1 ဧလိရှဲက၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။ 2 ရှင်ဘုရင်မှီခြင်းကိုခံရသောအမတ်က၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော၏။
3 ထိုအခါ မြို့တံခါးဝ၌ထိုင်လျက်ရှိသော လူနူလေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ်၌ ထိုင်ရမည်နည်း။ 4 မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင်သေရမည်ဟု တိုင်ပင်ပြီးလျှင်၊ 5 မိုးမလင်းမီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။ 6 အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊ 7 မိုးမလင်းမီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တစ်တပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ်အောင် ပြေးကြ၏။ 8 လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ၊ တဲတစ်ခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေ အဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တစ်ဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ 9 သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကို ကြားပြောရသောနေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ မိုးလင်းသည်တိုင်အောင် မပြောဘဲနေလျှင် အမှုတစ်စုံတစ်ခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သတင်းကြားပြောအံ့သောငှာ ငါတို့သည်သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊ 10 မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ရောက်၍ အဘယ်သူကိုမျှမတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြောသည်အတိုင်း၊ 11 တံခါးစောင့်တို့သည် တစ်ယောက်ကိုတစ်ယောက် ဟစ်၍၊ ထိုသတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။ 12 မိုးမလင်းမီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့သည် ငါတို့၌ အဘယ်သို့ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင်ဖမ်းပြီးမှ၊ မြို့ထဲသို့ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ်ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ထွက်၍ တော၌ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင်၊ 13 ကျွန်တစ်ယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ရောက်သော ဣသရေလ အမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြီးမှ၊ 14 ရထားမြင်းနှစ်စီးကိုယူပြီးလျှင် သွား၍ကြည့်ရှုလော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊ 15 ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ်တန်ဆာတို့သည် လမ်း၌ပြည့်လျက်ရှိကြ၏။ စေလွှတ်သူတို့သည် ပြန်လာ၍ နားတော်လျှောက်ကြ၏။ 16 ထိုအခါ မြို့သားတို့သည်ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရောင်းကြ၏။ 17 ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည်၊ အမိန့်တော်တိုင်း တံခါးတော်ကိုစောင့်သည်တွင်၊ ထွက်ဝင်သောသူတို့နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင်ရောက်လာသောအခါ ပြောဆိုနှင့်သည်အတိုင်း၊ ထိုအမတ်သေလေ၏။ 18 ဘုရားသခင်၏လူက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ရှင်ဘုရင်အားဆင့်ဆိုသည်အတိုင်း ဖြစ်၏။ 19 အမတ်ကလည်း၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြောသည်အတိုင်း၊ 20 ထိုအမတ်၌ဖြစ်၏။ မြို့တံခါးဝမှာ မြို့သားတို့နင်းခြင်းကို ခံရ၍သေလေ၏။
1 Disse Eliseu: Ouvi a palavra de Jeová; assim diz Jeová: 2Rs 7.18Amanhã, mais ou menos a estas horas, dar-se-á uma medida de flor de farinha por um siclo, e, por um siclo, duas medidas de cevada, na porta de Samaria. 2 2Rs 7.17,19;5.18O capitão, a cuja mão estava o rei encostado, respondeu ao homem de Deus: Gn 7.11;Ml 3.10Ainda quando Jeová fizesse janelas no céu, poderia isso suceder? Eliseu disse: Eis que tu verás com os teus olhos, porém não comerás.
3 Quatro homens Lv 13.45-46;Nm 5.2-4;12.10-14leprosos estavam à entrada da porta, os quais disseram uns aos outros: Por que ficamos nós sentados aqui até morrermos? 4 Se dissermos: Entremos na cidade, há fome ali, e morreremos; e, se ficarmos sentados aqui, também morreremos. Vamo-nos e passemo-nos para o 2Rs 6.24arraial dos siros; se nos deixarem viver, viveremos; e, se nos tirarem a vida, morreremos. 5 Levantaram-se, no crepúsculo, para irem ao arraial dos siros; e, tendo eles chegado à entrada do arraial, eis que não havia ali ninguém. 6 Porque 2Sm 5.24o Senhor fizera ouvir no arraial dos siros um estrondo de carros, um estrondo de cavalos, e um estrondo de um grande exército; e disseram uns aos outros: Eis que o rei de Israel alugou contra nós 1Rs 10.29os reis dos heteus e 2Cr 12.2-3;Is 31.1;36.9os reis dos egípcios, para virem sobre nós. 7 Pelo que se levantaram, e fugiram no crepúsculo, deixaram as suas tendas, e os seus cavalos, e os seus jumentos, o arraial tal como estava, e fugiram para salvarem as suas vidas. 8 Tendo os leprosos chegado à entrada do arraial, entraram numa tenda; comeram, e beberam, e Js 7.21levaram dali prata, ouro e vestidos, que foram esconder; e, tendo voltado, entraram em outra tenda, e tiraram dali objetos, que foram esconder.
9 Então, disseram uns aos outros: Não fazemos bem; este dia é dia de boas-novas, e nós nos calamos; se esperamos até à luz da manhã, castigo nos sobrevirá. Vinde, agora, 2Rs 6.30vamos informar à casa do rei. 10 Assim, vieram, e chamaram aos porteiros da cidade, e contaram-lhes, dizendo: Fomos ao arraial dos siros, e eis que não havia ali ninguém, nem voz de homem, mas somente os cavalos, e os jumentos atados, e as tendas como estavam. 11 Chamaram os porteiros e fizeram levar a nova ao interior da casa do rei. 12 O rei levantou-se de noite e disse aos seus servos: Eu vos farei saber o que os siros nos acabam de fazer. Eles sabem que 2Rs 6.25-29estamos com fome; portanto, saíram do arraial para Js 8.4-12se esconderem no campo, dizendo: Quando saírem da cidade, os apanharemos vivos e entraremos na cidade. 13 Respondeu um dos seus servos: Tomem alguns de nós cinco dos cavalos que ainda restam na cidade (Eles estão como toda a multidão de Israel que nela fica; eles estão como toda a multidão de Israel, que perece.), e enviemo-los, e vejamos. 14 Tomaram dois carros com cavalos; e o rei os enviou após o exército dos siros, dizendo: Ide e vede. 15 Foram após os siros até o Jordão; e eis que todo o caminho estava cheio de vestidos e vasos, que os siros na sua pressa tinham arrojado. Voltaram os mensageiros e deram conta ao rei.
16 Tendo o povo saído, saqueou o arraial dos siros. Assim, uma medida de flor de farinha foi vendida por um siclo, e duas medidas de cevada, por um siclo, 2Rs 7.1conforme a palavra de Jeová. 17 O rei deu a guarda da porta ao 2Rs 7.2capitão a cuja mão se encostava; o povo o atropelou na porta, e morreu como dissera o homem de Deus, 2Rs 6.32que falou quando desceu o rei a ter com ele. 18 Assim, se cumpriu o que o homem de Deus havia dito ao rei: Amanhã, mais ou menos a estas horas, se darão na porta de Samaria por um siclo duas medidas de cevada, e, por um siclo, uma medida de flor de farinha; 19 e aquele capitão respondeu ao homem de Deus: 2Rs 7.2Ainda quando Jeová fizesse janelas no céu, poderia isso suceder? E ele disse: Eis que tu verás com os teus olhos, porém não comerás. 20 Assim lhe sucedeu, porque o povo o atropelou na porta, e morreu.