1 မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သားတစ်ယောက် ရှိ၏။ 2 သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသောစကားကိုပြောသော ငွေဆယ်တစ်ပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသောဟု ဆို၏။ 3 ထိုငွေဆယ်တစ်ပိဿာကို အမိအားပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကို လုပ်စရာဖို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။ 4 သို့ဖြစ်၍ ငါ့သားအား ယခုငါပြန်ပေးမည်ဟုဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအားပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းထိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။ 5 ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိသားတစ်ယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။ 6 ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
7 ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင်ယုဒမြို့သား လေဝိအမျိုး လုလင်တစ်ယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို၍ နေပြီးလျှင်၊ 8 တစ်ဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။ 9 မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟုမေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊ 10 မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ်ပါ။ အကျွန်ုပ်သည် တစ်နှစ်တစ်နှစ်လျှင် ငွေအကျပ်တစ်ဆယ်နှင့် အဝတ်စုံကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း ပေးပါမည်ဟု ပင့်ဖိတ်သောအခါ၊ လေဝိလူသည်ဝင်၍၊ 11 ထိုသူနှင့်အတူနေခြင်းငှာ အလိုရှိသဖြင့် သားကဲ့သို့ဖြစ်လေ၏။ 12 မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ်လုပ်၍ မိက္ခာအိမ်၌ နေ၏။ 13 မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။
1 Havia um homem da região montanhosa de Efraim, cujo nome era Mica. 2 Ele disse a sua mãe: Os mil e cem siclos de prata que te foram tirados, por cuja causa praguejaste, e de que também falaste a mim, eis que está no meu poder; eu a tomei. Respondeu-lhe sua mãe: Bendito de Jeová seja meu filho! 3 Restituiu os mil e cem siclos de prata a sua mãe, que disse: Da minha mão solenemente dedico a prata a Jeová a favor de meu filho, Êx 20.4,23;34.17para fazer uma imagem de escultura e de fundição; agora, ta darei de novo. 4 Quando ele restituiu a prata a sua mãe, tomou ela duzentos siclos de prata e deu-os ao ourives, o qual fez uma imagem de escultura e de fundição. A imagem ficou em casa de Mica, 5 que tinha uma capelinha de Jz 18.24deuses; fez um Jz 8.27;18.14éfode e Gn 31.19terafins, e consagrou a um de seus filhos, Nm 3.10o qual lhe serviu de sacerdote. 6 Naqueles dias, Jz 18.1;19.1não havia rei em Israel; Dt 12.8cada qual fazia o que bem lhe parecia.
7 Havia um mancebo, vindo de Jz 19.1;Rt 1.1-2;Mq 5.2;Mt 2.1Belém-Judá, da família de Judá, que era levita e habitava ali. 8 O homem partiu da cidade de Belém-Judá para ficar onde quer que achasse colocação. Seguindo o seu caminho, chegou à Js 24.33região montanhosa de Efraim, à casa de Mica. 9 Perguntou-lhe Mica: Donde vens? Respondeu-lhe ele: Sou levita de Belém-Judá, e vou ficar onde quer que ache colocação. 10 Disse-lhe Mica: Fica comigo e serve-me de Jz 18.19pai e de sacerdote; dar-te-ei cada ano dez siclos de prata, o vestuário e o sustento. Assim, o mancebo levita entrou, 11 e, concordando em ficar com o homem, foi-lhe como um de seus filhos. 12 Mica consagrou ao mancebo levita, Nm 16.10;18.1-7que lhe serviu de sacerdote, e ficou em sua casa. 13 Então, disse Mica: Agora sei que Jeová me fará o bem, visto que tenho um levita por sacerdote.