1 ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။ 2 ထာဝရဘုရားကလည်း၊ သင်၌ပါသောလူတို့သည် အလွန်များ၍၊ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တစ်ဖက်၌ ဝါကြွားလိမ့်မည်။ 3 သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစောပြန်သွားစေဟု လူများတို့အား ဟစ်ကြော်လော့ဟု ဂိဒေါင်အားမိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင်ပြန်သွား၍ တစ်သောင်းကျန်ရစ်၏။တရား၊၂၀:၈။4 တစ်ဖန် ထာဝရဘုရားကလည်း၊ လူတို့သည် အလွန်များသေး၏။ ရေဆိပ်သို့ ခေါ်ခဲ့လော့။ သူတို့ကို ရေဆိပ်မှာ သင့်အဖို့ ငါစုံစမ်းမည်။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူသွားရမည်ဟု ငါဆိုလျှင်၊ ထိုသူသည် သွားရမည်။ ဤမည်သောသူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း၊ 5 ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစ်စု၊ ဒူးထောက်လျက် ဝပ်၍သောက်သောသူတစ်စု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။ 6 ထိုအခါ မိမိလက်ခုပ်နှင့် ရေကိုယူသဖြင့် လျက်၍သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်းတို့သည် ရေသောက်ခြင်းငှာ ဒူးထောက်၍ ဝပ်ကြ၏။ 7 ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကိုငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အားမိန့်တော်မူ၏။ 8 ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကိုယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသောလူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
9 ထိုညတွင် ထာဝရဘုရားက၊ ထလော့။ ရန်သူတပ်ချရာသို့ ချီသွားလော့။ သင့်လက်၌ ငါအပ်မည်။ 10 မချီဝံ့လျှင် သင်၏ကျွန်ဖုရကို ရှေ့ဦးစွာခေါ်သွားလော့။ 11 သူတို့သည် အဘယ်သို့ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှာ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကိုခေါ်၍ ရန်သူ၏တပ်ပြင်၌ ကင်းထိုးသောသူရှိရာသို့ သွားလေ၏။ 12 မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင်နှင့်အမျှ များကြ၏။ ကုလားအုတ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိများကြ၏။ 13 ဂိဒေါင်သည် ရောက်သောအခါ၊ လူတစ်ယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်းအဖော်အား ပြန်ပြောသည်မှာ၊ ငါမြင်မက်သည်ကား၊ မုယောမုန့်တစ်ပြားသည် မိဒျန်တပ်ထဲသို့လိမ့်၍ တဲတစ်ဆောင်ကိုတွေ့လျှင်၊ ထိခိုက်မှောက်လှန်ဖြိုချလေ၏ဟု ဆိုသော်၊ 14 သူ၏အပေါင်းအဖော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုး ယောရှသားဂိဒေါင်၏ဓားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။ 15 ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည်ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
16 ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတစ်လုံးနှင့် မီးခွက်ပါသော အိုးတစ်လုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။ 17 ငါ့ကိုကြည့်၍ ငါပြုသည်အတိုင်းပြုကြ။ တပ်ပြင်သို့ ရောက်သောအခါ၊ ငါပြုသည်အတိုင်း ပြုကြ။ 18 ငါနှင့် ငါ၌ပါသောသူ အပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြလော့ဟု မှာထား၏။ 19 ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတစ်ရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်းခွဲကြ၏။ 20 လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကိုခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကိုလည်းကောင်း၊ လက်ယာလက်၌ မှုတ်စရာတံပိုးတို့ကိုလည်းကောင်းကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြ၏။ 21 သူတို့သည် တပ်ပတ်ဝန်းကျင်၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ၍၊ တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက် ထွက်ပြေးကြ၏။ 22 လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့လည်းကောင်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလ မြို့နယ်သို့လည်းကောင်း ပြေးကြ၏။ 23 ဣသရေလလူတို့သည် နဿလိခရိုင်၊ အာရှာခရိုင်၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ၍၊ မိဒျန်လူတို့ကို လိုက်ကြ၏။ 24 ဂိဒေါင်သည်လည်း၊ တမန်တို့ကို ဧဖရိမ်တောင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှာ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင်စောင့်နေကြလော့ဟု မှာလိုက်သည်အတိုင်း၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး၍၊ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ၏။ 25 မိဒျန်ဗိုလ်ချုပ်နှစ်ယောက်၊ ဩရဘနှင့်ဇေဘကို ဖမ်းဆီး၍၊ ဩရဘကို ဩရဘကျောက်ပေါ်၌လည်းကောင်း၊ ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ၌လည်းကောင်း သတ်ပြီးမှ၊ မိဒျန်လူတို့ကိုလိုက်သဖြင့်၊ ဩရဘ၏ဦးခေါင်းနှင့် ဇေဘ၏ဦးခေါင်းတို့ကို ယော်ဒန်မြစ်တစ်ဖက်၊ ဂိဒေါင်ထံသို့ ဆောင်ခဲ့ကြ၏။
1 Levantando-se de madrugada Jz 6.32Jerubaal, que é Gideão, e todo o povo que estava com ele, acamparam-se junto à fonte Jz 7.3Harode: o arraial de Midiã estava da banda do norte, perto do outeiro de Gn 12.6;Dt 11.30Moré, no vale.
2 Disse Jeová a Gideão: Tens contigo gente demais para eu entregar os midianitas nas suas mãos, Dt 8.17-18sem que Israel se glorie contra mim, dizendo: Foi a minha própria mão que me salvou. 3 Agora apregoa aos ouvidos do povo, dizendo: Dt 20.8Quem é medroso e tímido, volte e retire-se do monte Gileade. Voltaram do povo vinte e dois mil; e ficaram dez mil.
4 1Sm 14.6Disse mais Jeová a Gideão: Ainda há povo em demasia. Faze-o descer às águas, e ali tos provarei: Irá contigo aquele de quem eu te disser: Este irá contigo; porém não irá aquele de quem eu te disser: Este não irá contigo. 5 Fez descer o povo às águas; e disse Jeová a Gideão: Todo homem que lamber as águas com a língua, como faz o cão, a esse porás à parte; como também a todo aquele que se abaixar de joelhos para beber. 6 Foi o número daqueles que lamberam, levando a mão à boca, trezentos homens; mas todo o resto do povo abaixou-se de joelhos para beber água. 7 Então, disse Jeová a Gideão: Com estes trezentos homens que lamberam a água vos salvarei, e entregarei os midianitas nas tuas mãos. Quanto a todo o povo, vá cada um ao seu lugar. 8 Tomou o povo provisões na sua mão e as suas trombetas: Gideão enviou todos os homens de Israel, cada um à sua tenda, porém reteve os trezentos homens. Estava o arraial de Midiã em baixo do vale.
9 Disse-lhe naquela noite Jeová: Levanta-te, desce ao arraial, Js 2.24;10.8;11.6porque to entreguei nas mãos. 10 Mas, se tu tiveres medo de descer, desce tu e teu moço, Pura, ao arraial; 11 ouvirás o que dizem; Jz 7.15depois, serão fortalecidas as tuas mãos para desceres sobre o arraial. Desceu ele e o seu moço Pura ao extremo das sentinelas que estavam no arraial. 12 Os midianitas, os amalequitas e todos os filhos do Oriente estavam estendidos no vale Jz 6.5;8.10como gafanhotos em multidão; eram os seus camelos uma multidão inumerável Js 11.4como areia que há na praia do mar. 13 No momento em que Gideão chegou, um homem estava contando um sonho ao seu companheiro e dizia: Tive um sonho. Eis que um pão de cevada torrado veio rolando sobre o arraial de Midiã, chegou a uma tenda, bateu nela de sorte que ela caiu, e virou-a de cima para baixo, de modo que ficou estendida por terra. 14 Respondeu-lhe o companheiro: Isso não é outra coisa senão a espada de Gideão, filho de Joás, homem israelita; Js 2.9nas mãos dele entregou Deus a Midiã e a todo o arraial.
15 Tendo Gideão ouvido a narração do sonho e a sua interpretação, prostrou-se para adorar; voltou ao arraial de Israel e disse: Levantai-vos, pois Jeová vos entregou nas mãos o arraial de Midiã. 16 Dividiu os trezentos homens em três companhias e pôs nas mãos de todos eles trombetas e cântaros vazios, contendo tochas. 17 Disse-lhes: Olhai para mim e fazei assim como eu fizer. Quando eu chegar à extremidade do arraial, como eu fizer, assim fareis vós. 18 Quando eu tocar a trombeta, eu e todos os que estiverem comigo, tocai também vós as trombetas ao redor de todo o arraial e dizei: por Jeová e por Gideão!
19 Gideão e os cem homens que com ele iam chegaram à extremidade do arraial ao princípio da vigília média, havendo sido de pouco colocadas as guardas; tocaram as trombetas e despedaçaram os cântaros que tinham nas mãos. 20 As três companhias tocaram as trombetas, despedaçaram os cântaros, segurando com as mãos esquerdas as tochas e com as direitas as trombetas para as tocarem e clamaram: A espada de Jeová e de Gideão! 21 Conservou-se cada um no seu lugar ao redor do arraial, que todo deitou a correr: gritaram e puseram-nos em fuga. 22 Tocaram as trezentas trombetas, e 1Sm 14.20Jeová fez voltar a espada de um contra outro, e contra todo o arraial, que fugiu até Bete-Sita em direção de Zererá, até ao termo de 1Rs 4.12;19.16Abel-Meolá, junto a Tabate. 23 Foram convocados os homens de Israel, de Jz 6.35Naftali, de Aser e de toda a tribo de Manassés, e perseguiam a Midiã.
24 Gideão enviou mensageiros por toda a região montanhosa de Efraim, dizendo: Descei ao encontro de Midiã e Jz 3.28tomai-lhes as águas até Bete-Bara, isto é, o Jordão. Foram convocados todos os homens de Efraim, e tomaram as águas até Bete-Bara, o Jordão. 25 Sl 83.11;Is 10.26Aprisionaram aos dois príncipes de Midiã, a Orebe e a Zeebe; mataram a Orebe no penhasco de Orebe, e a Zeebe, no lagar de Zeebe. Perseguiram a Midiã; e trouxeram as cabeças de Orebe e de Zeebe a Gideão, da banda Jz 8.4dalém do Jordão.