1 ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည်အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။ 2 လူများတို့သည် ဘုရားသခင့် အိမ်တော်သို့လာ၍ ဘုရားသခင့်ရှေ့တော်၌ ညဉ့်ဦးတိုင်အောင်နေလျက်၊ အသံကိုလွှင့်၍ ငိုကြွေးလျက်၊ 3 အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုး ချို့တဲ့ရသောအမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။ 4 နက်ဖြန်နံနက်စောစော လူများတို့သည်ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။ 5 ဣသရေလ အမျိုးသားတို့ကလည်း၊ ဣသရေလ အမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကိုခံစေဟု ကြီးစွာသောကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။ 6 ဣသရေလ အမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုးဆုံးပြီ။ 7 ငါတို့သည် ကိုယ်သမီးကို သူတို့အားမပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဖို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍လည်းကောင်း၊ 8 ဣသရေလ အမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်း ဟူ၍လည်းကောင်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်၊ ယာဗက်မြို့သားတစ်ယောက်မျှ စုဝေးရာတပ်သို့ မရောက်မလာကြောင်းကို သိကြ၏။ 9 လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည် ယာဗက်မြို့သားတစ်ယောက်မျှ မပါ။ 10 ထိုအခါ စုဝေးသောသူတို့သည် စစ်သူရဲတစ်သောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည်သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သား ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို ဓားနှင့်လုပ်ကြံကြလော့။ 11 သို့ဆိုသော်၊ ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကိုလည်းကောင်း၊ ရှင်းရှင်းပယ်ရှားကြလော့ဟုမှာထားသည်အတိုင်း၊ 12 စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။ 13 တစ်ဖန် စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှာ လူတို့ကိုစေလွှတ်ကြ၏။ 14 ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူမိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မငကြ။ 15 ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
16 စုဝေးရာပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန်အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်းသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဖို့ မိန်းမတို့ကို အဘယ်သို့ရနိုင်သနည်းဟူ၍လည်းကောင်း၊ 17 ဣသရေလအမျိုးတို့တွင် တစ်မျိုးကို မပျောက်စေခြင်းငှာ သေဘေးမှလွတ်သော ဗင်္ယာမိန်လူတို့ အမွေခံစရာမြေ ရှိရမည်။ 18 သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကိုပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေးစားရဟူ၍လည်းကောင်း၊ 19 ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဖို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍လည်းကောင်း၊ တိုင်ပင်ကြသည်နှင့် အညီ၊ 20 ဗင်္ယာမိန်လူတို့ကိုခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှာ ကလျက်လာကြသောအခါ၊ 21 စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဖို့ ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။ 22 သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကိုထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သောမယားတို့ကို သူတို့အဖို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှာ ယခုပေးစားကြသည်မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊ 23 ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဖို့ရာ ဖမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။ 24 ထိုအခါ ဣသရေလလူ အပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေသို့ ပြန်သွားကြ၏။ 25 ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။သူကြီး၊၁၇:၆။
တရားသူကြီး မှတ်စာပြီး၏။
1 Ora, os homens de Israel Jz 21.7,18haviam jurado em Mispa, dizendo: Nenhum de nós dará sua filha por mulher aos benjamitas. 2 Jz 20.26Veio o povo a Betel, e ali se assentaram até à tarde diante de Deus, e levantaram a sua voz e choraram com grande pranto. 3 Disseram: Por que, Jeová, Deus de Israel, aconteceu que hoje falte uma tribo em Israel? 4 No dia seguinte, levantou-se cedo o povo, edificou ali um Dt 12.5;2Sm 24.25altar e ofereceu holocaustos e ofertas pacíficas. 5 Disseram os filhos de Israel: Quem é o que dentre todas as tribos de Israel não subiu à assembleia de Jeová? Porque tinha sido pronunciado contra aquele que não subisse a Jeová em Mispa o grande juramento de que fosse morto sem falta. 6 Os filhos de Israel tiveram pena de seu irmão Benjamim, e disseram: Uma tribo é hoje cortada de Israel. 7 Como obteremos mulheres para os que restam deles, visto que nós Jz 21.1juramos por Jeová que não lhes daríamos nossas filhas por mulheres?
8 Disseram, pois: Quem é o que dentre as tribos de Israel não subiu a Jeová em Mispa? Ora, de Jabes-Gileade não viera um só homem ao arraial, à assembleia. 9 Quando o povo foi contado, não se achou ali nenhum dos habitantes de Jabes-Gileade. 10 A congregação enviou para lá doze mil homens dos mais valentes e ordenou-lhes: Ide e Nm 31.17passai ao fio da espada os habitantes de Jabes-Gileade juntamente com as mulheres e os pequeninos. 11 Isso é o que haveis de fazer: exterminareis a todos os homens e a todas as mulheres que tiverem conhecido varão. 12 Acharam entre os habitantes de Jabes-Gileade quatrocentas moças virgens, que não tinham conhecido varão; e trouxeram-nas ao arraial em Siló, que está na terra de Canaã.
13 Então, toda a congregação enviou e falou aos filhos de Benjamim que estavam na penha de Rimom e Dt 20.10lhes proclamou a paz. 14 Nesse tempo, voltaram os benjamitas; deram-se-lhes as mulheres que foram conservadas vivas dentre as mulheres de Jabes-Gileade, e estas ainda não lhes bastaram. 15 O povo teve pena de Benjamim, porque Jeová havia aberto uma brecha nas tribos de Israel. 16 Disseram os anciãos da congregação: Como obteremos mulheres para os que restam, visto que de Benjamim as mulheres haviam sido exterminadas? 17 Disseram mais: Deve haver uma herança para os que escaparam de Benjamim, para que uma tribo não seja apagada de Israel. 18 Contudo, não lhes poderemos dar mulheres de nossas filhas; porque os filhos de Israel Jz 21.1tinham jurado: Maldito seja aquele que der mulher a Benjamim. 19 Disseram: A festa de Jeová realiza-se anualmente em Jz 18.31;Js 18.1;1Sm 1.3Siló, que está situada ao norte de Betel, ao oriente da estrada que sobe de Betel a Siquém e ao sul de Lebona. 20 Ordenaram aos filhos de Benjamim, dizendo: Ide e escondei-vos de emboscada nas vinhas. 21 Olhai e, quando saírem as filhas de Siló a Jz 11.34;Êx 15.20dançar nos coros, saí vós das vinhas e arrebatai, cada um a sua mulher, das filhas de Siló, e ide para a terra de Benjamim. 22 Quando seus pais ou seus irmãos vierem queixar-se a nós, dir-lhes-emos: Dignai-vos de no-las conceder, porque não tomamos mulher para cada um deles na batalha, nem lhas destes; Jz 21.1,18de outra sorte, seríeis agora culpados. 23 Assim fizeram os filhos de Benjamim; e, segundo o seu número, tomaram para si mulheres, arrebatando-as dentre as que dançavam; foram, voltaram para a sua herança, Jz 20.48edificaram as cidades e nelas habitaram. 24 Partiram dali, nesse tempo, os filhos de Israel, cada um para a sua tribo, para a sua família e para a sua herança. 25 Jz 17.6;18.1;19.1Naqueles dias, não havia rei em Israel: cada um fazia o que bem lhe parecia.