1 ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကိုမခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။ 2 ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်းထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ကောင်းသည်မဟုတ်လော။ 3 ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ် ဩရဘနှင့်ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည်ကြားသောအခါ စိတ်ပြေကြ၏။ဆာ၊ ၈၃:၁၁။
4 ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍လိုက်ကြ၏။ 5 သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့်ဇာလမုန္နကို ယခုလိုက်ရှာပါ၏ဟု တောင်းသော်လည်း၊ 6 သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကိုပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။ 7 ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသောအခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊ 8 ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူတောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။ 9 ဂိဒေါင်ကလည်း၊ ငါသည် တစ်ဖန် ငြိမ်ဝပ်စွာလာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အားဆို၏။
10 ထိုအခါ ဓားကိုင်သော လူတစ်သိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်းတို့တွင် ကျန်ကြွင်းသော လူတစ်သောင်းငါးထောင်ခန့်မျှသာ ပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။ 11 ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊ 12 မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည်လိုက်၍ တပ်ကိုဖျက်လေ၏။ 13 ယောရှသားဂိဒေါင်သည် နေမထွက်မီ စစ်တိုက်ရာမှပြန်လာ၍၊ 14 သုကုတ်မြို့သား လုလင်တစ်ယောက်ကို ဖမ်းမိ၍မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူ ခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။ 15 ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကိုပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကိုကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊ 16 ထိုမြို့၌ အသက်ကြီးသူတို့ကိုခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။ 17 ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။ 18 ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့သတ်ခဲ့သော သူတို့သည် အဘယ်သို့သောသူ ဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊ 19 ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည်ဟု၊ 20 မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍သတ်လော့ဟု ဆိုသော်လည်း၊ သားသည် အသက်အရွယ်ငယ်သောကြောင့်၊ ဓားကိုမဆွဲမထုတ်ဘဲ နေ၏။ 21 ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိ ဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည်ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ကုလားအုတ်၏ လည်ပင်း၌ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။
22 ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နုတ်သောကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆိုကြသော်၊ 23 ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကိုအုပ်စိုးတော်မူရ၏ ဟူ၍လည်းကောင်း၊ 24 သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင်သည်ဟူ၍လည်းကောင်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ်ကြသတည်း။ 25 သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကိုခင်း၍၊ လူအပေါင်းတို့သည် မိမိတို့လုယူ၍ရသော နားတောင်းများကို ချထားကြ၏။ 26 ဂိဒေါင်တောင်းသော ရွှေနားတောင်းများအချိန်ကား၊ အခွက်တစ်ဆယ်ခုနစ်ပိဿာ ရှိ၏။ ထိုမှတစ်ပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုတ်လည်ကြိုးများကို ရသေး၏။ 27 ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကိုလုပ်၍ မိမိနေရာ ဩဖရမြို့မှာထားသဖြင့်၊ ဣသရေလအ မျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက်သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုးပြစ်မှားရာအကြောင်း ဖြစ်သတည်း။ 28 ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာရှုံး၍၊ နောက်တစ်ဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင်လက်ထက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။
29 ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့သွား၍နေသတည်း။
30 ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။ 31 ရှေခင်မြို့၌နေသော မယားငယ်သည် သားယောက်ျားကို ဖွားမြင်၍၊ ထိုသားကို အဘိမလက်အမည်ဖြင့် မှည့်လေ၏။ 32 ယောရှသားဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ 33 ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။ 34 ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊ 35 ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတုံ့ ပြန်၍မပြုဘဲ နေကြ၏။
1 Então lhe disseram os homens de Efraim: Jz 12.1Que é isso que nos fizeste, em não nos chamares, quando foste pelejar contra Midiã? Repreenderam-no asperamente. 2 Respondeu-lhes: Que fiz eu comparável com o que vós fizestes? Não são os rabiscos de Efraim melhores do que a vindima de Abiezer? 3 Deus vos entregou nas mãos os príncipes de Midiã, Orebe e Zeebe; que pude eu fazer de comparável com o que vós fizestes? Então se lhes aplacou a ira, depois que ele dissera isso.
4 Veio Gideão Jz 7.25ao Jordão, que passou juntamente com os trezentos homens que estavam com ele, desfalecidos, mas perseguindo. 5 Disse aos homens de Gn 33.17Sucote: Dai uns pães ao povo que me segue, pois estão desfalecidos, e eu vou perseguindo a Zeba e a Zalmuna, reis de Midiã. 6 Responderam os príncipes de Sucote: Jz 8.15Porventura, já se acham no teu poder as mãos de Zeba e Zalmuna, para que déssemos pão ao teu exército? 7 Tornou-lhes Gideão: Pois, Jz 7.15quando Jeová me tiver entregado nas mãos a Zeba e a Zalmuna, hei de vos rasgar as carnes com os espinhos do deserto e com os abrolhos. 8 Dali subiu a Gn 32.30-31Penuel, e falou-lhes da mesma maneira. Os homens de Penuel responderam-lhe como os homens de Sucote lhe haviam respondido. 9 Disse também aos homens de Penuel: Quando eu voltar em paz, Jz 8.17derrubarei esta torre.
10 Estavam Zeba e Zalmuna em Carcor, com as suas hostes, uns quinze mil homens, os restantes de todo o exército dos filhos do Oriente: Jz 6.5;7.12;Sl 83.9;Is 9.4pois caíram cento e vinte mil homens que puxavam da espada. 11 Subiu Gideão pelo caminho dos nômades, ao oriente de Noba e Jogbeá, e feriu a hoste inimiga, porque ela se dava por segura. 12 Fugiram Zeba e Zalmuna: Gideão perseguiu-os, prendeu os dois reis de Midiã, Zeba e Zalmuna, e desbaratou toda a hoste.
13 Gideão, filho de Joás, voltou da peleja desde a subida de Heres. 14 Tendo prendido a um moço dos homens de Sucote, o inquiriu. Este lhe deu por escrito os nomes dos príncipes de Sucote, e dos seus anciãos, setenta e sete homens. 15 Veio aos homens de Sucote e disse: Eis aqui Zeba e Zalmuna, a respeito dos quais me motejastes, dizendo: Jz 8.6Porventura, se acham no teu poder as mãos de Zeba e Zalmuna, para que déssemos pão aos teus homens que estão desfalecidos? 16 Tomou os anciãos da cidade, e espinhos do deserto e abrolhos e, com eles, ensinou aos homens de Sucote. 17 Jz 8.9Derrubou também a torre de Penuel e matou os homens da cidade.
18 Disse a Zeba e Zalmuna: Que sorte de homens eram os que matastes em Tabor? Responderam eles: Como és tu, assim eram eles; cada um parecia filho de rei. 19 Gideão tornou: Eles eram meus irmãos, filhos de minha mãe; por Jeová, que se vós tivésseis poupado a vida a eles, eu não vos mataria! 20 Então, disse a Jéter, seu primogênito: Levanta-te e mata-os. O mancebo, porém, não puxou da espada; pois temia, porque ainda era moço. 21 Disseram Zeba e Zalmuna: Levanta-te e lança-te sobre nós, porque qual o homem, tal a sua força. Sl 83.11Levantando-se Gideão, matou a Zeba e a Zalmuna, e Jz 8.26tirou os colares que estavam aos pescoços dos seus camelos.
22 Então, disseram os homens de Israel a Gideão: Domina sobre nós, tanto tu, e teu filho, bem como o filho de teu filho; porque nos livraste do poder de Midiã. 23 Gideão respondeu-lhes: Eu não dominarei sobre vós, nem sobre vós dominará meu filho; Jeová vos dominará. 24 Disse-lhes mais Gideão: Permiti-me fazer-vos um pedido: dá-me cada um as arrecadas do seu despojo. (Porque os ismaelitas usavam arrecadas de ouro.) 25 Eles responderam: De boa vontade as daremos. Estenderam uma capa, e cada um deles deitou ali as arrecadas do seu despojo. 26 O peso das arrecadas de ouro, que pediu, foi mil e setecentos siclos de ouro (afora os colares, e os pendentes, e os vestidos de púrpura que os reis de Midiã trajavam, e afora as cadeias que estavam aos pescoços dos seus camelos). 27 Dele fez Gideão um Jz 17.5;18.14-20;Êx 28.6-35éfode, e colocou-o na sua cidade de Ofra; ali ia todo o Israel a idolatrá-lo; e foi um laço para Gideão e sua casa. 28 Foram abatidos os midianitas diante dos filhos de Israel e nunca mais levantaram a cabeça. A terra teve descanso quarenta anos nos dias de Gideão.
29 Retirou-se Jz 7.1Jerubaal, filho de Joás, e habitou em sua casa. 30 Gideão teve Jz 9.2,5setenta filhos que saíram da sua coxa, porque tinha muitas mulheres. 31 A sua concubina que morava em Siquém deu-lhe à luz também um filho; e ele lhe pôs por nome Abimeleque. 32 Morreu Gideão, filho de Joás, numa boa velhice, e foi sepultado no sepulcro de seu pai, Joás, em Ofra dos abiezritas.
33 Logo que morreu Gideão, Jz 2.11-12tornaram os filhos de Israel a idolatrarem os Baalins e fizeram a Jz 9.4,27,46Baal-Berite o seu deus. 34 Os filhos de Israel Jz 3.7;Dt 4.9não se lembraram de Jeová, seu Deus, que os havia libertado da mão de todos os seus inimigos ao redor; 35 nem usaram de beneficência para com a casa de Jerubaal, o qual é Gideão, segundo toda a bondade que ele havia mostrado para com Israel.