1 အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊၄ရာ၊ ၁၄:၂၅။2 သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်းခြောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ၏။ 3 သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ ပြေးမည့်အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့လိုက်ခြင်းငှာ သင်္ဘောကို စီးလေ၏။ 4 ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသောလက္ခဏာရှိ၏။ 5 ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘောပေါ့စေခြင်းငှာ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော်လျက်နေ၏။ 6 သင်္ဘောသူကြီးသည် လာ၍၊ အို အိပ်ပျော်သောသူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်းလော့။ ငါတို့အသက်လွတ်စေခြင်းငှာ ထိုဘုရားသည် ငါတို့ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။ 7 နောက်တစ်ဖန် သူတို့က၊ လာကြ။ အဘယ်သူ၏အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။ 8 တစ်ဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှုရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှုကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသား ဖြစ်သနည်းဟု မေးမြန်းကြသော်၊ 9 ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟုဆိုလျှင်၊ 10 ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောနသည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဖော်ပြသောကြောင့် သူတို့သိကြ၏။
11 ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထသောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှာ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟုမေးကြသော်၊ 12 ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြုလျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုးသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော်လည်း၊ 13 သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှာ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တစ်ဖက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင်သောအခါ၊ 14 အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော်တောင်းပန်ပြီးမှ၊ 15 ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထိုအခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။ 16 သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာကတိထားကြ၏။
17 ယောနကို မျိုစေခြင်းငှာ ငါးကြီးကို ထာဝရဘုရားခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲမှာ သုံးရက်ပတ်လုံး နေရ၏။မ၊ ၁၂:၄၀။
1 2Rs 14.25;Mt 12.39-41;16.4;Lc 11.29-30,32A palavra de Jeová veio a Jonas, filho de Amitai, dizendo: 2 Levanta-te, vai à Jn 3.2-3;4.11grande cidade de Gn 10.11;2Rs 19.36;Is 37.37;Na 1.1;Sf 2.13Nínive Is 53.1e clama contra ela, porque Gn 18.20;Os 7.2a sua malícia subiu à minha presença. 3 Jonas, porém, levantou-se para fugir Sl 139.7,9,10da presença de Jeová, Is 23.1,6,10;Jr 10.9para Társis. Desceu a 2Cr 2.16;Ed 3.7;At 9.36,43Jope e achou um navio que ia para Társis; pagou, pois, a sua passagem e embarcou nele para ir com eles a Társis da presença de Jeová.
4 Mas Sl 107.25-28;135.7Jeová lançou no mar um grande vento, e fez-se no mar uma grande tempestade, de sorte que o navio estava em perigo de se fazer em pedaços. 5 Então, os marinheiros tiveram medo, e clamavam cada um 1Rs 18.26ao seu deus, At 27.18-19,38e alijaram ao mar a carga que estava no navio, para o aliviarem. Jonas, porém, tinha descido ao interior do navio; e, tendo-se deitado, dormia um profundo sono. 6 Chegou-se a ele o piloto e disse-lhe: Que estás fazendo, ó tu que dormes? Levanta-te, Sl 107.23clama ao teu Deus, a ver se, acaso, Jn 3.9;2Sm 12.22;Am 5.15Deus se lembrará de nós, para que não pereçamos. 7 Disseram uns aos outros: Vinde, Js 7.14-18;1Sm 10.20-21;14.41-42;At 1.23-26e deitemos sortes, para sabermos por causa de quem nos acontece este mal. Deitaram, pois, sortes, Nm 32.23;Pv 16.33e a sorte caiu sobre Jonas. 8 Então, lhe disseram: Js 7.19;1Sm 14.43Dize-nos: por causa de quem nos acontece este mal. Qual é a tua Gn 47.3;1Sm 30.13ocupação? Donde vens? Qual é a tua terra? E de que povo és? 9 Respondeu-lhes ele: Eu sou Gn 14.13;Êx 1.15;2.13hebreu 2Rs 17.25,28,32-33e temo a Jeová, Ed 1.2;Ne 1.4;Sl 136.26;Dn 2.18Deus do céu, Ne 9.6;Sl 95.5;146.6que fez o mar e a terra. 10 Então, os homens ficaram possuídos de grande medo e lhe disseram: Que é isso que fizeste? Pois os homens souberam que ele Jn 1.3;Jó 27.22fugia da presença de Jeová, porque lho havia dito.
11 Disseram-lhe: Que te faremos nós, para que o mar cesse de se levantar contra nós? Pois o mar se ia tornando cada vez mais tempestuoso. 12 Respondeu-lhes: 2Sm 24.17Levantai-me e lançai-me no mar; assim, cessará o mar de se levantar contra vós, porque eu sei que é 1Cr 21.17por minha causa que vos sobreveio esta grande tempestade. 13 Todavia, os homens se esforçavam com os remos para tornar a ganhar a terra; porém Pv 21.30não podiam, pois o mar se ia tornando cada vez mais tempestuoso contra eles. 14 Por isso, clamaram Jn 1.16;Sl 107.28a Jeová e disseram: Rogamos-te, Jeová, que não pereçamos por causa da vida deste homem e que não faças cair sobre nós o sangue inocente; pois tu, Sl 115.3;135.6;Dn 4.34-35Jeová, fizeste como foi do teu agrado. 15 Levantaram, pois, a Jonas e lançaram-no ao mar; e o mar Sl 65.7;93.3-4;107.29cessou da sua fúria. 16 Então, os homens temeram em extremo a Jeová; ofereceram sacrifícios 1Sm 6.2-5;Dn 4.34-37a Jeová e fizeram Sl 50.14;66.13-14votos.
17 Jn 4.6Jeová preparou um grande peixe que tragasse a Jonas, e Jonas esteve no Mt 12.40ventre do peixe três dias e três noites.