1 ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- 2 ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊- 3 စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။- 4 ယေရှုသည် ကိုယ်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။- 5 နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။- 6 ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။- 7 အဘယ်သူကိုရှာကြသနည်းဟု တစ်ဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။- 8 ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။- 9 ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။
10 ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။- 11 ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။-မ၊ ၂၆:၃၉။ မာ၊ ၁၄:၃၆။ လု၊ ၂၂:၄၂။
12 ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။- 13 အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ ဖြစ်သတည်း။- 14 ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ယော၊ ၁၁:၄၉-၅၀။
15 ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော်တစ်ယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။- 16 ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။- 17 တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- 18 ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။
19 ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။- 20 ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- 21 အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။- 22 ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရာသလောဟု ဆိုလျက် ယေရှုကိုရိုက်လေ၏။- 23 ယေရှုကလည်း၊ ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ။ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။- 24 အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။
25 ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့အဝင် ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- 26 ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တစ်ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟု ဆိုလျှင်၊- 27 ပေတရုသည် တစ်ဖန် ငြင်းပြန်လေ၏၊ ထိုခဏချင်းတွင် ကြက်တွန်၏။
28 နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။- 29 ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊- 30 ဤသူသည် လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟု လျှောက်ကြ၏။- 31 ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။- 32 ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကားတော် ပြည့်စုံမည်အကြောင်းတည်း။ယော၊ ၃:၁၄၊၁၂:၃၂။
33 ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။- 34 ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။- 35 ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟု မေးလျှင်၊- 36 ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။- 37 ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့်တော်မူ၏။- 38 ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။
39 ပသခါပွဲ၌ လူတစ်ယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု မေးလျှင်၊- 40 တစ်ဖန် လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ဓားပြဖြစ်သတည်း။
1 Depois de assim falar, Mt 26.30,36;Mc 14.26,32;Lc 22.39saiu Jesus com seus discípulos para o outro lado 2Sm 15.23;1Rs 2.37;15.13;2Rs 23.4,6,12;2Cr 15.16;29.16;30.14;Jr 31.40do ribeiro de Cedrom, onde havia Mt 26.36;Mc 14.32;Jo 18.26um jardim; e aí entrou com seus discípulos. 2 Judas, que o traía, também conhecia o lugar, porque Jesus ali cp.Lc 21.37;22.39estivera muitas vezes com seus discípulos. 3 Jo 18.3-11;Mt 26.47-56;Mc 14.43-50;Lc 22.47-53Judas, portanto, tendo recebido a Jo 18.12;At 10.1coorte e alguns Jo 7.32;Jo 18.12,18oficiais de justiça dos principais sacerdotes e dos fariseus, chegou a esse lugar com lanternas, Mt 25.1archotes e armas. 4 Jesus, cp.Jo 6.64;13.1,11sabendo tudo o que lhe ia acontecer, adiantou-se e perguntou-lhes: Jo 18.7A quem buscais? 5 Eles lhe responderam: A Jesus, o Nazareno. Disse-lhes Jesus: Sou eu. Judas, que o traía, estava também com eles. 6 Logo que Jesus lhes disse: Sou eu, recuaram e caíram por terra. 7 Jesus, de novo, perguntou-lhes: A quem buscais? Eles responderam: A Jesus, o Nazareno. 8 Disse-lhes Jesus: Já vos declarei que sou eu; se é a mim, pois, que buscais, deixai ir estes, 9 para se cumprirem as palavras que ele dissera: Jo 17.12Não perdi nenhum dos que me deste. 10 Simão Pedro, cp.Mt 26.51;Mc 14.47que tinha uma espada, puxou dela e, dando um golpe no servo do sumo sacerdote, decepou-lhe a orelha direita; e o servo chamava-se Malco. 11 Jesus disse a Pedro: Mete a tua espada na bainha; não hei de beber Mt 20.22o cálice que o Pai me deu?
12 Jo 18.12s.; cp.Mt 26.57ss.Assim a Jo 18.3coorte, o tribunoComandante de mil soldados. e Jo 18.3os oficiais de justiça dos judeus prenderam a Jesus, maniataram-no 13 e conduziram-no primeiramente Jo 18.24;Lc 3.2a Anás, pois era sogro de Mt 26.3;Jo 11.49,51Caifás, sumo sacerdote naquele ano; 14 era Caifás quem aconselhara aos judeus que Jo 11.50convinha morrer um homem pelo povo.
15 cp.Mt 26.58;Mc 14.54;Lc 22.54Simão Pedro e um outro discípulo seguiam a Jesus. Sendo esse discípulo conhecido do sumo sacerdote, entrou Mt 26.3;Jo 18.24,28no pátio da casa deste com Jesus; 16 Jo 18.16-18;Mt 26.69s.;Mc 14.66-68;Lc 22.55-57Pedro, porém, ficou de fora, à porta. Saindo, pois, o outro discípulo, que era conhecido do sumo sacerdote, falou com a porteira e levou a Pedro para dentro. 17 Então, At 12.13a criada que guardava a porta perguntou a Pedro: Jo 18.25Não és tu também um dos discípulos deste homem? Não sou, respondeu ele. 18 Ora, os servos e os Jo 18.3oficiais de justiça estavam ali, cp.Mc 14.54,67tendo acendido Jo 21.9um braseiro por causa do frio, e aquentavam-se. Pedro estava também no meio deles, aquentando-se.
19 Jo 18.19-24; cp.Mt 26.59-68;Mc 14.55-65;Lc 22.63-71Então, o sumo sacerdote interrogou a Jesus acerca de seus discípulos e acerca do seu ensino. 20 Disse-lhe Jesus: Jo 7.26; cp.8.26Eu tenho falado abertamente ao mundo; eu Mt 4.23; cp.Jo 6.59ensinei continuadamente nas sinagogas Mt 26.55e no templo, onde se reúnem todos os judeus, e nada falei ocultamente. 21 Por que me interrogas? Pergunta aos meus ouvintes o que lhes falei; eles sabem o que eu disse. 22 Havendo dito isso, um dos oficiais de justiça que estava perto de Jesus Jo 19.3deu-lhe uma bofetada, dizendo: É assim que respondes ao sumo sacerdote? 23 cp.Mt 5.39;At 23.2-5Respondeu-lhe Jesus: Se eu falei mal, dá testemunho do mal; mas, se falei bem, porque me feres? 24 Então, Jo 18.13Anás o enviou, maniatado, a Caifás, o sumo sacerdote.
25 Jo 18.25-27;Mt 26.71-75;Mc 14.69-72;Lc 22.58-62Simão Jo 18.18Pedro lá estava, aquentando-se. Perguntaram-lhe, pois: Jo 18.17Não és tu também um de seus discípulos? Ele negou, dizendo: Não sou. 26 Um dos servos do sumo sacerdote, parente daquele a Jo 18.10quem Pedro tinha decepado a orelha, perguntou: Não te vi eu no Jo 18.1jardim com ele? 27 De novo, Pedro o negou, e no mesmo instante Jo 13.38cantou o galo.
28 Mt 27.2;Mc 15.1;Lc 23.1Conduziram a Jesus da casa de Caifás para Jo 18.33;19.9;Mt 27.27o Pretórioou, palácio.. Era de manhã cedo. Eles não entraram no Pretório cp.Jo 11.55;At 11.3para não se contaminarem, mas para poderem comer a Páscoa. 29 Jo 18.29-38;Mt 27.11-14;Mc 15.2-5;Lc 23.2-3Pilatos saiu para ir ter com eles e perguntou-lhes: Que acusação trazeis contra este homem? 30 Responderam-lhe: Se ele não fosse malfeitor, não to entregaríamos. 31 Replicou-lhes Pilatos: Tomai-o vós mesmos e julgai-o segundo a vossa Lei. Disseram-lhe os judeus: A nós não nos é permitido tirar a vida a ninguém; 32 para Jo 12.32s.; cp.3.14;8.28;Mt 20.19;26.2;Mc 10.33s.;Lc 18.32s.se cumprir o que dissera Jesus, significando o modo por que havia de morrer.
33 Pilatos cp.Jo 18.28-29;19.9tornou a entrar no Pretórioou, palácio., chamou a Jesus e perguntou-lhe: Lc 23.3; cp.Jo 19.12És tu o Rei dos Judeus? 34 Respondeu Jesus: Dizes tu isso por ti mesmo ou foram outros os que to disseram de mim? 35 Replicou Pilatos: Porventura, sou eu judeu? A tua própria nação e os principais sacerdotes entregaram-te nas minhas mãos. Que fizeste? 36 Respondeu Jesus: cp.Jo 6.15;Mt 26.53;Lc 17.21O meu reino não é deste mundo. Se o meu reino fosse deste mundo, os meus súditos pelejariam, para não ser eu entregue aos judeus; mas agora o meu reino não é daqui. 37 Perguntou-lhe, pois, Pilatos: Logo tu és rei? Respondeu Jesus: Mt 27.11;Mc 15.2;Lc 22.70;23.3Tu dizes que sou rei. Eu para isso nasci e para isso vim ao mundo, a fim Jo 3.32;8.14; cp.1.14de dar testemunho da verdade. Jo 8.47;1Jo 4.6Todo aquele que é da verdade ouve a minha voz. 38 Perguntou-lhe Pilatos: Que é a verdade?
Depois de dizer isso, Jo 19.4; cp.Jo 18.33saiu outra vez para ir ter com os judeus e disse-lhes: Lc 23.4;Jo 19.4Eu não acho nele crime algum. 39 Jo 18.39—19.16;Mt 27.15-18,20-23;Mc 15.6-15;Lc 23.18-25Mas é costume entre vós que eu vos solte alguém por ocasião da Páscoa; quereis, pois, que vos solte o Rei dos Judeus? 40 Eles tornaram a clamar: At 3.14Não a este, mas a Barrabás. Ora, Barrabás era salteador.