem, e seja-lhe dado o coração de animal; 1Cr 29.30e passem sobre ele Dn 4.23,25,32;Dn 7.25;11.13sete tempos. 17 Pelo decreto Dn 4.13,23dos vigias é a sentença, e pela palavra dos santos o mando, a fim de que Sl 9.16;83.18conheçam os viventes que Dn 4.2,25o Altíssimo domina no reino dos homens, Dn 4.25;Dn 5.18-19;Jr 27.5-7e o dá a quem quiser, e constitui sobre ele Dn 11.21;1Sm 2.8o mais humilde dos homens. 18 Esse sonho eu, rei Nabucodonosor, o tenho visto. Tu, pois, ó Beltessazar, dize a interpretação, porquanto todos os Dn 4.7;Dn 5.8,15;Gn 41.8sábios do meu reino não me podem fazer saber a interpretação; porém tu podes, porque há em ti o Dn 4.8-9espírito dos deuses santos.
19 Então, Daniel, que tinha por nome Beltessazar, ficou espantado por algum tempo, e os seus Dn 7.15,28;8.27;10.16-17;Jr 4.19pensamentos o perturbaram. Respondeu o rei e disse: Beltessazar, Dn 4.4-5;1Sm 3.17não te perturbe o sonho, nem a sua interpretação. Respondeu Beltessazar e disse: Dn 4.24;Dn 10.16;2Sm 18.31;1Rs 18.7Meu senhor, seja o sonho para os que te odeiam, e a sua interpretação, para os 2Sm 18.32;Jr 29.7teus adversários. 20 Dn 4.10-12A árvore que viste, a qual crescia e se tornava forte, cuja altura chegava até o céu e que era vista por toda a terra, 21 cujas folhas eram formosas, cujo fruto copioso, e em que havia sustento para todos, debaixo da qual habitavam os animais do campo, e em cujos ramos pousavam as aves do céu, 22 essa árvore Dn 2.37-38;2Sm 12.7és tu, ó rei, que tens crescido e te hás tornado forte; pois Dn 5.18-19a tua grandeza tem crescido e já chega até o céu, e o teu Jr 27.6-7domínio, até a extremidade da terra. 23 Porquanto o rei viu baixar do céu Dn 4.13,17um vigia, a saber, um santo que disse: Dn 4.14-15Deitai abaixo a árvore, e a destrói; contudo, deixai na terra o tronco com as suas raízes, ligado com um laço de ferro e de bronze no meio da tenra relva do campo; e seja ele molhado do orvalho do céu, e seja a sua porção com os animais do campo, até que passem sobre ele Dn 4.16sete tempos; 24 esta é a interpretação, ó rei, e é o Dn 4.17decreto Dn 4.2do Altíssimo, que é Jó 40.11-12;Sl 107.40vindo sobre o rei, meu senhor: 25 tu serás Dn 4.33;Dn 5.21expulso dentre os homens, e a tua morada será com os animais do campo, e serás obrigado Dn 4.33a comer feno como boi e serás molhado do orvalho do céu, e sobre ti passarão Dn 4.16sete tempos, até que conheças que Dn 4.2,17;Sl 83.18;Jr 27.5o Altíssimo domina no reino dos homens Dn 4.17;Dn 2.37;5.21e o dá a quem quiser. 26 Porquanto mandaram Dn 4.15,23deixar o tronco com as raízes da árvore; o teu reino te ficará firme, depois que tiveres conhecido que Dn 4.31;Dn 2.18-19,28,37,44os céus dominam. 27 Por isso, ó rei, seja do teu agrado Gn 41.33-37o meu conselho, Pv 28.13;Is 55.6-7;Ez 18.21-22e desfaze os teus pecados pela justiça e as tuas iniquidades, Sl 41.1-3;Is 58.6-7,10por manifestares misericórdia para com os pobres; se, porventura, houver 1Rs 21.29;Jn 3.9uma prolongação da tua tranquilidade.
28 Tudo isso Nm 23.19;Zc 1.6veio sobre o rei Nabucodonosor. 29 Ao cabo de 2Pe 3.9doze meses, estava ele passeando no palácio real de Babilônia. 30 Falou o rei e disse: Não é esta a Hc 2.4grande Babilônia, que Dn 4.25;Dn 5.20-21;2Cr 2.5-6;Is 10.8-11;37.24-25eu edifiquei para a morada real, pela força do meu poder e para a glória da minha majestade? 31 Ainda estava Dn 5.5a palavra na boca do rei, quando veio Dn 4.13-14,23do céu uma voz, dizendo: Ó rei Nabucodonosor, a ti se diz: O reino já passou de ti. 32 Serás Dn 4.15,25expulso dentre os homens, e a tua morada será com os animais do campo; serás obrigado a comer feno como boi, e sobre ti passarão Dn 4.16,25sete tempos, até que conheças que Dn 4.2,17,25o Altíssimo domina no reino dos homens e o dá a quem quiser. 33 Na mesma hora, cumpriu-se a palavra sobre Nabucodonosor; foi ele Dn 4.25;Dn 5.21expulso dentre os homens e comeu feno como boi, e foi o seu corpo molhado do orvalho do céu, até que cresceu o seu pelo como as penas das águias, e as suas unhas, como as das aves.
34 Dn 4.16,25,32Ao cabo dos dias, eu, Nabucodonosor, levantei ao céu os meus olhos, e tornou a mim Dn 4.36o meu entendimento. Eu bendisse Dn 4.2;Dn 5.18,21ao Altíssimo, e louvei, e glorifiquei ao Dn 6.26;12.7;Sl 102.24que vive para sempre, porque o seu domínio é um Dn 4.3;Sl 145.13;Jr 10.10domínio sempiterno, e o seu reino se estende de geração em geração. 35 Is 40.17Todos os habitantes da terra são tidos como nada; Dn 6.27;Sl 135.6ele faz conforme a sua vontade no exército do céu e entre os habitantes da terra, Jó 42.2;Is 43.13e não há quem possa resistir a sua mão, nem lhe dizer: Is 45.9Que fazes? 36 Ao mesmo tempo, tornou a mim Dn 4.34;2Cr 33.12-13o meu entendimento; e, para a glória do meu reino, tornou a mim a minha Dn 4.30majestade Dn 2.31e resplendor; buscaram-me os meus conselheiros e os meus grandes; Dn 4.26fui restabelecido no meu reino, e foi-me acrescentado excelente Dn 4.22;Pv 22.4grandeza. 37 Agora, eu, Nabucodonosor, Dn 4.3,34louvo, e engrandeço, e glorifico ao Rei do Dn 4.26;Dn 5.23céu, porque Dt 32.4;Sl 33.4-5;Is 5.16todas as suas obras são verdade, e os seus caminhos, juízos, e ele pode humilhar os Dn 5.20;Êx 18.11;Jó 40.11-12que andam na soberba.