1 ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံဆယ်ရှစ်နှစ်တွင်၊ အာဟပ်သားယောရံသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ 2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် မိဘကဲ့သို့ မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။ 3 သို့သော်လည်း ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်ကိုမရှောင်၊ မှီဝဲ၏။
4 မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီးဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တစ်သိန်းနှင့် အမွေးပါသော သိုးထီးတစ်သိန်းကို ဆက်ရ၏။ 5 အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။ 6 ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲကထွက်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို စာရင်းယူ၏။ 7 ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ်၍၊ မောဘမင်းကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှာ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ပြန်ပြော၏။ 8 အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟု မေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟု ပြန်ပြော၏။ 9 ထိုသို့ ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနစ်ရက်ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသောတိရစ္ဆာန်များ သောက်စရာရေမရှိ။ 10 ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆို၏။ 11 ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေးလျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက်တစ်ယောက်မျှ မရှိသလောဟုမေးလျှင်၊ ဣသရေလရှင်ဘုရင်၏ ကျွန်တစ်ယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊ 12 ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ရှိတော်မူသည်ဟု ဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။ 13 ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊ 14 ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏မျက်နှာကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။ 15 စောင်းသမားကိုခေါ်ခဲ့ဟု ဆို၍ စောင်းသမားသည်တီးသောအခါ၊ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊ 16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ်လည်၌ ဆည်ပေါင်းတို့ကို လုပ်ကြလော့။ 17 အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဖို့ လေမလာ၊ မိုးမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။ 18 ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမညအမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။ 19 သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်းသောမြေကွက်ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 20 နံနက်အချိန် ဘောဇဉ်ပူဇော်သကာကို ပူဇော်သောအခါ၊ ရေသည်ဧဒုံလမ်းဖြင့်လာ၍ တစ်ပြည်လုံးကို လွှမ်းလေ၏။
21 ရှင်ဘုရင်တို့သည် စစ်ချီ၍လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာတပ်ချကြ၏။ 22 နံနက်စောစောထသောအခါ၊ ရေပေါ်မှာနေရောင်ထင်၍၊ ပြည်တစ်ဖက်၌ ရေသည် အသွေးကဲ့သို့နီသည်ကို မောဘပြည်သားတို့သည်မြင်ကြလျှင်၊ 23 အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟုဆိုကြ၏။ 24 ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက်သဖြင့် သူတို့သည်ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။ 25 မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသောမြေကွက်ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့၍၊ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကိုချန်ထားရာတွင်၊ လောက်လွှဲသမားတို့သည် ဝိုင်း၍ပစ်ကြ၏။ 26 မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကိုသိသောအခါ၊ ဓားကိုင်သောသူခုနစ်ရာကိုခေါ်၍ ဧဒုံရှင်ဘုရင်၏တပ်ကိုဖျက်မည်ဟု အားထုတ်သော်လည်း မဖျက်နိုင်။ 27 နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သောသားဦးကိုယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတစ်ပါးအမျက်ထွက်ခြင်းကို ခံရသောကြောင့်၊ ထိုပြည်ကိုထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။
1 Ora, Jorão, filho de Acabe, começou a reinar sobre Israel, em Samaria, no 2Rs 1.17décimo oitavo ano de Josafá, rei de Judá, e reinou doze anos. 2 Fez o mal aos olhos de Jeová; porém não tanto como seu pai nem sua mãe, pois 2Rs 10.18,26-28;Êx 23.24tirou a coluna de Baal que 1Rs 16.31-32seu pai tinha feito. 3 Todavia, 1Rs 12.28-32se apegou aos pecados de Jeroboão, filho de Nebate, 1Rs 14.9,16com que este fez pecar a Israel; não se apartou deles.
4 Ora, Mesa, rei de Moabe, era criador de ovelhas e 2Sm 8.2;Is 16.1-2pagava seu tributo ao rei de Israel com a lã de cem mil cordeiros e de cem mil carneiros. 5 2Rs 1.1Quando, porém, Acabe morreu, rebelou-se o rei de Moabe contra o rei de Israel. 6 O rei Jorão saiu, nesse tempo, de Samaria e fez revista de todo o Israel. 7 Mandou dizer a Josafá, rei de Judá: O rei de Moabe rebelou-se contra mim; irás comigo à guerra contra Moabe? Respondeu ele: Subirei; 1Rs 22.4como tu és, sou eu; o meu povo, como teu povo; os meus cavalos, como os teus cavalos. 8 Então, perguntou Jorão: Por que caminho havemos de subir? Respondeu ele: Pelo caminho do deserto de Edom. 9 2Rs 3.1Partiram o rei de Israel, o 2Rs 3.7rei de Judá e o 1Rs 22.47rei de Edom; e andaram rodeando com uma marcha de sete dias; não havia água para o exército nem para as bestas que os seguiam. 10 Disse o rei de Israel: Ai! Jeová chamou estes três reis para os entregar nas mãos de Moabe. 11 Perguntou, porém, Josafá: 1Rs 22.7Não há aqui algum profeta de Jeová, para, por meio dele, consultarmos a Jeová? Respondeu um dos servos do rei de Israel: Aqui está 2Rs 2.25Eliseu, filho de Safate, 1Rs 19.21;Jo 13.4-5,13-14que derramava água sobre as mãos de Elias. 12 Disse Josafá: A palavra de Jeová está com ele. Desceram a estar com ele o rei de Israel, o rei de Judá e o rei de Edom.
13 Ez 14.3-5Eliseu disse ao rei de Israel: Que tenho eu contigo? 1Rs 18.19;22.6-11,22-25Vai ter com os profetas de teu pai e com os profetas de tua mãe. Respondeu-lhe o rei de Israel: Não; porque Jeová chamou estes três reis para os entregar nas mãos de Moabe. 14 Disse Eliseu: 2Rs 5.16;1Rs 17.1Pela vida de Jeová, em cuja presença estou, se não fosse respeitar eu a presença de Josafá, rei de Judá, sem dúvida, não te daria atenção, nem te veria. 15 Agora, porém, 1Sm 16.23;1Cr 25.1trazei-me um menestrel. Quando o menestrel tocava, veio 1Rs 18.46;Ez 1.3a mão de Jeová sobre Eliseu. 16 Ele disse: Assim diz Jeová: Enchei este vale de covas. 17 Pois assim diz Jeová: Não sentireis vento, nem vereis chuva; contudo, este vale se encherá de água; e bebereis vós, e os vossos servos, e as vossas bestas. 18 Isso é ainda pouco aos olhos de Jeová; ele também entregará os moabitas nas vossas mãos. 19 2Rs 3.25Ferireis todas as cidades fortalecidas e todas as cidades escolhidas, e cortareis todas as árvores boas, e entupireis todas as fontes de água, e danificareis com pedras todos os terrenos bons. 20 Pela manhã, Êx 29.39-40ao tempo de se oferecer a oblação, eis que vinham as águas pelo caminho de Edom, e a terra se encheu de água.
21 Quando todos os moabitas ouviram que os reis haviam subido para pelejarem contra eles, convocaram-se a si mesmos, a saber, todos os que estavam em idade de pegar armas e mesmo para cima, e esperaram nas fronteiras. 22 Levantando-se de madrugada, e raiando o sol sobre as águas, viram os moabitas diante de si as águas vermelhas como sangue. 23 Disseram: É sangue; sem dúvida, os reis são destruídos e, de parte a parte, se mataram; agora, ó Moabe, à presa. 24 Tendo os moabitas chegado ao arraial de Israel, levantaram-se os israelitas e feriram-nos, de modo que fugiram diante deles; e os israelitas entraram na terra, ferindo aos moabitas. 25 2Rs 3.19Arrasaram as cidades; sobre todos os bons terrenos, lançaram cada um a sua pedra, e os entulharam; entupiram todas as fontes de água e cortaram todas as boas árvores, até que só a Is 16.7;Jr 48.31,36Quir-Haresete lhe deixaram ficar as pedras. Contudo, os fundeiros a cercaram e a feriram. 26 Vendo o rei de Moabe que a peleja lhe ia sendo adversa, tomou consigo setecentos homens que puxavam de espada, para abrir caminho até o rei de Edom; porém não puderam. 27 Então, ele tomou seu filho primogênito, que havia de reinar em seu lugar, e o Am 2.1;Mq 6.7ofereceu em holocausto sobre o muro. Suscitou-se grande ira contra Israel; retiraram-se dele e voltaram para sua terra.