1 ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။- 2 သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။- 3 ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။- 4 သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။- 5 မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။
6 ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။
7 ထိုကြောင့် တစ်ဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝ ဖြစ်၏။- 8 ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။- 9 ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။- 10 သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။
11 ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကို စွန့်တတ်၏။- 12 သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူငှားဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။- 13 သူငှားသည် သူငှားဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။- 14 ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- 15 ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာ စွန့်၏။-မ၊ ၁၁:၂၇။ လု၊ ၁၀:၂၂။16 ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။- 17 ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။- 18 ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တစ်ဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။- 19 ထိုစကားတော်ကြောင့် ယုဒလူတို့သည် တစ်ဖန် ကွဲပြားခြင်းရှိကြ၏။- 20 လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။- 21 အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကား မဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှာ တတ်နိုင်သလောဟုဆိုကြ၏။
22 ဆောင်းကာလဖြစ်၍ အင်္ကဲနိပွဲကို ယေရုရှလင်မြို့၌ ခံကြသောအခါ၊- 23 ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန်ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊- 24 ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။- 25 ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။- 26 သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊- 27 ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။- 28 ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။- 29 ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနုတ်မယူနိုင်ရာ။ 30 ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
31 ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။- 32 ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊- 33 ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။-ဝတ်၊ ၂၄:၁၆။34 ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။-ဆာ၊ ၈၂:၆။35 ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကို မပယ်ရလျှင်လည်းကောင်း၊- 36 ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအားဆိုရာသလော။- 37 ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။- 38 ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
39 ထိုအခါ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ တစ်ဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။- 40 ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။-ယော၊ ၁:၂၈။41 လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊- 42 ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။
1 Em verdade, em verdade vos digo: o que não entra pela porta no aprisco das ovelhas, mas sobe por outra parte, este é Jo 10.8ladrão e salteador; 2 mas o que entra pela porta, este é o Jo 10.11s.pastor das ovelhas. 3 A este abre o porteiro, e as ovelhas ouvem a Jo 10.4-5,16,27sua voz; e ele chama pelo nome as suas ovelhas e cp.Jo 10.9as conduz para fora. 4 Depois de fazer sair todas as que lhe pertencem, vai adiante delas, e elas o seguem, porque conhecem a Jo 10.3,5,16,27sua voz; 5 mas de modo algum seguirão o estranho; antes, fugirão dele, porque não conhecem a voz dos estranhos. 6 Jesus lhes fez essa cp.Jo 16.25,29;2Pe 2.22comparação, mas eles não compreenderam que era o que ele lhes falava.
7 Tornou, pois, Jesus a dizer: Em verdade, em verdade vos digo: eu sou a cp.Jo 10.1-2,9porta das ovelhas. 8 Todos os que vieram antes de mim são Jo 10.1; cp.Jr 23.1s.;Ez 34.2ss.ladrões e salteadores; mas as ovelhas não os ouviram. 9 Eu sou a porta. Se alguém entrar por mim, será salvo; e entrará, sairá e achará pastagem. 10 O ladrão não vem senão para furtar, matar e destruir; eu vim para que elas cp.Jo 5.40tenham vida e a tenham em abundância. 11 Jo 10.14; cp.Is 40.11;Ez 34.11-16,23;Hb 13.20;1Pe 5.4;Ap 7.17Eu sou o bom pastor. O bom pastor Jo 10.15,17-18;1Jo 3.16; cp.Jo 15.13dá a sua vida pelas ovelhas. 12 O que é mercenário e não Jo 10.2pastor, a quem não pertencem as ovelhas, vê vir o lobo, abandona as ovelhas e foge, e o lobo as arrebata e dispersa. 13 O mercenário foge, porque é mercenário e não se importa com as ovelhas. 14 Jo 10.11Eu sou o bom pastor, Jo 10.27conheço as minhas ovelhas, e as que são minhas me conhecem a mim, 15 assim como Mt 11.27o Pai me conhece, e eu conheço o Pai; Jo 10.11,17-18e dou a minha vida pelas ovelhas. 16 Tenho também cp.Is 56.8outras ovelhas que não são deste aprisco; estas também é necessário que eu as traga; elas ouvirão a minha voz, e haverá cp.Jo 11.52;17.20s.;Ef 2.13-18;1Pe 2.25um rebanho e cp.Ez 34.23;37.24um pastor. 17 Por isso, o Pai me ama, porque eu dou a minha vida para a reassumir. 18 cp.Mt 26.53;Jo 2.19;5.26Ninguém a tira de mim, mas eu de mim mesmo a dou. Tenho direito de a dar e tenho direito de a reassumir; cp.Jo 14.31;15.10;Fp 2.8;Hb 5.8esse mandamento recebi de meu Pai.
19 Jo 7.43; cp.9.16Por causa desses discursos, houve de novo dissensão entre os judeus. 20 Muitos deles diziam: Ele Jo 7.20tem demônio e cp.Mc 3.21perdeu o juízo; por que o escutais? 21 Outros diziam: Essas palavras não são de um Mt 4.24endemoninhado; cp.Jo 9.32s.;Êx 4.11pode, porventura, o demônio abrir os olhos aos cegos?
22 Então, celebrava-se em Jerusalém a Festa da Dedicação. 23 Era o inverno. Jesus passeava no templo, no At 3.11;5.12Pórtico de Salomão. 24 Cercaram-no Jo 1.19;Jo 10.31,33os judeus e perguntaram-lhe: Até quando nos deixarás suspensos? Se tu és o Cristo, dize-no-lo cp.Jo 16.25;Lc 22.67francamente. 25 Respondeu-lhes Jesus: cp.Jo 8.56,58Eu vo-lo disse, e não credes; Jo 5.36;Jo 10.38as obras que eu faço em nome de meu Pai dão testemunho de mim; 26 mas vós não credes, porque cp.Jo 8.47não sois das minhas ovelhas. 27 As minhas ovelhas Jo 10.16;Jo 10.4ouvem a minha voz; Jo 10.14eu as conheço, e elas me seguem. 28 Eu lhes dou Jo 17.2s.;1Jo 2.25;5.11a vida eterna, e nunca jamais hão de perecer, cp.Jo 6.37,39e ninguém as arrebatará da minha mão. 29 Aquilo que meu Pai me tem dado é maior do que tudo; e ninguém pode arrebatá-lo da mão do Pai. 30 cp.Jo 17.21ss.Eu e meu Pai somos um. 31 Os judeus outra vez Jo 8.59pegaram em pedras para lhe atirar. 32 Disse-lhes Jesus: Mostrei-vos muitas obras boas da parte do Pai; por qual dessas obras ides apedrejar-me. 33 Responderam-lhe os judeus: Não te vamos apedrejar por uma boa obra, mas por Lv 24.16blasfêmia e porque, sendo tu homem, te Jo 5.18fazes Deus. 34 Replicou-lhes Jesus: Não está escrito na cp.Jo 8.17vossa Sl 82.6; cp.Jo 12.34;15.25;Rm 3.19;1Co 14.21Lei: Eu disse que vós sois deuses? 35 Se ele chamou deuses àqueles a quem foi dirigida a palavra de Deus, e a Escritura não pode falhar, 36 daquele a quem o Pai cp.Jo 6.69;Jr 1.5santificou e Jo 3.17enviou ao mundo dizeis vós: Tu blasfemas, porque eu disse: cp.Jo 10.30;Jo 5.17s.sou Filho de Deus? 37 cp.Jo 15.24;Jo 10.25Se não faço as obras de meu Pai, não me creiais; 38 mas, se as faço, embora não me creiais, crede Jo 10.25;Jo 14.11nas obras, para que conheçais e compreendais que Jo 14.10-11,20;17.21,23o Pai está em mim, e eu estou no Pai. 39 Jo 7.30De novo, procuravam prendê-lo; mas cp.Jo 8.59;Lc 4.30ele saiu das suas mãos.
40 Retirou-se, Jo 1.28outra vez, para além do Jordão, para o lugar onde João batizava no princípio; e ali ficou. 41 Muitos foram ter com ele e diziam: João, na verdade, não fez Jo 2.11milagre algum; mas Jo 1.27,30,34;3.27-30tudo quanto ele disse deste homem era verdade. 42 Jo 7.31Muitos ali creram nele.