1 ထိုအခါ လူများတို့တွင် မင်းလုပ်သောသူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တစ်ကျိပ်တွင်တစ်ယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည်အကြောင်း စာရေးတံပြုကြ၏။ 2 ယေရုရှလင်မြို့၌ နေခြင်းငှာ အလိုလိုဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းချီးပေးကြ၏။ 3 ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊နေ၊ ၇:၇၃။4 ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယတစ်ပါး၊ 5 ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတစ်ပါးနှင့်တကွ၊ 6 ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲ လေးရာခြောက်ဆယ်ရှစ်ယောက်တည်း။ 7 ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊ 8 သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။ 9 ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ်ဖြစ်၏။ သေနွာသား ယုဒသည် ပြင်မြို့ကိုအုပ်ရ၏။
10 ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊ 11 အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာယ အစရှိသော၊ 12 အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသားချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတစ်ပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံတို့မှ ဆင်းသက်သော အဒါယအစရှိသော၊ 13 အဆွေအမျိုးသူကြီး အမျိုးသားချင်း နှစ်ရာလေးဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊ 14 ခွန်အားကြီးသောသူရဲ အမျိုးသားချင်း တစ်ရာနှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗဒေလသည် သူတို့ကိုအုပ်ရ၏။
15 လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတစ်ပါး၊ 16 လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှုစီရင်ရကြ၏။ 17 အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်းအမှုမှာ အကြီးလုပ်သောသူ ဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဖော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတစ်ပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိရှိ၏။ 18 သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်းကား နှစ်ရာရှစ်ဆယ်လေးယောက်တည်း။ 19 တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကိုစောင့်သော အမျိုးသားချင်းပေါင်းကား တစ်ရာခုနစ်ဆယ်နှစ်ယောက်တည်း။
20 ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌ နေကြ၏။ 21 ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။ 22 မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက်သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည်လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။ 23 အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။ 24 ယုဒအမျိုး ဇာရအနွယ် မေရှဇဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
25 ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်းဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ်ဇေလမြို့ရွာ၊ 26 ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊ 27 ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊ 28 ဇိကလတ်၊ မေကောနမြို့ရွာများ၊ 29 အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊ 30 ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘမြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။ 31 ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌လည်းကောင်း၊ 32 အာနသုတ်၊ နောဗ၊ အာနနိ၊ 33 ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊ 34 ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊ 35 လောဒ၊ ဩနောမြို့များ၌လည်းကောင်း၊ ဆရာသမားချိုင့်၌လည်းကောင်း နေကြ၏။ 36 လေဝိသားအသင်းအပေါင်း အချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌ နေကြ၏။
1 Os Ne 7.4príncipes do povo habitaram em Jerusalém. O resto do povo Ne 10.34deitou sortes para tirar uma décima parte que habitasse em Jerusalém, Ne 11.18;Is 48.2cidade santa, e nove décimas, nas outras cidades. 2 O povo abençoou todos os homens que, voluntariamente, se ofereceram para habitarem em Jerusalém.
3 Estes 1Cr 9.2-34são os chefes da província que habitaram em Jerusalém; porém nas cidades de Judá habitou Ne 11.20cada um na sua possessão, nas suas cidades, a saber, Israel, os sacerdotes, os levitas, Ed 2.43os netinins e Ne 7.57os filhos dos servos de Salomão. 4 Em Jerusalém, habitaram alguns dos filhos de Judá e dos filhos de Benjamim. Dos filhos de Judá: Ataías, filho de Uzias, filho de Zacarias, filho de Amarias, filho de Sefatias, filho de Maalaleel, dos filhos de Perez; 5 e Maaseias, filho de Baruque, filho de Col-Hozé, filho de Hazaías, filho de Adaías, filho de Joiaribe, filho de Zacarias, filho de silonita. 6 Todos os filhos de Perez que habitaram em Jerusalém eram quatrocentos e sessenta e oito homens valentes.
7 Estes são os filhos de Benjamim: Salu, filho de Mesulão, filho de Joede, filho de Pedaías, filho de Colaías, filho de Maaseias, filho de Itiel, filho de Jesaías. 8 Depois dele, Gabai, Salai: novecentos e vinte e oito. 9 Joel, filho de Zicri, era superintendente deles; e Judá, filho de Senua, era o segundo sobre a cidade.
10 Dos sacerdotes: Jedaías, filho de Joiaribe, Jaquim, 11 Seraías, filho de Hilquias, filho de Mesulão, filho de Zadoque, filho de Meraiote, filho de Aitube, príncipe da Casa de Deus, 12 e seus irmãos que faziam a obra da casa: oitocentos e vinte e dois; e Adaías, filho de Jeroão, filho de Pelalias, filho de Anzi, filho de Zacarias, filho de Pasur, filho de Malquias, 13 e seus irmãos, cabeças das famílias: duzentos e quarenta e dois; e Amassai, filho de Azareel, filho de Asai, filho de Mesilemote, filho de Imer, 14 e seus irmãos, homens ilustres em valor: cento e vinte e oito; e o superintendente deles era Zabdiel, filho de Hagedolim.
15 Dos levitas: Semaías, filho de Hassube, filho de Azricão, filho de Hasabias, filho de Buni; 16 Sabetai e Jozabade, dos chefes dos levitas, que tinham a seu cargo o 1Cr 26.29negócio externo da Casa de Deus; 17 Matanias, filho de Mica, filho de Zabdi, filho de Asafe, que era o primeiro a iniciar os louvores após oração, e Bacbuquias o segundo entre seus irmãos; e Abda, filho de Samua, filho de Galal, filho de Jedutum. 18 Todos os levitas na Ne 11.1cidade santa eram duzentos e oitenta e quatro.
19 Os porteiros Acube, Talmom e seus irmãos, que guardavam as portas, eram cento e setenta e dois. 20 O resto de Israel, dos sacerdotes e dos levitas, estabeleceu-se em todas as cidades de Judá, cada um Ne 11.3na sua herança. 21 Os Ne 3.26;2Cr 27.3netinins, porém, habitaram em Ofel, estando a cargo de Zia e Gispa.
22 O Ne 11.9,14superintendente dos levitas em Jerusalém era Uzi, filho de Bani, filho de Hasabias, filho de Matanias, filho de Mica, dos filhos de Asafe, cantores, o qual estava encarregado dos negócios da Casa de Deus 23 (Ed 6.8;7.20Pois havia um mandado da parte do rei acerca deles, e uma ordenança certa, para os cantores, Ne 12.47como exigia o dever de cada dia). 24 Petaías, filho de Mesezabel, dos filhos de Zerá, filho de Judá, estava às ordens do rei em todos os negócios concernentes ao povo.
25 Quanto às aldeias com os seus campos, alguns dos filhos de Judá habitaram em Js 14.15Quiriate-Arba e suas vilas, em Js 13.9,17Dibom e suas vilas e em Jecabzeel e suas aldeias; 26 em Jesua, em Moladá, em Bete-Pelete, 27 em Hazar-Sual, em Berseba e suas vilas, 28 em Ziclague, em Meconá e suas vilas, 29 em En-Rimom; em Zorá, em Jarmute, 30 em Zanoa, em Adulão e suas vilas, em Laquis e seus campos, e em Azeca e suas vilas. Acamparam-se desde Berseba até o vale de Hinom. 31 Os filhos de Benjamim também habitaram desde Geba e, daí em diante, em Micmás, em Aia, em Betel e suas vilas; 32 em Anatote, em Nobe, em Ananias, 33 em Hazor, em Ramá, em Gitaim, 34 em Hadide, em Zeboim, em Nebalate, 35 em Lode e em Ono, vale dos Artífices. 36 Algumas turmas dos levitas que habitaram em Judá foram unidas a Benjamim.