1 ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါးကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။ 2 သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။ 3 ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ 4 သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ် ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသားဖြစ်သော ဗေရခိ၏သား မေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။ 5 သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏အမှုကို ဝိုင်းညီ၍မပြုကြ။ 6 တံခါးဟောင်းကိုကား၊ ပါသာသား ယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ 7 သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ၏။ 8 သူတို့နောက်မှ ဟာဟာယသား ပန်းထိမ်သမားဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။ 9 သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖာယပြင်၏။ 10 သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ဟာရှဗနိသား ဟတ္တုတ်ပြင်၏။ 11 ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ်တို့သည် ပြင်ကြ၏။ 12 သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟာလောဟတ်သား ရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။ 13 ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင် တစ်ထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။ 14 ဗေသက္ကရင်မြို့တစ်ပိုင်းကို အုပ်သော ရေခပ်သားမာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။ 15 မိဇပါမြို့တစ်ပိုင်းကို အုပ်သော ကောလဟောဇသား ရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထားပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင် တည်၏။ 16 သူ့နောက်မှ ဗက်ဇုရမြို့တစ်ပိုင်းကိုအုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်း တစ်ဖက်တစ်ချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်းအိမ်တိုင်အောင် ပြင်၏။
17 သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင်၏။ သူ့နောက်မှ၊ ကိလမြို့တစ်ပိုင်းကို အုပ်သော ဟာရှဘိသည် မိမိတာကိုပြင်၏။ 18 သူ့နောက်မှ၊ ကိလမြို့တစ်ပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီ ဗာဝဲပြင်၏။ 19 သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရသည်၊ လက်နက်စုံတိုက်သို့တက်ရာ တစ်ဖက်တစ်ချက်၊ မြို့ထောင့်ထိအောင် ပြင်၏။ 20 သူ့နောက်မှ၊ ဇဗ္ဗဲသားဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ် အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။ 21 သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ်သည်၊ ဧလျာရှိပ်အိမ်တံခါးမှ အိမ်ထောင့်တိုင်အောင် ပြင်၏။
22 သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။ 23 သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ 24 သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိအိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင် ပြင်၏။ 25 ဥဇဲသား ပါလလသည် မြို့ရိုးကွေ့ရာ တစ်ဖက်တစ်ချက်ကိုလည်းကောင်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာရှိသော ပြအိုးကိုလည်းကောင်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။ 26 ထိုမှတစ်ပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တစ်ဖက်တစ်ချက်၌၊ မိမိတို့နေရာ ဩဖေလရဲတိုက်ကိုလည်းကောင်း၊ ပြင်သို့ထွက်သော ပြအိုးကိုလည်းကောင်း ပြင်ကြ၏။
27 သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တစ်ဖက်တစ်ချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။ 28 မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တစ်ဖက်တစ်ချက်၌ အသီးအသီးပြင်ကြ၏။ 29 သူတို့နောက်မှ၊ ဣမေရသားဇာဒုတ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။ 30 သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသားမေရှုလံသည် မိမိအိပ်ရာခန်း တစ်ဖက်တစ်ချက်၌ ပြင်၏။ 31 သူ့နောက်မှ၊ ပန်းထိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တစ်ဖက်တစ်ချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာအရပ် တိုင်အောင်လည်းကောင်း၊ မြို့ထောင့်တက်ရာအရပ် တိုင်အောင်လည်းကောင်းပြင်၏။ 32 မြို့ထောင့်တက်ရာ အရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းထိမ်သမားများနှင့် ကုန်သည်များတို့သည် ပြင်ကြ၏။
1 Então, se levantou o sumo sacerdote Ne 3.20;13.28Eliasibe, juntamente com os sacerdotes, seus irmãos, e reedificaram Ne 3.32;12.39a Entrada das Ovelhas. Consagraram-na e Ne 6.1;7.1assentaram as suas duas portas; sim, consagraram-na Ne 12.39até a Torre de Meá, Jr 31.38até a Torre de Hananel. 2 Junto a ele, edificaram Ne 7.36os homens de Jericó, ao lado dos quais edificou Zacur, filho de Inri.
3 Os filhos de Hassenaá edificaram Ne 12.39a Entrada dos Peixes; puseram-lhe as vigas e assentaram as suas duas portas, os seus ferrolhos e as suas trancas. 4 Junto a ele, fez os reparos Meremote, filho de Urias, filho de Coz; junto a eles, Mesulão, filho de Berequias, filho de Mesezabel; junto a eles, Zadoque, filho de Baaná; 5 junto a eles, os tecoítas; mas os seus nobres não se submeteram ao serviço do seu senhor.
6 Joiada, filho de Paseia, e Mesulão, filho de Besodias, repararam Ne 12.39a Entrada Velha; puseram-lhe as vigas e assentaram as suas duas portas, os seus ferrolhos e as suas trancas. 7 Junto a eles, fizeram os reparos Melatias, gibeonita, e Jadom, meronotita, homens de Gibeão, e de Mispa, Ne 2.7que pertenciam ao trono do governador além do rio; 8 junto a ele, Uziel, filho de Haraías, Ne 3.31-32ourives; junto a ele Hananias, um dos perfumistas, e deixaram Jerusalém até Ne 12.38o Muro Largo. 9 Junto a eles, fez os reparos Refaías, filho de Hur, Ne 3.12,17regente da metade do distrito de Jerusalém; 10 junto a eles, Jedaías, filho de Harumafe, defronte da sua casa; junto a ele, Hatus, filho de Hasabneias. 11 Malquias, filho de Harim, e Hassube, filho de Paate-Moabe, repararam outra parte Ne 12.38e a Torre dos Fornos. 12 Junto a ele, fez os reparos Salum, filho de Haloés, Ne 3.9regente da metade do distrito de Jerusalém, ele e suas filhas.
13 Ne 2.13A Entrada do Vale, repararam-na Hanum, e os habitantes de Zanoa; edificaram-na e assentaram as suas duas portas, os seus ferrolhos e as suas trancas, como também mil cúbitos do muro até a Entrada do Esterco.
14 Ne 2.13A Entrada do Esterco, reparou-a Malquias, filho de Recabe, regente de distrito de Jr 6.1Bete-Haquerém; edificou-a e assentou as suas portas, os seus ferrolhos e as suas trancas.
15 Ne 2.17A Entrada da Fonte, reparou-a Salum, filho de Col-Hozé, regente do distrito de Mispa; edificou-a, e a cobriu, e assentou as suas duas portas, os seus ferrolhos e as suas trancas; reparou também o Muro da Piscina de Siloé, junto ao 2Rs 25.4jardim do rei até Ne 12.37os degraus que descem da Cidade de Davi. 16 Em seguida a ele, fez os reparos Neemias, filho de Azbuque, Ne 3.9,12,17regente da metade do distrito de Bete-Zur, até defronte dos sepulcros de Davi, e até a 2Rs 20.20;Is 7.3piscina que havia sido feita, e até a casa dos homens poderosos. 17 Em seguida a ele, fizeram os reparos os levitas Reum, filho de Bani, junto ao qual fez os reparos por seu distrito Hasabias, regente da metade do distrito de Queila. 18 Em seguida a ele, seus irmãos Bavai, filho de Henadade, regente da metade do distrito de Queila. 19 Junto a ele, reparou Ezer, filho de Jesua, Ne 3.15regente de Mispa, outra parte defronte da subida à casa das armas, 2Cr 26.9no ângulo do muro. 20 Em seguida a ele, Baruque, filho de Zabai, reparou diligentemente outra parte, desde o ângulo do muro até a casa do sumo sacerdote Eliasibe. 21 Em seguida a ele, reparou Meremote, filho de Urias, filho de Coz, outra parte desde a porta da casa de Eliasibe até a extremidade da casa de Ne 3.1Eliasibe. 22 Em seguida a ele, fizeram os reparos os sacerdotes que habitavam em Ne 12.28Quicar. 23 Em seguida a eles, Benjamim e Hassube, defronte da sua casa; e, em seguida a eles, Azarias, filho de Maaseias, filho de Ananias, junto à sua casa. 24 Em seguida a ele, reparou Binui, filho de Henadade, outra parte desde a casa de Azarias até Ne 3.19o ângulo do muro e até a esquina. 25 Palal, filho de Uzai, reparou defronte do ângulo do muro e da torre que se projeta da casa superior do rei, a qual está junto Jr 32.2ao átrio da guarda. Em seguida a ele, fez os reparos Pedaías, filho de Parós 26 (Ora, os Ne 7.46netinins habitavam em Ne 11.21Ofel até defronte da Ne 8.1entrada das águas para o oriente e até a torre que se projeta.). 27 Em seguida a ele, repararam os Ne 3.5tecoítas outra parte, defronte da grande torre que se projeta, e até o muro de Ofel.
28 Para cima 2Rs 11.16;2Cr 23.15;Jr 31.40da Entrada dos Cavalos, fizeram os reparos os sacerdotes, cada um defronte da sua casa; 29 em seguida a eles, Zadoque, filho de Imer, defronte da sua casa; e, em seguida a ele, Semaías, filho de Secanias, guarda da porta oriental. 30 Em seguida a ele, repararam outra parte Hananias, filho de Selemias, e Hanum, sexto filho de Zalafe. Em seguida a ele fez os reparos Mesulão, filho de Berequias, defronte da Ne 13.7sua câmara; 31 em seguida a ele, Malquias, um dos Ne 3.8,32ourives, até a casa dos netinins e dos negociantes, defronte da Porta de Hamifecade, e até a câmara da esquina; 32 e, entre a câmara da esquina e a Ne 3.1Entrada das Ovelhas, os ourives e os negociantes.