1 တစ်ဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။ 2 ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားမဖွား။ 3 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ 4 သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ 5 အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဖွားမြင်လတ္တံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်စပြုလိမ့်မည်ဟု ဆို၏။တော၊ ၆:၁-၅။6 ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတစ်ယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကိုမပြော။ 7 သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
8 ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သော သူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရားအား တောင်းလျှောက်သော်၊ 9 ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။ 10 မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တစ်နေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊ 11 မာနော်သည်ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအားပြောသောသူ မှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။ 12 မာနော်ကလည်း၊ ကိုယ်တော်၏စကား ပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟုမေးသော်၊ 13 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။ 14 စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သောအရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။
15 မာနော်ကလည်း၊ ကိုယ်တော်အဖို့ ဆိတ်သငယ်ကို မပြင်ဆင်မီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊ 16 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။ 17 မာနော်ကလည်း ကိုယ်တော်စကားပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းရမည်အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားမေးသော်၊ 18 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဖွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့်မေးသနည်းဟု ဆို၏။က၊ ၃၂:၂၉။19 မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဖွယ်ဟူမူကား၊ 20 မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုးကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။ 21 ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တစ်ဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။ 22 မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအားပြောသော်၊ 23 မယားက၊ ထာဝရဘုရားသည် ငါတို့ကိုသတ်ခြင်းငှာ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။
24 ထိုမိန်းမသည် သားယောက်ျားကို ဖွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရား ကောင်းချီးပေးတော်မူ၏။ 25 ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တစ်ခါတလေ နှိုးဆော်စပြုတော်မူ၏။
1 Os filhos de Israel Jz 2.11tornaram a fazer o mal à vista de Jeová, que os entregou nas mãos dos filisteus por quarenta anos.
2 Havia um homem de Js 19.41Zorá, da família dos danitas cujo nome era Manoá; sua mulher era estéril, e não lhe dera filhos. 3 Jz 13.6,8,10-11;6.11,14;Lc 1.11-13O Anjo de Jeová apareceu à mulher, e disse-lhe: Eis que és estéril e não tens tido filhos; mas conceberás e darás à luz um filho. 4 Agora, toma cuidado, e não bebas vinho nem bebida que possa embriagar, e não comas coisa alguma imunda; 5 Lc 1.15pois conceberás e darás à luz um filho por cuja cabeça não passará navalha: porque o menino será Nm 6.2nazireu para com Deus; e ele começará a livrar a Israel da mão dos filisteus. 6 Entrou a mulher e disse a seu marido: Jz 13.8,10-11;Jz 6.11Veio a mim um homem de Deus, cujo rosto era como o do anjo de Deus, em extremo terrível. Não lhe perguntei donde era, nem ele me disse o seu nome; 7 porém disse-me: Eis que conceberás e darás à luz um filho. Agora, não bebas vinho nem bebida que possa embriagar, nem comas coisa alguma imunda, porque o menino será nazireu para com Deus desde o nascimento até o dia da sua morte.
8 Suplicou Manoá a Jeová e disse: Peço-te, Senhor, que Jz 13.3,7o homem de Deus, que enviaste, venha ter conosco outra vez e nos ensine o que devemos fazer ao menino que há de nascer. 9 Deus ouviu a voz de Manoá; e o Jz 13.8Anjo de Deus veio ter com a mulher outra vez, estando ela sentada no campo, porém não estava com ela seu marido Manoá. 10 Apressou-se a mulher e, correndo, deu notícia disso ao marido e disse-lhe: Eis que me apareceu Jz 13.9o homem que veio ter comigo outro dia. 11 Levantou-se Manoá, seguiu a sua mulher e, tendo chegado ao homem, perguntou-lhe: És tu Jz 13.8o que falaste a esta mulher? Ele respondeu: Eu sou. 12 Então, disse Manoá: Quando, pois, se cumprirem as tuas palavras, como se há de criar o menino e que fará ele? 13 Respondeu Jz 13.11o Anjo de Jeová a Manoá: Jz 13.4Guarde-se a mulher de tudo quanto eu lhe disse. 14 De nenhum produto da Nm 6.4vinha poderá ela comer, não beba vinho nem bebida que possa embriagar e não coma coisa alguma imunda. Guarde tudo quanto lhe ordenei.
15 Manoá disse ao Jz 13.3Anjo de Jeová: Permite-nos deter-te, para que preparemos um cabrito. 16 Respondeu a Manoá o Anjo de Jeová: Ainda que me detenhas, Jz 6.20não comerei o teu pão; e, se preparares um holocausto, oferecê-lo-ás a Jeová. Pois Manoá não sabia que era o Anjo de Jeová. 17 Manoá perguntou ao Anjo de Jeová: Gn 32.29Qual é o teu nome, para que, verificada que seja a tua palavra, te honremos? 18 Respondeu-lhe o Anjo de Jeová: Por que perguntas pelo meu nome, visto que é Is 9.6admirável? 19 Tomou Jz 6.20-21Manoá o cabrito com a oferta de cereais e o ofereceu sobre a pedra a Jeová, que obra maravilhas. Manoá e sua mulher estavam observando. 20 Ao subir a chama de sobre o altar para o céu, subiu com ela o Anjo de Jeová; o que vendo Manoá e sua mulher, caíram com o rosto em terra.
21 Porém, o Anjo de Jeová não tornou a aparecer a Manoá ou a sua mulher. Jz 13.16Então, soube Manoá que era o Anjo de Jeová. 22 Manoá disse a sua mulher: Jz 6.22Certamente morreremos, porque vimos a Deus. 23 Mas sua mulher lhe respondeu: Se Jeová nos quisera matar, não teria ele recebido das nossas mãos um holocausto e uma oferta de cereais, nem nos teria mostrado todas estas coisas, nem nos teria dito neste tempo tais coisas como estas. 24 A mulher deu à luz um filho, a quem pôs o nome de Sansão. O menino cresceu, e Jeová abençoou-o. 25 Jz 3.10O Espírito de Jeová começou a incitá-lo em Jz 18.11-12Maané-Dã, entre Zorá e Estaol.